စိုက်ပျိုးသုတ နိုဝင်ဘာလ
နိုဝင်ဘာလသည် မိုးစပါးစိုက်ခင်းအများစု အောင်မြင်ရင့်မှည့်သည့်ကာလ ဖြစ် သည်။ လယ်မြေ၊ ယာမြေတို့တွင်သာမက မြစ်ရေကျချိန် ကိုင်းကျွန်းမြေတို့မှာ ဆောင်းရာသီသီးနှံများ စိုက်ပျိုးသင့်သည့်အချိန်လည်း ဖြစ်ပါသည်။
စိုက်ပျိုးသည့်သီးနှံများ ထုတ်လုပ်မှုမြင့်မားရေးအတွက် သိရှိသင့်သည်များနှင့် ပတ်သက်၍ သုတပေးလိုပါသည်။
၁။ ဆောင်းသီးနှံများ
နိုဝင်ဘာလတွင် ဆောင်းသီးနှံများကို စိုက်ပျိုးရန်ဖြစ်သည်။ ယာမြေတွင် မိုးယာသီးနှံများ ရိတ်သိမ်းအပြီး၊ လယ်မြေတွင် မိုးစပါးရိတ်သိမ်းအပြီး စိုက်နိုင်ပါသည်။
ယာမြေနှင့် လယ်မြေတို့တွင် စိုက်ပျိုးခြင်းဖြင့် စပါး-မတ်ပဲ၊ စပါး-ပဲတီစိမ်း၊ စပါး-ပဲလွမ်း၊ စပါး-ပဲပုပ်၊ စပါး-ကုလားပဲ၊ စပါး-နေကြာ၊ စပါး-မြေပဲ-စသည့်သီးနှံပုံစံများဖြင့် သီးနှံထုတ်လုပ်မှုမြင့်မားကာ ဝင်ငွေတိုးစေမည်ဖြစ်ပါသည်။
စိုက်ပျိုးရာတွင် ရေမြေဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒါဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် အရည်သွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ အပင်ပေါက် (၈၅%) အထက်ရှိရမည့်ပြင် မျိုးစေ့ဆောင်ရောဂါများ ပါဝင်မှုမရှိစေရပါ။
ထို့ပြင် စိုက်စနစ်မှန်ဖို့လိုသည်။ စိုက်ချိန်မှန်ဖို့လိုသည်။ မြေသြဇာအသုံးပြုကာ ပိုးမွှားရောဂါတို့ကိုလည်း ကာကွယ်နှိမ်နှင်းရမည် ဖြစ်ပါသည်။
သို့ဖြစ်၍ စိုက်ပျိုးသည့်သီးနှံသည် မြေပဲနှင့် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးဖြစ်ပါက မျိုးစေ့ကို သက်ဆိုင်ရာပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်တတ်သည်။ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ပင်စည်ထိုးပိုး(Stem Fly)ကျရောက်တတ်သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် မျိုးစေ့ကိုသင့်တော်ရာ ဆေးဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။
သီးနှံတစ်မျိုးခြင်းအနေဖြင့် အထူးပြုပြောကြားလိုသည်မှာ
မြေပဲသီးနှံကို နုံးမြေ နှင့် သဲနုံးမြေတို့တွင် စိုက်သင့်သည်။ ရေထုတ်ရန် လွယ်ကူပြီး ရေစိမ့်စီးဆင်းမှုကောင်းမွန်သောမြေ ဖြစ်သင့်ပါသည်။
နေကြာသီးနှံကို ထယ်ရေးနက်နက် ထွန်ရေးညက်ညက်မြေပြုပြင်ပြီး မြေအစိုဓာတ် လုံလောက်စွာရှိစဥ် စိုက်ပျိုးသင့်ပါသည်။
မတ်ပဲနှင့် ပဲတီစိမ်းသီးနှံတို့ကို ရေထုတ်ရန် လွယ်ကူသောမြေတွင် မြေတွင်း အစိုဓာတ်မဆုတ်ယုတ်မီ စိုက်ပျိုးသင့်ပါသည်။
ပဲလွမ်းသီးနှံသည် အကြမ်းခံပြီး မြေမရွေးဖြစ်ထွန်းနိုင်၍ ရေသွင်းရေထုတ်ကောင်းမွန်သည့် လယ်နှင့် ယာမြေတို့တွင် စိုက်ပျိုးနိုင်ပါသည်။
ကုလားပဲသီးနှံတွင် ရေငတ်ဒဏ်၊ အပူဒဏ်၊ အပင်ညှိုးသေရောဂါဒဏ်နှင့် သိုလှောင်ပိုးဒဏ်တို့ကို ခံနိုင်ရည်ရှိသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
