အစားအသောက်အကြွင်းအကျန်များနဲ့ပြုလုပ်သော မြေဆွေး၏ အပင်ပေါ်အကျိုးသက်ရောက်မှု

04/07/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၈)

အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့်ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေးတိုးစေသည် (၁ဝ) 

အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲမှု (၅ဝ%) လျှော့ချသုံးနိုင်ရန် ဇီဝနှိုးဆွစားကြွင်းစားကျန်မြေဆွေးများ ဖြည့်စွက်အသုံးပြုပါ။ 

ဘာကြောင့် သုံးသင့်တာလဲ?

အင်အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ%) သုံးစွဲမှု လျှော့ချပြီး အပင်အတွက်လိုအပ်သော သတ်မှတ် နိုက်ထရိုဂျင်နှုန်း (Recommended nitrogen dose, RND) ထားအတိုင်း ပြန်လည်ရရှိရန် နိုက်ထရိုဂျင်ကြွယ်ဝသော ဇီဝနှိုးဆွစားကြွင်းစားကျန်မြေဆွေးများ ဖြည့်စွက်သုံးခြင်းသည် မြေအဆီသြဇာကောင်းခြင်း၊ အပင်များ ကြီးထွားမှု၊ အထွက်နှင့် အရည်အသွေးကိုတိုးစေသည်။ 

စားကြွင်းစားကျန်မြေဆွေးများ၏ အပင်အကျိုးပြု ဇီဝကမ္မဖြစ်စဥ်

အပင်အကျိုးပြု ဇီဝကမ္မဖြစ်စဥ် 

ဟူးမစ်အက်ဆစ်သည် လေဖြင့် မြေဆွေးခြင်းဖြစ်စဥ်မှ ရသည်။ အပင်ကြီးထွားစေသည်။ ရေထိန်းသည်။ အာဟာရဓာတ်ကြွယ်ဝစေသည်။ ရောဂါအကျနည်းစေသည်။ ဟူးမစ်အက်ဆစ်လုပ်ငန်းများသည် ဖီနောလစ်၊ ကာဘိုဇိုင်းလစ်အုပ်စုနှင့် ဆက်နွှယ်နေသည်။ ဟူးမစ်အက်ဆစ်၏ အကျိုးပြုမှုကို ထောက်ကူသည်။   (Zhou et al.,2014)

ဘာကြောင့် အခြေခံစားကြွင်းစားကျန်များကို မြေဆွေးပြုလုပ်ရာတွင် ထုထည်ပွားပစ္စည်းများထည့်ရတာလဲ?

ထုထည်ပွားပစ္စည်းဟူသည် လွှစာနှင့် အရွက်အကြွင်းအကျန်များဖြစ်သည်။

စားကြွင်းစားကျန်များ ကို မြေဆွေးပြုလုပ်ရာတွင်အားနည်းချက်များ (Zhou et al., 2018)

  • ၁။ မြေဆွေးမှုကောင်းစေသော  လေဝင်လေထွက်ပေါက်များညံ့သည်။
  • ၂။ အစိုဓာတ်မြင့်သည်။
  • ၃။ စီအန် (C:N) အချိုးနိမ့်သည်။
  • ၄။ မြေဆွေးမြည့်နေစဥ် rapid hydrolysis ပါဝင်သောပစ္စည်းများ ကြေပျက်မှုမြန်ခြင်း၊ အော်ဂဲနစ်အက်ဆစ်များ စုစည်းမှုမြန်သည်။

ထုထည်ပွားပစ္စည်းများအဖြစ် လွှစာနှင့် အရွက်/ အပင်အခေါက် အကြွင်းအကျန်များသုံးပါလျှင်

  • ၁။ စီအန် (C:N) အချိုးကို ညှိပေးသည်။
  • ၂။ အစိုဓာတ်ကို ညှိပေးသည်။ လျော့ကျစေသည်။
  • ၃။မြေဆွေးမှုကောင်းစေသော  လေဝင်လေထွက်ပေါက်များဖြစ်စေသည်။

