ဝါးကိုင်းတက်ဖြင့် မျိုးပွားခြင်း
ကိုင်းတက်ရှိသော ဝါးမျိုးများ၏ ကိုင်းတက်များမှ အကြီးဆုံး ကိုင်းတက်ကို မျိုးပွားရန်အတွက် ရွေးချယ်ရပါမည်။ ဝါးအမျိုးအစားအပေါ် မူတည်၍ အကြီးဆုံး ကိုင်းတက် ပထမနှင့် ဒုတိယ ထွက်သော ကိုင်းတက်များ ဖြစ်ပါသည်။
ဝါးကိုင်းတက်ရယူမည့် မိခင်အပင်သည် အနည်းဆုံး အသက်(၂) နှစ်ပြည့်ဝပြီး အပင် ဖြစ်ရပါမည်။ ဆိုဒ်ကြီးသော ဝါးမျိုး (ဉပမာ-ဝါးဘိုး) အတွက် ၃ နှစ်သားဝါးပင်မှ ကိုင်းတက်ဖြစ်ရပါမည်။ အသက်နုနယ်သော ဝါးပင်မှ ကိုင်းတက်များရယူခြင်း မပြုရပါ။ အလွန်အိုမင်းနေသော ဝါးပင်မှ ကိုင်းတက်ကိုလည်း မယူရပါ။ အသက် (၂) နှစ်မှ (၃) နှစ်အတွင်းရှိ ဝါးပင်များမှ ကိုင်းတက်များသည် ဝါးတော်တော်များများအတွက် အကောင်းဆုံးဖြစ်သည်။ ဝါးကိုင်းတက်သည် အနာအဆာမရှိဘဲ အရွက်များ ရှင်သန်နေသော ကိုင်းတက် ဖြစ်ရပါမည်။ အရုံလိုက်ပေါက်သော ဝါးမျိုးများတွင် အပင်၏အဆစ်တိုင်း၌ ကြီးမားသော ကိုင်းတက်နှင့် ဒုတိယ ကိုင်းတက်ရှိပြီး ယင်းတို့မှာ မျိုးပွားရန် အသင့်တော်ဆုံးဖြစ်ကြပါသည်။
ကိုင်းတက်အရွယ်အစားမှာ ခဲတံလုံးထက် ပိုမိုကြီးမားပြီး အဆစ် (၂) ဆစ် (၃) ဆစ်ပါအောင် ဖြတ်ယူရမည်။ မိခင်ပင်မှ ကိုင်းတက်ခုတ်ယူရာတွင် မိခင်ပင်အမြင့်၏ အလယ်နှင့် အထက်ရှိ အကိုင်းများရွေးပါ။ ထိခိုက်ပျက်စီးမှု မရှိစေရန် မိခင်ပင်၏ အသား အနည်းငယ်ပါအောင် ကိုင်းတက်အောက်ခြေမှ ဝိုက်၍ ဖြတ်ယူရပါမည်။ ခုတ်ယူပြီး ကိုင်းတက်များ ခံနိုင်ရည်ရှိစေရန် အားဆေး(တောနပ်)ကဲ့သို့သော ဟိုမုန်းဆေးဖျော်ရည်တွင် ချက်ချင်းထည့်စိမ်ထားပြီး အရိပ်အောက်တွင် ထားသင့်ပါသည်။ လူတစ်ဉီးတစ်ကြိမ်လျှင် ကိုင်းတက် (၁၀၀)ခန့်သာ စုဆောင်းသင့်ပါသည်။ အကြောင်းမှာ များများခုတ်ယူပါက ခုတ်ပြီးအကိုင်းများ ခြောက်သွေ့သွားမည် ဖြစ်သောကြောင့် တစ်ချိန်တည်းတွင် ကိုင်းတက် (၁၀၀) နှင့်အထက် မခုတ်ယူသင့်ပါ။
ဖွဲပြာ၊ နွားချေး၊ သဲနှင့် မြေဆွေးတို့ကို ၁:၂:၃:၁ ဖြင့် ရောစပ်ပြီး ရေနှပ်ထားသော ပျိုးဘောင်တွင် ကိုင်းတက်များကို စိုက်ပျိုးပါ။ စိုက်သောအခါ ပျိုးဘောင်အတွင်း အဖူးပါ အဆစ်(၂)ဆစ် မြုပ်သည် (အနက်၂ လက်မ) အထိ စိုက်ရပါမည်။ ကိုက်တက်ပတ်လည်တွင် သေသေချာချာ လက်နှစ်ဖက်ဖြင့် မြေကို ဖိနိုင်သမျှ ဖိနှိပ်ပေးရန် လိုအပ်ပါသည်။
စိုက်ပြီးလျှင် အပင်ခြေရင်းကို မြက်ခြောက် (သို့) ကောက်ရိုးဖြင့် အုပ်ပေးပြီး ညင်သာစွာ ရေလောင်းပေးရပါမည်။ အပူချိန်ပေါ်မူတည်၍ တစ်နေ့လျှင် ရေ နှစ်ကြိမ် သုံးကြိမ် လောင်းပေးပါ။ မျိုးပွားပင်အား ထိခိုက်မှု မရှိစေရန် အထူသတိထားပါ။
