သံ​ချေး​ရောဂါ ကာကွယ်နှိမ်နင်းခြင်း(ပဲတီစိမ်း/မတ်ပဲ)

12/12/2022 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

  • မြန်မာအမည်     = သံ​ချေး​ရောဂါ
  • အင်္ဂလိပ်အမည်  = Rust disease
  • မှိုအမျိုးအစား     = Uromyces phaseoli typica (Syn: U. appendiculatus)

သံ​ချေး​ရောဂါဟာ ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲမျိုးစုံမှာ ကျ​ရောက်တဲ့ အ​ရေးကြီးမှို​ရောဂါတမျိုးပါ။

သံ​ချေးရောဂါဝင်ပြီဆိုရင် အရွက်မျက်နှာပြင်​တွေမှာ အနီဖု/အနီစက်​တွေ ဖြစ်ပြီး အရွက်​တွေ အစာမချက်နိုင်ဘဲ ​ခြောက်​သွေ့ ​ကြွေကျကုန်ပါတယ်။ ကုသရလွယ်ကူတယ်ဆို​ပေမယ့်၊ အချိန်​နှောင်းမှသိရင်တော့  ကုန်ကျစရိတ်များပြီး အထွက်နှုန်းကို များစွာထိခိုက်​စေပါတယ်။

ဒါ​ကြောင့် ​ပေါ့​ပေါ့ဆဆမ​နေဘဲ ကြိုတင်ကာကွယ် ပြင်ဆင်နိုင်ကြဖို့ ရေးသားတင်ပြ​ပေးလိုက်ပါတယ်။​​

ရောဂါလက္ခဏာ

  • သံ​ချေးရောဂါ ကျ​ရောက်​နေပြီဆိုတာ သိနိုင်တဲ့ အဓိကလက္ခဏာကတော့ အရွက်မျက်နှာပြင်​ပေါ်မှာ သံ​ချေး​ရောင် အစက်​အ​ပြောက်လေး​တွေ စတင်​တွေ့ရခြင်းပါ။
  • ရွက်​​ပြောက်​ရောဂါနဲ့ ဆင်သ​ယောင်ရှိ​ပေမယ့် သံ​ချေး​ရောဂါကတော့ အရွက်​ပေါ်ကို လက်နဲ့စမ်းကြည့်ရင် ကြမ်းရှရှလေး​တွေ စမ်းမိပါလိမ့်မယ်။ (ရွက်​ပြောက်​ရောဂါဆိုရင် အဖုမရှိပါဘူး)
  • အရွက်​မှာ အဓိကကျတတ်​ပေမဲ့ ရိုးတံနဲ့ အသီး​တွေ​ပေါ်မှာလည်း အနည်းငယ်​တွေ့ရတတ်ပါတယ်။
  • အချိန်မီ ​ဆေးမဖျန်း/မကုသဘူးဆိုရင် သံ​ချေး​ပြောက်​တွေ များလာပြီး အရွက်တရွက်လုံး၊အပင်တပင်လုံး ပျံ့နှံ့ပြီး တခင်းလုံး ​ခြောက်​သွေ့ကာ အပင်​သေသွားနိုင်ပါတယ်။

ရောဂါကူးစက်ပုံ

  • သံ​ချေး​ရောဂါဖြစ်​သော မှိုစပိုး​တွေဟာ ​မြေကြီးထဲမှာ ​ရှိနေ​တဲ့အတွက် မိုးအုံ့ပြီး စွတ်စို​နေချိန် (သို့မဟုတ်) တညလုံး ဆီးနှင်းကျချိန်(သို့မဟုတ်) အခါမဲ့မိုး ရွာသွန်းပြီးချိန်မှာ ယူရီဒီယို စပိုး​တွေ ပွားများတတ်ပါတယ်။
  • မြေထဲကတဆင့် ရိုးပြတ်အကြွင်းအကျန်​တွေမှာ ခို​အောင်း​နေပြီး..သီးနှံစိုက်ချိန်မှာ အပင်တလသား ​ကျော် အပွင့်အဖူးဝင်ချိန်မှာ အောက်ဆုံး အရွက်​အောက်မျက်နှာပြင်ကတဆင့် အ​ပေါ်မျက်နှာပြင်ကိုပျံ့နှံ့ကာ သံ​ချေးအဖု​လေး​တွေဖြစ်​စေပါတယ်။
  • ရာသီဥတု ပူ​နွေးစွတ်စိုချိန်မှာ မှိုစပိုး​တွေဟာ လေနဲ့အတူ အခြားအပင်/အခင်း​တွေကို ထပ်ဆင့် ပျံ့နှံ့ ကူးစက်​စေပါတယ်။

ကြိုတင်ကာကွယ်ခြင်း

  • ရိုးပြတ်အကြွင်းအကျန်များကို ရှင်းလင်းပြီးမှ စိုက်ပါ။
  • ပေါင်းမြက်များ ​စောစီးစွာ ရှင်းလင်းပါ။
  • မျိုးရင်းတူ​သော သီးနှံများနဲ့ သီးညှပ်စိုက်ခြင်း၊ သီးလှည့်စိုက်ခြင်းကို ​ရှောင်ပါ။
  • ရောဂါဒဏ်ခံနိုင်​သောမျိုးကို အသုံးပြုပါ။
  • နိုက်ထြိုဂျင်ပမာဏ များ​သော ရွက်ဖျန်းများအသုံးပြုခြင်းကို ​ရှောင်ပါ။

​အော်ဂင်းနစ်နည်းဖြင့် ကာကွယ်ခြင်း

  • Salvia officinalis (​ဆေးဖက်ဝင်ကလျာဏီပင်မျိုး)အပင်၊ ပူဒီနာပင် မျိုးရင်းဝင်အပင်များနှင့် Potentilla erecta( နှင်းဆီမျိုးရင်းဝင်အပင်) များမှ ညှစ်ယူရရှိ​သော အရည်ဖြင့် သံ​ချေး​ရောဂါကိုကာကွယ်နိုင်ပါသည်။

ဓာတုမှိုသတ်​ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း

ရောဂါလက္ခဏာ စ​တွေ့တာနဲ့ ​အောက်​ဖော်ပြပါ မှိုသတ်​ဆေးတမျိုးမျိုးကို အညွှန်းပါအတိုင်း ချက်ချင်း ဖျန်းဖို့လိုပါတယ်။

  • မန်ကိုဇက်/​ကော့ပါး (ကြိုတင်ကာကွယ်သည့်အဆင့်)
  • ဟက်ဇာကိုနာဇိုး (Hexagon) ( ဟက်ဇာဂွန်/ ပရိုမို့စ်/.....)
  • ပရိုပီကိုနာဇိုး (Propiconazole) (ပရိုဝမ်း/ဂ​ရေ့စ်/.....)
  • အဇိုဇီစထရိုဘင်(Azoxystrobin) (အေဇို/ အဇို/ .....)
  • သိုင်အိုဖီနိတ်မီသိုင်း (thiophanate methyl)

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်