ပဲပုပ်သီးနှံကို လယ်မြေတွင် စိုက်ပျိုးနိုင်သည်။ မြစ်ရေကျချိန် ကိုင်းကျွန်းမြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ ပဲပုပ်ချည်းသီးသန့်စိုက်နိုင်သည်။ အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံတို့နှင့် သီးညှပ်အဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ ပဲပုပ်သည် ဆောင်းရာသီတွင် တိုးချဲ့စိုက်ပျိုးသင့်သည့်သီးနှံတစ်မျိုး ဖြစ်ပါသည်။
၂။ မိုးစပါးသီးနှံ
စိုက်ချိန်စောသည့် လယ်မြေများသည် မိုးစပါးရိတ်ချိန်သို့ ရောက်မည်ဖြစ်ပါသည်။ စပါးပင်တွေက ပွင့်သီးပေးသောအနှံတွင်ရှိ စပါးစေ့အားလုံး အိမ်သို့ ရောက်ရှိစေလိုသည်။ သို့ဖြစ်၍ ရိတ်သိမ်းချိန်မှန်၍ ခြွေလှေ့နည်းစနစ်မှန်ရန် လိုပါသည်။ စပါးအလေအလွင့် နည်းပါးစေရေးနှင့် စပါးအထွက်မြင့်မားရေးအတွက် ဖြစ်ပါသည်။
စပါးအနှံများရှိ စပါးစေ့များ၏ ၈၀ ကနေ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင် ဖြစ်ပေါ်ချိန်သည် စပါးရိတ်သင့်သောရိတ်သိမ်းချိန်မှန် ဖြစ်ပါသည်။ ထိုအချိန်တွင် စပါးနှံ အောက်ခြေတွင် ကောက်ရိုးရောင် မဖြစ်ပေါ်သေးဘဲ အစိမ်းရောင်ဖြစ်ပေါ်နေသေးသော စပါးစေ့များရှိနေနိုင်ပါသေးသည်။ စပါးရိတ်သိမ်းသင့်သော မောင်းညိုချိန် ဖြစ်ပါသည်။
စပါးရိတ်သိမ်းသည်မှ ခြွေလှေ့၊ သန့်စင်၊ ကျီ၊ ပုပ်ထဲရောက်သည်အထိ လေလွင့်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။

၃။ ချည်မျှင်ရှည်ဝါသီးနှံ
ဝါပင်သက်တမ်း(၂)လအတွင်းရှိသည့် စိုက်ခင်းများတွင် ပေါင်းမြက်နှိမ်နင်းရေး အထူးဆောင်ရွက်သင့်သည်။ ထို့ပြင် ကြားထွန်ဝင်ခြင်းကို(၁၅)ရက်တစ်ကြိမ်(သို့မဟုတ်) ရေသွင်းပြီး၊ မိုးရွာပြီးချိန်တို့တွင် ဆောင်ရွက်ရန် လိုပါသည်။
ပိုးမွှားရောဂါကျရောက်ပြီး အထွက်နှုန်းထိခိုက်လျော့နည်းမှုမရှိစေရန် ဝါပင် သက်တမ်းတစ်လျှောက်အတွင်း ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ်ဖြင့် ဆောင်ရွက်သင့်ပါသည်။
၄။ ကြံသီးနှံ
မြေတွင်းအစိုဓာတ်ကျန်ရှိမှုအရ ထယ်ရေးညက်ညက်နှင့် နက်နက်ရအောင် မြေပြုပြင်ပြီး နိုဝင်ဘာလတွင် ကြံသီးနှံကို စတင်စိုက်ပျိုးသင့်သည်။ မြေပြင်ချိန်တွင် နွားချေးကို စိုက်ကွက်အတွင်း သမအောင် ထည့်ရန် ဖြစ်သည်။ ထို့အတူ ယူရီးယား၊ တီစူပါနှင့် ပိုတက် ဓာတ်မြေသြဇာတို့ကို မြေခံတွင် စိုက်မြောင်းအတွင်း ထည့်ပေးသင့်ပါသည်။
အပင်ပေါက်ကောင်းရန် ကြံပင်အဖျားပိုင်းနှင့် အလယ်ပိုင်းကိုသာ မျိုးအဖြစ် အသုံးပြုသင့်သည်။ လတ်ဆက်ပြီး ရောဂါ၊ ပိုးမွှား ကင်းစင်သောမျိုးပိုင်းများကိုသာ ရွေးချယ် စိုက်ပျိုးရန် ဖြစ်ပါသည်။
နိုဝင်ဘာလတွင် ဆောင်းသီးနှံများကိုစိုက်ပျိုးရန်နှင့် ကြံသီးနှံကိုစတင်စိုက်ပျိုးရန် ဖြစ်သည်။ စိုက်ပျိုးထားရှိသော ချည်မျှင်ရှည်ဝါသီးနှံ ဖြစ်ထွန်းရန်လည်း လိုသည်။ သီးနှံများအတွက် စိုက်ပျိုးပြုစုခြင်းလုပ်ငန်းစဥ်အားလုံးကို အောင်မြင်အောင်ဆောင်ရွက်၍ စိုက်ပျိုးထုတ်လုပ်မှုမှ ဝင်ငွေအကျိုးအမြတ် ရရှိကြစေလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from Soe Myint
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....