အုန်းခွံမျှင်ဖတ်/အုံးခွံခဲမြေနဲ့ စိုက်တဲ့ မိုက်ခရိုဂရင်းများကြီးထွားမှုနှင့် အာဟာရဖြစ်မှု

23/02/2024 11:00 AM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၉၁)

စားမှိုစိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၁ဝ)

အုန်းခွံမျှင်ဖတ်/အုံးခွံခဲမြေ အခြေခံ မြေမဲ့ ကြီးထွားမီဒီယာ တွင်စိုက်သော မိုက်ခရိုဂရင်းများကြီးထွားမှုနှင့် အာဟာရဖြစ်မှု 

မြေမဲ့ ကြီးထွားမီဒီယာရေမြှုပ်တွင်စိုက်သော မိုက်ခရိုဂရင်း အမျိုးမျိုးအလိုက် အာဟာရဓာတ် ပါဝင်မှု ကွဲပြားပုံ

မြေမဲ့မီဒီယာ တစ်မျိုးဖြစ်သော ရေမြုပ် သည် ခဲမြေပွ မှ ပြုလုပ်သည်။ အချို့ သည် အုန်းခွံအမျှင်ဖတ်နှင့် ပြုလုပ်သည်။ အာဟာရနှင့် လေကောင်းစွာရပြီး အစိုဓာတ် ထိမ်းနိုင်လျှင်  ရိတ်သိမ်းချိန်စောသော မိုက်ခရိုဂရင်းများသည် အပင်ပေါက်ကောင်းသည်။ အာဟာရထိန်းသည်။

၁။ တရုတ်ကိုင်းလာအနီ မိုက်ခရိုဂရင်း

တရုတ် ကိုင်းလာ အနီ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရဂရမ် 

၂။ ပဲနံ့သာ မိုက်ခရို ဂရင်း

ပဲနံ့သာ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ်

၃။ ပဲရာဇာ မိုက်ခရိုဂရင်း

ပဲရာဇာ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ် 

၄။ ပဲစိမ်း မိုက်ခရိုဂရင်း

ပဲတီစိမ်း မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရဂရမ်

၅။ နှမ်းနက် မိုက်ခရိုဂရင်း

နှမ်းနက် မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ်

၆။ ချဉ်ပေါင်ရိုးနီ မိုက်ခရိုဂရင်း

ချဥ်ပေါင် ရိုးနီ မိုက်ခရိုဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ ဂရမ်

မြေမဲ့ ကြီးထွားမီဒီယာ အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေတွင်စိုက်သောမုံလာဥနှင့် မုံညင်း မိုက်ခရိုဂရင်း တွင်  အာဟာရ ဓာတ်ပါဝင်မှု 

၁။ မုံလာဥ မိုက်ခရို ဂရင်း

မုံလာဥ မိုက်ခရို ဂရင်း အစိုချိန် ၁ဝဝ ဂရမ်တွင်ပါသော အာဟာရ (ဂရမ်)

၂။ မုံညင်း မိုက်ခရို ဂရင်း

တွေ့ရှိချက်

အုန်းခွံအမျှင်ဖတ် နှင့် ပြုလုပ်သည့် ရေမြုပ်တွင်စိုက်သော ပဲရာဇာ နှင့် ပဲနံ့သာ မိုက်ခရိုဂရင်းတွင်  ပရိုတင်း ကြွယ်ဝသည်။ ၎င်း ၂ မျိုးသည် ပရိုတင်းနှင့် ကာဗိုဟိုက်ထရိတ် ပါဝင်မှုများသဖြင့်  ကယ်လိုရီ မြင့်သည်။ မြေမဲ့ ကြီးထွားမီဒီယာ ရေမြှုပ်တွင် စိုက်သောချဥ်ပေါင် ရိုးနီ မိုက်ခရိုဂရင်းတွင်  ပရိုတင်း ကြွယ်ဝသည် ဟု ဖော်ပြထားသည်။ မြေမဲ့ ကြီးထွားမီဒီယာ အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေတွင်စိုက်သော မုံညင်း နှင့် မုံလာဥမိုက်ခရိုဂရင်းတွင်  ကယ်လိုရီ ၂၄% နှင့် ၂၈% ပါဝင်သည်။

မြေမဲ့ ကြီးထွားမီဒီယာ ဂုံလှော်စ ၊ ဗာမီကျူလိုက် နှင့် အုန်းခွံမှင် ပေါ်တွင်စိုက် ထားသည် ပင်စိမ်း (အစိမ်းမျိုး) မိုက်ခရိုဂရင်း

အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေ မြေမဲ့မီဒီယာကို အကျိုးရှိစွာသုံးပါ

အုန်းခွံအမှင်ဖတ်/ အုန်းခွံခဲမြေ မြေမဲ့မီဒီယာသည် အုန်းသီးအခွန် /အကာများမှ ပြုလုပ်သည်၊၁ဝဝ% အော်ဂဲနစ် ပစ္စည်းဖြစ်သည် သဘာဝ ပိုးသန့်ပြီးဖြစ်သည်။ ပေါ့သည်။ လေဝင်လေထွက် ကောင်းသည်။ အပင်ပေါက်ကောင်းစေသော အစိုဓာတ်ကို ထိန်းနိုင်သည်။ အုန်းခွံမျှင်ဖတ်သည် ခဲမြေပွနှင့် တွဲသုံးလျှင်ပို ကောင်းသည်။ အုန်းခွံခဲမြေသည် အုန်းခွံမျှင်ဖတ်ထက် ရေပိုထိန်းသည်။ အုံးခွံခဲမြေကိုပါလိုက်နှင့် တွဲသုံးလျှင် ပိုကောင်းသည်။ အုန်းခွံအမျှင်ဖတ်/ အုန်းခွံခဲမြေ မြေမဲ့မီဒီယာ နှင့် စိုက်လျှင် ဘန်း ၂ ထပ်အသုံပြုသင့်သည်။ အပေါ်ဗန်းသည် အပေါက်ပါရမည်။ အောက်ဗန်းသည် ရေထိမ်းရန် အပိတ်သုံးရမည်။ အုန်းခွံ ခဲမြေ ညီအောင်ထည့် ပြီး ရေဖြန်းသည် (အစိုဓာတ် ၆ဝ%) ရှိရမည်။ အပေါ်မှ မျိုးစေ့ဖြူးချသည်။ အုန်းခွံမျှင်၊ ဗာမီကျူလိုက် နှင့် ဂုံလှော်စ ပေါ်တွင်စိုက်သည့် တွေ့ရှိချက်တွင် ပင်စိမ်း မိုက်ခရိုဂရင်း ၃ မျိုး အနက် အုန်းခွံမျှင်ပေါ်တွင်စိုက်သော ပင်စိမ်း (အစိမ်းမျိုး) သည် အထွက်နှင့် ကလိုရိုဖီး ခိုင်မာစွာ ကောင်းသည်။ သို့ဖြစ်၍ တပိုင်တနိုင်စိုက်ပျိုးသူများ၊ ဝါသနာရှင်များသည် စျေးကြီးသော အခင်းများသုံးခြင်းထက် ဒေသအလိုက် ရနိုင်သော အော်ဂဲနစ် ပစ္စည်းဖြစ်သည့် သဘာဝအပင် ဘေးထွက်ပစ္စည်းများဖြစ်သော အုန်းခွံမျှင်၊ ဂုံလှော်စ များကိုသုံးရန် သင့်လျော်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်