လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အပူပိုင်းဇုန် ဒေသအတွင်း ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သ တင်းရရှိသည်။
အဆိုပါစီမံကိန်းမှ လက်ရှိဆောင်ရွက်နေသော ချောင်းမကြီးဆည်နှင့် နတ်မောက်ဆည်ရေသောက် ဧရိယာများ အပါအဝင် လျာထားစီမံကိန်း (၁၁) ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ စီမံကိန်းဒေသနေ ပြည်သူများ ရေကို စနစ်တကျ စီမံခန့်ခွဲ အသုံးချနိုင်ရေးနှင့် တောင်သူများထံ ပိုမိုကောင်းမွန် သည့် စိုက်ပျိုးနည်းစနစ်များ ပေးနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးထားကြောင်း အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။
“ စီမံကိန်းအတွင်းမှာ စိုက်ပျိုးရေး၊ ဆည်မြောင်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတွေ ထည့်သွင်ရေးဆွဲထားမှု အ ခြေအနေတွေအပြင် လုပ်ငန်းတွေ ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ ပါဝင်တယ်” ဟု ၎င်းက ပြော သည်။
ဆက်လက်ဖတ်ရှု့ရန်..
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်