ထုထည်ပွားပစ္စည်းများထည့်ရမည့်အချိုး

  • ၁။ ထုထည်ပွားပစ္စည်းများ (ခြံထွက်အလေအလွင့်များ) ကို ၄ဝ% ထည့်သင့်သည်။
  • ၂။ လွှစာကို ထုထည်ပွားပစ္စည်းအဖြစ်သုံးလျှင် နှုန်းနည်းပါက ဆွေးမြည့်မှုအတွက် ကောင်းစွာထောက်ကူခြင်းမပြုပါ။

  လွှစာကို အချိုးပိုထည့်သင့်သည်။ လွှစာနှင့်အပင်အခေါက်သည် အလွယ်တကူရပြီး ကုန်ကျစရိတ်သက်သာသဖြင့် အသုံးများသည်။

အစားအသောက်အကြွင်းအကျန်များ  (ထမင်းဟင်းအကျန်) တွင် ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့် နွားချေးကို (၁း ၅း ၁ဝ) သုံးပြီး အိုးစိုက်ဟင်းသီးဟင်းရွက်အပင်များအတွက် ဒေသခံအဏုဇီဝပိုးထုတ်ယူ မြေဆွေးပြုလုပ်နည်း (မြမြ ၂ဝ၂ဝ)

စားကြွင်းစားကျန်များ  မြေဆွေးပြုလုပ်ရာတွင် ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့် ဆေးဖက်ဝင်အပင်/အရွက် အကြွင်းအကျန်များကို အချိုးတူ (၁း၁း၁) သုံးခြင်း အကျိုးကျေးဇူး

၁။ စုစုပေါင်း အော်ဂဲနစ်ကာဗွန် %

စုစုပေါင်း အော်ဂဲနစ်ကာဗွန် % 

၁။ မြေဆွေး ဆွေးမြည့်ကာလ  ၅၆ ရက်တွင် စုစုပေါင်း အော်ဂဲနစ် ကာဗွန် % ကျဆင်းသည်။

၂။ မြေဆွေး ဆွေးမြည့်မှု ၅၆ ရက်တွင် ပီအိပ်ချ်ထိန်းသည့် ထုံး ၂.၂၅% ထည့်ပါသည်။

 ထုထည်ပွားပစ္စည်းထည့်ခြင်း အကျိုးကျေးဇူးပိုရရှိရန် ထမင်းဟင်းအကျန်လွှစာနှင့် အရွက်အကြွင်းအကျန်ကို ၁း၁း၁ (အခြောက်အလေးချိန်)အခြေခံအသုံးပြုသည်။ 

၃။ စုစုပေါင်းအော်ဂဲနစ်ကာဗွန် % များ ကျဆင်းသည်။ အနံ့အသက်ပိုင်းဆိုင်ရာအုပ်စု၏ လုပ်ငန်းတိုးလာသည်။ သိုဖြစ်သဖြင့် မြေဆွေးရင့်ကျက်မှုကို အားပေးသည်။

၄။ ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့်အရွက်အကြွင်းအကျန်များသုံးခြင်းကြောင့် ဆဲလူးလိုစ်နှင့်လစ်နင်များ ကျဆင်းသည်။ ထုထည်ပွားပစ္စည်းအဖြစ် အရွက်အကြွင်းအကျန်သည် မြေဆွေးဆွေးမြည့်မှုကို အားပေးသည်။

((Zhou et al., 2014)

၂။ စီအန် (C:N) အချိုး

စီအန်အချိုး - မြေဆွေးဆွေးမြည့်ကာလ  ၅၆ ရက်အတွင်း စီအန်အချိုးကျဆင်းသည် (Zhou et al., 2014)

၃။ ဟူးမစ်အက်ဆစ်

ဟူးမစ်အက်ဆစ် - အစားအသောက်အကြွင်းအကျန်များ  လွှစာနှင့် အရွက်အကြွင်းအကျန်ကို အခြောက်အလေးချိန်အခြေခံပြီး အချိုးတူရောစပ်အသုံးပြုပါက မြေဆွေးဆွေးမြည့်မှုကို ၅၆ ရက်တွင် ဟူးမစ်အက်ဆစ်ဖြစ်မှု အများဆုံးဖြစ်သည် (Zhou et al.,  2014)။

