အထွက်နှုန်းသိသိသာသာ ပိုတိုးတဲ့ ပွားစာဟောင်းမြေဆွေး

29/11/2023 15:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၇၉)

စိုက်ခင်းများတွင် ဓာတ်မြေသြဇာနှင့် သဘာဝမှိုပွားစာ မြေဆွေးများ ပူးတွဲအသုံးနိုင်သည် (၆)

စိုက်ပျိုးရေးတောင်သူများ စားမှိုစိုက်ပြီးပွားစာဟောင်းများကို မြေပြုပြင်ရာတွင် ပြန်လည်အသုံးချမည်ဆိုပါလျှင် အင်အော်ဂဲနစ် (သို့) အော်ဂဲနစ် မြေသြဇာဖြင့် တွဲသုံးနိုင်ပါသည်။

မြေပြုပြင်ပစ္စည်းများတွင် သတ္ထုဓာတ်ပါဝင်ပါက အပင်နှင့် မြေတွင်းသက်ရှိများကို အန္တရာယ် ဖြစ်စေသည်။ ပီအိပ်ချ်နိမ့်ရာမှ မြင့်သွားခြင်းသည် မြေဆီဓာတ်ကိုကျဆင်းစေသည်။ ဆိုဒီယံပါဝင်မှုမြင့်ပါက အပင်ကိုအဆိပ်ဖြစ်သည်။ (ဆိုဒီယံ) ဆားပါဝင်မှုမြင့်ခြင်းသည် အပင်မှ အမြစ်ဆင်းမှု၊ ရေနှင်အာယာရစုပ်မှု ကျဆင်းသည်။ ပွားစာဟောင်းများ တိုက်ရိုက် သုံးစွဲသည့်တိုင်အောင် ပျော်လွယ်ဆားများ မြင့်သည်ဟုဆိုသော်လည်း မြေသြဇာဆိုင်ရာဥပဒေအရ ခွင့်ပြု ချက် % ထက် လျော့နည်းပါသည်။

ပွားစာဟောင်းများကို မြေဆွေးပြုလုပ်ခြင်း၊ တီမြေဆွေးအဖြစ်ပြုပြင်ပြီးမှသုံးပါက ပျော်လွယ်ဆိုဒီယံ နှင့် ကယ်စီယံဆားများသည် မြေဆွေးပုံစဥ် ခိုင်မာစွာ ကျသွားသည်။ ပွားစာမြေဆွေးအနေဖြင့် အင်အော်ဂဲနစ် (သို့) အော်ဂဲနစ် မြေသြဇာ (တီမြေဆွေး) ဖြင့် အခြခံအားဖြင် အချိုးအဆတူ (၁း၁) တွဲသုံးနိုင်ပါသည်။ ဟင်းသီးဟင်းရွက်အမျိုးအစားအလိုက် ပွားစာ မြေဆွေးကို ၇၅ % ထိ ဖြည့်သုံးနိုင်ပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

  • ပွားစာဟောင်းသည် အော်ဂဲနစ်မြေသြဇာလျှော့ချနိုင်သော မြေပြုပြင်ပစ္စည်းအဖြစ်သုံးလျှင် အကျိုးရသည်။
  • ပွားစာဟောင်း ၇၅% ပါဝင်သော မြေတွင်စိုက်ထားသော  ပဲပင်သည် အပင်ကြီးထွားမှု ပိုကောင်းသည်။
  • ပဲပင်တွင် ကလိုရိုဖီး၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု မြင့်မားသည်ကိုလည်း တွေ့နိုင်သည်။
  • တွေ့ရှိချက်များအရ အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်း လျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် မှိုပွားစာမြေဆွေးသည် ဇီဝနှိုးဆွ  မြေဆွေးအဖြစ် ထိရောက်သော အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုနိုင်သည်ဟု ဖော်ပြထားသည်။

 

ဆလပ်ပင်များတွင် အင်အော်ဂဲနစ်မြေသြဇာကို လျှော့ချပြီး  စားမှိုစိုက်ပြီးပွားစာဆွေးကို အစားထိုးသုံးလျှင်

ပွားစာမြေဆွေးသည် ဆားဓာတ်အတန်ငယ် မြင့်လေ့ရှိသော်လည်း အပင်ကို အန္တရာယ် မဖြစ်စေပါ။ အင်အော်ဂဲနစ်ဓာတ်မြေသြဇာနေရာတွင် အစားထိုးနိုင်သည်။ အပင်ထွက်ကောင်းပါသည်။ စားမှိုစိုက်ပြီးပွားစာမြေဆွေးသုံး ဆလပ်ပင်သည် နိုက်ထရိုဂျင်၊ ဖော့စဖရပ် ပါဝင်မှုမြင့်သည်။ ပိုတက်စီံယံ၊ သံဓာတ် နှင့်  ဇင့်ပါဝင်မှု လျော့သည်။ စားမှိုစိုက်ပြီးပွားစာဟောင်း မြေဆွေးသုံးစွဲခြင်းသည် ပတ်ဝန်းကျင်မိတ်ဖက် လမ်းကြောင်းတစ်ခုဖြစ်သည်။ 

စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေးသုံးစွဲပါက ၆၂ ရက်နောက်ပိုင်းတွင် မြေအစိုင်အခဲ တည်ငြိမ်မှု ကျဆင်းသည်။

မြေကြီး အော်ဂဲနစ် ကာဗွန်တိုးလာသည်။ မြေကြီးတွင် အော်ဂဲနစ် ကာဗွန်တိုးလာခြင်းသည် မြေ၏ထုတ်လုပ်နိုင်စွမ်းအားကို ရေရှည်ထိန်းထားနိုင်သည့် ညွှန်းကိန်းတခုဖြစ်သည်။ စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေး သုံးစွဲမှုဖြင့် ဆေးဖက်ဆိုင်ရာ ပစ္စည်းများ၏ ကျန်းမာရေးကောင်းစေသော အရည်အသွေးများတိုးသည်။ အထွက်တိုးသည်။ ၁ဝဝ% အင်အော်ဂဲနစ် မြေသြဇာသုံးခြင်းသည် အထွက်အကောင်းဆုံးဖြစ်သည်။ သို့သော် စားမှို စိုက်ပြီးပွားစာဆွေးသုံးစွဲခြင်းသည် သိုင်းပင်၏ ဆေးဖက်ဆိုင်ရာ အရည်အသွေးများသည် အင်အော်ဂဲ နစ်မြေသြဇာခင်း ထက် ပိုကောင်းသည်။

ကိုးကား

Kwiatkowski CA and Harasim E. The Effect of Fertilization with Spent Mushroom Substrate and Traditional Methods of Fertilization of Common Thyme (Thymus vulgaris L.) on Yield Quality and Antioxidant Properties of Herbal Material. Agronomy 2021, 11(2), 329; https://doi.org/10.3390/agronomy11020329

Paredes C.et al., Effects of spent mushroom substrates and inorganic fertilizer on the characteristics of a calcareous clayey‐loam soil and lettuce production. December 2016. Soil Use and Management 32(4):487-494. DOI:10.1111/sum.12304

Verma D et al., Spent mushroom substrate: a potential sustainable substrate for agriculture International Journal of Grid and Distributed Computing Vol. 13, No. 2, (2020), pp. 104–109

Zied DC et al., Use of Spent Mushroom Substrate in New Mushroom Crops to Promote the Transition towards A Circular Economy. Agronomy 2020, 10(9), 1239; https://doi.org/10.3390/agronomy10091239

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်