သုတေသနပြုချက်အရ ဤနည်းဖြင့် မျိုးပွားရာ၌ ကျသောင်းဝါး၊ ဝါးယား၊ မျှင်ဝါး၊ ဝါးဘိုးဝါးတို့မှာ အညွှန်ထွက်ရန် (၁၀-၂၀) ရက်အထိ ကြာပြီး အမြစ်ထွက်ရန် (၄၅-၇၀) ရက်အထိ ကြာတတ်သည်ကို တွေ့ရှိခဲ့ရပါသည်။ ရှင်သန်မှု နုန်းမှာ ၆၀-၉၀% ထိ ရှိပါသည်။ အပင်သစ်ထွက်သည့်အခါ (၂) ပင်၊ (၃) ပင်ထွက်တက်ပါသည်။ ၎င်းအပင်ပွားများကို စောင့်ပြီး ခွဲယူပါက ဝါးပျိုးပင်(၂) ပင်(၃) ပင် ရရှိခြင်းပင်ဖြစ်ပါသည်။ အမြစ်ထွက်ပြီး ပျိုးအိတ်တွင် ပြောင်းကာ (၁) လ အကြာမှာ စိုက်ပါ။ ဤနည်းသည် အပင်များစွာ ရရှိရေးသေချာပြီး ကုန်ကျစာရိတ်လည်း နည်းပါးသောနည်းဖြစ်၍ ဝါးမျိုးပွားရာတွင် ထည့်သွင်းစဉ်းစားသင့်သော နည်းဖြစ်သည်။
လက်တွေ့ဝါးမျိုးပွားခြင်း၊ ဝါးစိုက်ပျိုးပြုစုခြင်း၊ ဝါးခုတ်ယူနည်းများ (ဒေါက်တာ စန်းဝင်း(သစ်တော တက္ကသိုလ်))
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဝါးမျိုးပွားနည်း
Zaw Win Htun
လွန်ခဲ့သော ၂ နှစ် ကသစ်ရွက်ခြောက် နွားချေးခြောက် ကိုင်းမြက်နုတ်နုတ်စင်း အုံပေး မြေတောင်တင်ပေး 👌
MgHlaMgHla
လွန်ခဲ့သော ၆ နှစ် ကမျှစ်စားဝါးသည်မြေဩဇာလိုအပ်ပါသလားညွန်ပြကြပါအုံးခင်ဗျ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲကို မှိုဆေးဖျန်းပြီးဘယ်နှစ်ရက်နေရင် အားဆေးဖျန်းသင့်လဲ ပိုးသတ်ဆေးကိုဘယ်နှစ်ရက်တစ်ကြိမ်ဖျန်ရင်အကောင်းဆုံးလဲ
Saw Samson • ဖြေကြားချက် 2 ခု
အောက်အရွက်တွေညှပ်လို့ရပီးလား တစ်လတော့ကျော်နေပါပီး ခူးတာလဲ 4ခါတော့ ရှိပီး
maungsoethuwin • ဖြေကြားချက် 2 ခု
မုန်လာဥနီအစေ့ချပြီးပေါင်းသတ်ဆေး ပတ်လို့ရမရသိချင်ပါတယ်
ထက်သူ • ဖြေကြားချက် 1 ခု
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရန်မနိုင်ရွာ ခုပြောတဲ့အထက်ပါဒေသမှာ လယ်ယာမြေကနေ တစ်ဧကလောက် အစမ်းစိုက်ကြည့်ချင်တယ် လိုအပ်တာက အပင်ဘယ်ကရမလဲ နောက်တစ်ချက် မြေကြီးကိုမြောင်းပုံစံက ဘယ်လို တူးရမလဲ ဘယ်လိုစစိုက်ရမလဲ ဘယ်ရာသီမှာစစိုက်ရမလဲ ဥပမာ. နတ်တော် ပြာသိုအဲ့သလိုပေါ့
ming thein • ဖြေကြားချက် 1 ခု
တိုက်ရိုက်နည်းပြရှိပါသလား
Poneyate • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးသုတ နိုဝင်ဘာလ
02/11/2026
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
More from Green Way
အားလုံး
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026