ပန်းသီးမှာ ကျရောက်တတ်တဲ့ အနာဖေးရောဂါ

25/08/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပန်းသီးပင် (Malus spp.) နဲ့  hawthorns (Crataegus spp.) မျိုးစိတ်ကဲ့သို့သော နှင်းဆီမျိုးရင်းဝင် အပင်တွေဟာ ရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်မရှိတဲ့ အပင်တွေဖြစ်ကြပါတယ်။ ဒါနဲ့ပတ်သတ်တဲ့ သတင်းကောင်းတစ်ခုကတော့ ဒီရောဂါတွေကို ကြိုတင်ကာကွယ် တားဆီးနိုင်တာပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်း ၎င်းရောဂါတွေဟာ ဖြစ်ပွားတဲ့လက္ခဏာ မတွေ့ရသည့်တိုင်အောင် သီးနှံတွေရဲ့ ပြင်ပအသွင်အပြင်ကို ထိခိုက်စေတတ်တာ ဖြစ်ပါတယ်။  ဒါ့ကြောင့် စီးပွားဖြစ်ပေါများစွာ စိုက်ပျိုးတဲ့သူတွေကတော့ စျေးကွက်တန်းဝင်ဖို့အတွက် ၎င်းတို့သီးနှံတွေရဲ့ ပြင်ပရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ထိခိုက်မှုတွေမရှိအောင် ကာကွယ်လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။ 

ပန်းသီးပင်မှာ ကျရောက်တဲ့ ရောဂါတွေကို ခွဲခြားသိရှိနိုင်ဖို့အတွက် လေ့လာဆန်းစစ်ခြင်းဟာ ဆိုးရွားတဲ့အခြေအနေတွေကို ကိုင်တွယ်ဖို့ရာအတွက် ပထမအဆင့်ဖြစ်ပါတယ်။ သို့ပေမဲ့ မှန်ကန်သင့်တော်တဲ့ မျိုးတွေကို ဝယ်ယူစိုက်ပျိုးခြင်းနဲ့ ကောင်းမွန်တဲ့ စိုက်ပျိုးနည်းစနစ်များနဲ့အတူ စိုက်ခင်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ထိုကဲ့သို့သော အခြေအနေတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

မှိုတွေဟာဆိုရင် ပန်းသီးပင်တွေမှာ အများဆုံးကျရောက်လေ့ရှိတဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ရောဂါတွေ့ရှိမှ ကုသတာထက် ကြိုတင်ကာကွယ်ခြင်းဟာ ပိုကောင်းပါတယ်။ မှိုတွေဟာ ရောဂါကျရောက်နေတဲ့ အပင်ကနေ ကျန်းမာတဲ့အပင်တွေဆီကို လေကနေတဆင့် ပျံ့နှံ့ကူးစက်နိုင်ပြီး စိုစွတ်တဲ့ အခြေအနေမှာ ကောင်းစွာရှင်သန်နိုင်တာကြောင့် ရောဂါတွေဆိုးဆိုးရွားရွား မကျရောက်စေဖို့အတွက် စိုက်ခင်းမြေတွေမှာ ရေစီးရေလာကောင်းမွန်စေဖို့၊ သင့်လျော်တဲ့ အပင်အကွာအဝေး ထားရှိစိုက်ပျိုးဖို့နဲ့ ရောဂါကျရောက်နေတဲ့ အပင်အစိတ်အပိုင်းတွေကို တွေ့ရှိတာနဲ့ တပြိုင်နက် ဖယ်ရှားဖျက်ဆီးပေးဖို့ စတာတွေ ပြုလုပ်ထားနိုင်ပါတယ်။ 

ဆိုတော့ ဒီနေ့မှာ ပန်းသီးပင်မှာကျရောက်တတ်တဲ့ အနာဖေးရောဂါအကြောင်းကို ပြောပြပေးပါ့မယ်။

