ကန္တာရကျိုင်းကောင်(နှံကောင်) (Desert Locust) အန္တရာယ်နှိုးဆော်ချက်

01/07/2020 15:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ကန္တာရကျိုင်းကောင်(နှံကောင်) (Desery Locust) မှာ သိပ္ပံအခေါ် Schistocerca gregaria ဖြစ်ပြီး နှံကောင်မျိုးနွယ်ဝင်ဖြစ်ပါသည်။ ၎င်းတို့သည် သဲကန္တာရဆန်သောမြေများတွင် အုချလေ့ရှိပြီး လိုအပ်သောအစိုဓာတ်ရရှိသည်နှင့် နှံကောင်ငယ်များ ပေါက်ပွားလာပေသည်။ အတောင်ပေါက်၍ ပျံနိုင်သည့်အဆင့်သို့ရောက်ရှိလာသည့် နှံကောင်အုပ်စုငယ်များ အုပ်စုတစ်စုနှင့်တစ်စု စုပေါင်းမိကြသည့်အခါ ရှည်လျားသည့်နှံကောင်အုပ်စုကြီးများအဖြစ် မိုင်ထောင်ပေါင်းများစွာ ပျံသန်းသွားနိုင်၍ သွားရာလမ်းတစ်လျှောက် စိမ်းစိမ်းမြင်သမျှ အကုန်စားသောက်ဖျက်ဆီးတတ်ပါသည်။

ကန္တာရကျိုင်းကောင်(နှံကောင်)များ၏ ပေါက်ပွားရာဒေသမှာ အာဖရိကတိုက်အလယ်ပိုင်းမှတစ်ဆင့် ပါကစ္စတန်၊ အိန္ဒိယတို့ရှိ ကန္တာရလွင်ပြင်များသို့ ရောက်ရှိလာပြီး လေကြောင်းလမ်းအတိုင်း နီးစပ်ရာနိုင်ငံပေါင်းများစွာသို့ ချင်းနင်းဝင်ရောက်တိုက်ခိုက်တတ်ပါသည်။

စားသောက်ဖျက်ဆီးပုံသဘာဝ

နှံကောင်ကြီးများ၏သက်တမ်းမှာ (၃ မှ ၅) လရှိပြီး နှံကောင်အုပ်စုများသည် လေစုန်တနေ့လျှင် (၅၀မှ ၁၀၀) ကီလိုမီတာအထိ ပျံသန်းနိုင်ကြပြီး သီးနှံမျိုးစုံ အကုန်စားသောက်ဖျက်ဆီးတတ်ပါသည်။

မြန်မာနိုင်ငံသို့ ကျူးကျော်လာနိုင်သည့်အန္တရာယ်

မြန်မာနိုင်ငံတွင် နှံကောင်အုပ်စုများ ကျရောက်ဖျက်ဆီးမှုသာဓကမရှိသေးသော်လည်း အနောက်ဘက်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် ကျရောက်ဖျက်ဆီးခဲ့သည့် အထောက်အကူများရှိနေပြီးဖြစ်ပါသဖြင့် လက်တကမ်းအကွာအဝေး၌ရှိနေသော အန္တရာယ်ကို အစဉ်သတိရှိစွာဖြင့် စောင့်ကြည့်သွားရန်လိုအပ်ပါသည်။ (၁၉၈၂)ခုနှစ်တွင်လည်း အလားတူနှိုးဆော်ချက် ထုတ်ခဲ့ဖူးပါသည်။

သတိထားစောင့်ကြည့်ရမည့်ဒေသများ

ကန္တာရကျိုင်းကောင်( နှံကောင်)များ ဖြတ်သန်းဝင်ရောက်လာနိုင်မည့် အန္တရာယ်ကို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ အောက်ပါဒေသများတွင် သတိထားစောင့်ကြည့်ရန် သတ်မှတ်ပါသည် 

(က) ရခိုင်ပြည်နယ် 

မောင်းတော 

ဘူးသီးတောင်

ရသေ့တောင်

စစ်တွေ

ကျောက်ဖြူ

(ခ) ချင်းပြည်နယ်

တွန်းဇံ

ထန်တလန်

ပလက်ဝ

(ဂ) စစ်ကိုင်းတိုင်း

လေရှီး

ဟုမ္မလင်း

တမူး

(ဃ) ကချင်ပြည်နယ်

ပူတာအို 

မချမ်းဘော

ဆက်သွယ်ရမည့် ဌာနများ

ကန္တာရကျိုင်းကောင်(နှံကောင်)များတွေ့လျှင် တွေ့ရှိခြင်း ထိရောက်သောနှိမ်နင်းမှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနအဆင့်ဆင့်နှင့် ဆက်စပ်အဖွဲ့အစည်းများကို ချက်ခင်းအကြောင်းကြားရန်ဖြစ်ပါသည်။

*အစိမ်းရောင်လမ်းဆော့ဝဲ လူရုပ်ပုံထဲတွင် ဆက်သွယ်ရန်လိပ်စာများဟူ၍ပါရှိသည် ဖုန်းနံပါတ်များကို ရယူပါ။*

ကန္တာရကျိုင်းကောင် (နှံကောင်)၏ ရုပ်သွင်ပြင် လက္ခဏာ 

ကန္တာရကျိုင်းကောင် ( နှံကောင်)ကို စစ်ဆေးသိရှိနိုင်ရန် အတွက် ရုပ်သွင်ပြင်လက္ခဏာကို အောက်တွင် ရှင်းလင်းဖော်ပြထားပါသည် ။ အကောင်ကြီးများ၏ အရွယ်အစားမှာ အထီး ( ၄- ၅) စင်တီမီတာ ၊ အမ( ၅-၆) စင်တီမီတာ ရှည်လျားပြိး အဝါရင့်ရောင် ( သို့မဟုတ်) ပန်းရောင်ရှိပါသည် ။ အတောင်တွင် အညိုရင့်ရောင်အပြောက်များတွေ့ရှိရပါသည်။

ကန္တာရကျိုင်းကောင်(နှံကောင်) (Schistocerca gregaria)

(A) ကန္တာရ နှံကောင် အကောင်ငယ် နောက်ဆုံးအဆင့် ( Gregarious) အုပ်စုဖွဲ့နေခြင်း

(B) ကန္တာရ နှံကောင် အကောင်ကြီး (Gregarious ) အုပ်စုဖွဲ့နေခြင်း

(C) ကန္တာရ နှံကောင် အကောင်ငယ် နောက်ဆုံးအဆင့် (Solitarious) ထီးတည်းနေခြင်း

(D) ကန္တာရ နှံကောင် အကောင်ကြီး (Solitarious ) ထီးတည်းနေခြင်း

စိုက်ပျိုးရေးဦးစီးဌာန

သီးနှံကာကွယ်ရေးဌာနခွဲ (www.ppdmyanmar.org)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်