ဖီးကြမ်းငှက်ပျောကို အသီးသီးချိန်နောက်ဆုတ်ပေးခြင်းဖြင့် ဈေးကွက်ထိန်းသိမ်းလာကြ
ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူတချို့ အသီးသီးချိန် အနည်းငယ်နောက်ဆုတ်ပေးခြင်းဖြင့် ဈေးကွက်ထိန်းသိမ်းစိုက်ပျိုးလာကြကြောင်း မန္တလေးတိုင်းဒေသကြီးရှိတောင်သူများထံမှ သိရသည်။
စိုက်ပျိုးပြီးနောက် အပင်အရွယ်အစား လူတစ်ရပ်လောက်အရွယ် (၄)ပေ၊ (၅)ပေလောက်အရွယ်မှာ အပင်ကို ဓားနဲ့ခုတ်ပစ်လိုက်တယ်။ ပြီးမှ ပြန်အတက်ထွက်လာတာကို စောင့်တယ်။ ဒါ့ကြောင့် အသီးသီးချိန်လည်း သူများတွေထက် နောက်ဆုတ်သွားပါတယ်။ ပုံမှန်ဆိုရင် (၉)လလောက်မှာ အသီးသီးမယ်ဆိုရင်၊ (၁၁)လောက်ကြာမှ အသီးသီးတော့အောင် လုပ်ယူတဲ့စနစ်ပါ။ အပင်အခြေအနေပေါ် မူတည်ပြီး ဖြတ်/ခုတ်ရတာပါ။
ဟု မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာမှ ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူ ကိုငြိမ်းကိုက ပြောသည်။
အဆိုပါစနစ်ဖြင့် စိုက်ပျိုးပါက အပင်အရပ်အမြင့်ကို ထိန်းသိမ်းရာရောက်သဖြင့် လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုအပြောင်းအလဲဒဏ်များကို ခံနိုင်ရည်ရှိလာခြင်း၊ အသီးသီးချိန်မှာ နွေရာသီအတွင်းမကျရောက်တော့ဘဲ၊ မိုးရာသီဘက်သို့ နီးကပ်သွားသဖြင့် အဖီးရေပိုမို ရရှိနိုင်ခြင်း၊ အရည်အသွေးပိုမိုကောင်းမွန်ခြင်း စသည့် အားသာချက်များရရှိကြောင်း သိရသည်။
ဈေးကွက်မှာ ပိုရောင်းကောင်းတာထက် အပင်က လေဒဏ်မိုးဒဏ်လည်း ခံနိုင်သွားတယ်။ အလုံးရေလည်း ပိုရတယ်။ အရည်အသွေးလည်း ပိုကောင်းမယ်။ ကျွန်တော်တို့စိုက်တဲ့စနစ်ကတော့ တစ်ပင်နဲ့တစ်ပင်ကို တစ်တောင်ကျော်ကျော် အကွာအဝေးထားစိုက်တာပါ။ သားစို့တွေဘာတွေ မမွေးတော့ဘဲ ငှက်ပျောတစ်ပင်ကနေ တစ်ခိုင်ရတာနဲ့ ဖြတ်ပစ်လိုက်တဲ့ စိုက်ပျိုးနည်းစနစ်ပါ။ တစ်ပင်နဲ့တစ်ပင်ကို တစ်တောင်ကျော်ကျော် ကွာထားပြီး၊ (၂)ပင်ပူးစိုက်တဲ့စနစ်နဲ့ စိုက်ပျိုးပါတယ်။ ပြီးတော့မှ အဲ့ဒီ (၂) ပင်ကြားက ပင်ကြားကို (၆)တောင်ထပ်ခြားတယ်။ တန်းကြားကိုလည်း (၆)တောင် ခြားစိုက်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဒေသ၌ ဖီးကြမ်းငှက်ပျောပျိုးပင် တစ်ပင်လျှင် (၁၂၀) ကျပ်ပေးရပြီး၊ ဖီးကြမ်းငှက်ပျော တစ်ဧကစိုက်ပျိုးမည်ဆိုပါက သွင်းအားစုစရိတ်၊ ပျိုးပင်ဖိုး၊ လုပ်သားခများ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ် ကျပ်(၄၀၀၀၀၀)ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။
myat htin
လွန်ခဲ့သော ၂ လ ကမြေအမျိုးအစား
kyawsoe
လွန်ခဲ့သော ၅ နှစ် ကနှမ်းဈေးနှုန်းအနိမ့်မြင့်တနေ့လိုက်တင်ပေးပါနော်ပွဲစားတေနှိမ်ဝယ်နေကြလို့
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါး အသက်155-160ပါ မစိုက်ခင်မြေပြင်ချိန်မှာ ပိုတက်ရှ်နဲ့တီစူပါ တစ်ဝက်နှုန်းခံထားပါတယ် အပင်ပွားချိန်49-50ရက်သားမှာ ပုလဲတစ်ဝက်နှုန်းကျွေးပါတယ် [{(*အပင်ပွားချိန် ပုလဲကျွေးပြီးနဲ့အဆစ်တက်ချိန်ကြားထဲ ရက်ပေါင်း 35ရက်က အပင်အနေအထားသန်တာနဲ့ပင်ပွားအားရတာမို့ မည်သည့်မြေဩဇာမှမကျွေးပါ*)}] ဒါကြောင့် အဆစ်တက် မှို့ကပ်ချိန်မှာ ပိုတက်ရှ်တစ်ဝက်နဲ့ယူရီးယားအနည်းငယ်ဘဲကျွေးတော့မလို့ ရနိုင်ပါသလား?ခင်ဗျ ဒါမှမဟုတ် ၁၅ ပတ်လည်ပါ ရောသုံးပေးရမာလား? သိချင်ပါတယ်ခင်ဗျ
Chan Myae Htun • ဖြေကြားချက် 0 ခု
စပါးပင်တွေကဖီလဲနေလို့ အနှံမထွက်နိုင်မှာမို့ ရိတ်လို့ရတယ်မလား 75ရက်သားပါ ပိုတက်ကိုဘယ်ချိန်နောက်ဆုံးထားကျွေးသင့်လဲ
Theint Theint Nway • ဖြေကြားချက် 2 ခု
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 4 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 2 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022