ပန်းသီးအနာဖေးဖြစ်စေတာဟာ Venturia inaequalis မှိုကြောင့် ဖြစ်ပါတယ်။ အနာဖေးရောဂါကျရောက်တဲ့အခါ နွေဦး သို့မဟုတ် နွေဦးအလယ်လောက်မှာ ပန်းသီးပင်ရဲ့ အရွက်သစ်တွေပေါ်မှာ ဒဏ်ရာအနာပုံစံကို ပထမဆုံး ရောဂါလက္ခဏာအနေနဲ့ တွေ့ရှိရမှာပါ။ အနာတွေဟာ အရွက်ရဲ့အရောင်ထက်ကို ပိုပြီးအရောင်ရင့်မှာ ဖြစ်ပါတယ်။ အရွက်ရဲ့အောက်ဘက်မှာဆိုရင်တော့ ဒဏ်ရာတွေဟာ သံလွင်သီးရောင်ရှိမှာဖြစ်ပြီး အရွက်ရဲ့ထိပ်မှာဆိုရင်တော့ အမည်းရောင် ပြောင်းလာမှာဖြစ်ပါတယ်။ 

ရောဂါကျရောက်နေတဲ့ အရွက်တွေဟာ နွေရာသီရောက်တဲ့အခါ ကြွေကျသွားမှာဖြစ်ပါတယ်။ အပင်က အသီးသီးလာပါက ပန်းသီးတွေမှာ ညိုမည်းပြီး အနာဖေးတွေ တွေ့ရမှာဖြစ်ပါတယ်။ ကံကောင်းတာကတော့ ပန်းသီးတွေမှာ အနာဖေးတွေရှိနေပေမဲ့လည်း အများအားဖြင့်တော့ စားသုံးလို့ရတာပဲ ဖြစ်ပါတယ်။ 

တနိုင်တပိုင် စိုက်ပျိုးတဲ့သူတွေအနေနဲ့ကတော့ ပန်းသီးအနာဖေးမဖြစ်အောင် အလွယ်တကူကာကွယ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပျံ့နှံ့ရခြင်းရဲ့ အကြောင်းရင်းက သတိမပြုမိတာနဲ့ စိုက်ခင်းပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းတာတွေကြောင့်သာ ဖြစ်ပါတယ်။ ရောဂါစတင်ဖြစ်ပွားတဲ့ နေရာသေးသေးလေးကို သတိမပြုမိတာကြောင့် ဒီရောဂါပျံ့နှံ့လာရတာဖြစ်ပါတယ်။ ဒီရောဂါရဲ့ တကယ့်ပြဿနာက စိုက်ပျိုးရာသီအကုန်မှာ ရောဂါကျရောက်နေတဲ့အရွက်တွေ မြေပြင်ပေါ်ကြွေကျပြီး ဆောင်းရာသီတစ်ခုလုံးမှာ စိုက်ခင်းထဲ ရှိနေတာကြောင့် ဖြစ်ပါတယ်။ 

ရောဂါကျနေတဲ့ အရွက်တွေဟာ ဆောင်းရာသီတစ်တွင်းလုံး ရှိနေပြီးတဲ့နောက် နွေဦးရောက်တဲ့အခါ အပင်တွေကို ကျူးကျော်ဝင်ရောက်ပြီး ရောဂါစတင်ဖြစ်ပွားတာ ဖြစ်ပါတယ်။ စိုစွတ်တဲ့ မိုးရာသီဟာ ရောဂါဖြစ်ပွားဖို့ အခြေအနေပေးတာဖြစ်ပါတယ်။ မှိုစပိုးတွေဟာ လေကနေတဆင့် အရွက်သစ်တွေပေါ်ကို ရောက်ရှိပြီး အပင်တွေကို ကူးစက်စေတာကြောင့်ဖြစ်ပါတယ်။ 

အနာဖေးရောဂါကို ခံနိုင်ရည်ရှိတဲ့ ပန်းသီး မျိုးတွေကတော့ 

  • Crimson Crisp
  • Gold Rush
  • Mac-Free စတာတွေ ဖြစ်ပါတယ်။ 

နောက်နေ့တွေမှာ ပန်းသီးတွေမှာ ကျရောက်တတ်တဲ့ တခြားရောဂါတွေကို ဖော်ပြပေးသွားပါ့မယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်