လေထုညစ်ညမ်းမှု ဆိုးရွားလာနေ

03/04/2020 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ထိုင်း၊ လာအို၊ မြန်မာမှ မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် မီးခို့ငွေ့ ကာဗွန်များ လေထုအတွင်း ပျံ့နှံ့နေပါတယ်။ စစ်ကိုင်းတိုင်း ဘုတလင်၊ တန့်ဆည်၊ အရာတော်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ကာဘိုး၊ ဇီးကုန်း၊ ထန်းတပင်၊ ထန်းကုန်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ချပ်သင်း၊ ချပ်ကြီး၊ ဝန်းသို၊ ကောလင်း၊ ကသာ၊ ပင်လယ်ဘူး၊ မကွေးတိုင်းမှ ဂန့်ဂေါမြို့တို့သည် လေထုအရည်အသွေး အဆိုးရွာဆုံးဖြစ်ပြီး ကျန်းမာရေးနှင့် လုံးဝညီညွတ်နိုင်ဖွယ်မရှိပါဘူး။ ကာဗွန်မိုနောက်ဆိုဒ်များကြောင့် မျက်စိစပ်ခြင်း၊ မူးဝေခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုပ်ဝေဒနာရှင်များ အထူးသတိထား ကြည်ရှူစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်....။ ၂/၀၄/၂၀၂၀ နံနက် (၆: ၄၃) 

Source - SU SU SAN (ရာသီဥတုအခြေအနေမျှဝေကြမယ်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်