ရွှေရောင်စိုပြည်မှဦးစီး၍ အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)ကို နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်တန်း၏ရည်ရွယ်ချက်မှာ -
၁။ အစာတွင်ပါဝင်သည့်အာဟာရများနှင့် ၄င်းတို့၏အစာချေဖျက်မှုဖြစ်စဉ်များကို နားလည်စေရန်။
၂။ အစာအမျိုးမျိုး၏ အာဟာရတန်ဖိုးများကို လေ့လာအကဲဖြတ်နိုင်ရန်။
၃။ မွေးမြူရေးတိရစ္ဆာန်များ၏ အာဟာရလိုအပ်ချက်များကို နားလည်သဘောပေါက်လာစေရန်တို့ဖြစ်ပါသည်။
ထိုရည်ရွယ်ချက်များနှင့်အတူ မွေးမြူရေးဆိုင်ရာကျွမ်းကျင် ဆရာကြီး ၊ ဆရာမကြီးများမှ အောက်ဖော်ပြပါ သက်ဆိုင်ရာဘာသာရပ်အလိုက်ပို့ချမည်ဖြစ်ပါသည်။
(က) တိရစ္ဆာန်နှင့် တိရစ္ဆာန်အစာမိတ်ဆက် (ဒေါက်တာတင်ငွေ နှင့် ဒေါက်တာမျိုးကြွယ်)
(ခ) ကာဗွန်ဟိုက်ဒြိတ်များ (Carbohydrates) (ဒေါက်တာအေးစန္ဒာချို)
(ဂ) အဆီများ (Lipids) (ဒေါက်တာအေးစန္ဒာချို)
(ဃ) ပရိုတိန်းများ (Proteins) (ဒေါက်တာအေးစန္ဒာချို)
(င) ဗီတာမင်များ ( Vitamins) (ဒေါက်တာနွဲ့နွဲ့ထင်)
(စ) သတ္တုဓါတ်များ (Minerals) (ဒေါက်တာနှင်းရီစိုး)
(ဆ) အင်ဇိုင်းနှင့်အစာချေဖျက်ခြင်း (Enzymes and Digestions) (ဒေါက်တာတင်ငွေ)
(ဇ) မြက် ၊ မြက်ချဉ်ဖတ်နှင့်တိရစ္ဆာန်အစာပင်များ (ဒေါက်တာနေနိုင်ထူး)
(ဈ) နွားမွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာတင်ငွေ)
(ည) ဆိတ်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနေနိုင်ထူး)
(ဋ) ကြက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနွဲ့နွဲ့ထင်)
(ဌ) ဝက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနှင်းရီစိုး)တို့ဖြစ်ပါသည်။
အဆိုပါသင်တန်းမိတ်ဆက် (Webinar) နှင့် ဖွင့်လှစ်မည့်ရက် အတိအကျကို ထပ်မံကြေငြာပါမည်။ သင်တန်းတက် ရောက်ရန် စိတ်ဝင်စားမည့်သူများ အောက်ဖော်ပြပါ Google Link တွင်စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/aqxKoRjpiWGatJQ5A
Crd# Shwe Yaung So Pyay Fb page