 

၄။ ဟူးမစ်အက်ဆစ် နှင့် ဖူးဗစ် အက်ဆစ်အချိုး

ဟူးမစ်အက်ဆစ် နှင့် ဖူးဗစ်အက်ဆစ်အချိုး - ဟူးမစ်အက်ဆစ်နှင့် ဖူးဗစ်အက်ဆစ်အချိုးသည် မြေဆွေးဆွေးမြည့်မှုကာလ  ၅၆ ရက်တွင် အမြင့်ဆုံးဖြစ်သည် (Zhou  et al., 2014)။

ဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှ တဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့်အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

အော်ဂဲနစ်မြေသြဇာများ၏ အပင်အတွက် အရည်အသွေးကောင်းခြင်းကို တစ်ခုစီခွဲခြားအသုံးချခြင်းထက် ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့် အရွက်၊ အပင်အခေါက်အကြွင်းအကျန်များထည့်ပြီး ဘက်စုံအသုံးချခြင်း ကိုဆောင်ရွက်သင့်သည်။

  •  ၁။  ဟူးမစ်အက်ဆစ် နှင့် ဖူးဗစ်အက်ဆစ်အချိုးသည် မြေဆွေးဆွေးမြည့်ကာလ  ၅၆ ရက်တွင် အမြင့်ဆုံးဖြစ်သည်။
  • ၂။  ဟူးမစ်အက်ဆစ်ဖြစ်မှုအပိုင်းထဲမှ အနံ့အသက်ပိုင်းဆိုင်ရာအုပ်စု လုပ်ငန်းတိုးလာပြီး မြေဆွေးဆွေးမြည့်မှုနှင့် ဆက်နွှယ်မှုရှိကြောင်း ရှင်းလင်းသွားသည်။
  • ၃။ ဟူးမစ်အက်ဆစ်လုပ်ငန်းများသည် လျော့နည်းသွားသော ဖီနောလစ်နှင့် ကာဘိုဇိုင်းလစ်အုပ်စုနှင့် ဆက်နွှယ်နေသည်။  ဖီနောလစ်နှင့် ကာဘိုဇိုင်းလစ်အုပ်စု လျော့နည်းသွားသော်လည်း အနံ့အသက်ပိုင်းဆိုင်ရာအုပ်စု လုပ်ငန်းတိုး လာပြီး ဟူးမစ်အက်ဆစ်၏ အကျိုးပြုမှုကို ထောက်ကူသည်။ ၅၆ ရက်တွင် မြေဆွေးဆွေးမြည့်သည်။ 
  • ၄။  ထုထည်ပွားပစ္စည်းအဖြစ် အရွက်အကြွင်းအကျန်သည် လစ်နင်ပါဝင်မှု မြင့်သည်။ အကြောင်းမှာ လစ်နင်ဖြည့်စွက် လိုက်သဖြင့် ဟူးမစ်အက်ဆစ် နယူကလီးယပ် ဖွံ့စည်းရန် အားပေးသည်။
  • ၅။  အစားအသောက်အကြွင်းအကျန်များကို  ထုထည်ပွားပစ္စည်း - လွှစာနှင့် ဆေးဘက်ဝင်အပင်/အရွက် အကြွင်း အကျန်ကို ၁း၁း၁ (အခြောက်အလေးချိန်) အခြေခံအသုံးပြုပါက မြေဆွေးဆွေးမြည့်မှုကို ၅၆ ရက်အတွင်း ရသဖြင့် အိုးစိုက် / ကွင်းစိုက် ဟင်းသီးဟင်ရွက်ပင်များတွင်သုံးသင့်သည်။

ကိုးကား

မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံ တည်ထောင်ခြင်း နည်းပညာ လက်စွဲ

Zhou Y.et al.,  Chinese medicinal herbal residues as a bulking agent for food waste composting. Bioresource Technology. Volume 249, February 2018, Pages 182-188

Zhou Y.et al.,  Evaluation of humic substances during co-composting of food waste, sawdust and Chinese medicinal herbal residues. Bioresource Technology 168. May 2014.DOI:10.1016/j.biortech.2014.05.070

 ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်