ငှက်ပျောပင်စည်မှ ရရှိနိုင်မည့်ကျန်းမာရေး အကျိုးကျေးဇူးများ

25/01/2018 12:46 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငှက်ပျောစည်ကလည်း ငှက်ပျောသီးကဲ့သို့ ပိုတက်ဆီယမ်(K) နှင့် ဗီတာမင် B6 အထူးကြွယ်ဝပြီး အမျှင်ဓာတ် အထူးမြင့်မားသည့်အတွက် ကျန်းမာရေး အကျိုးပြုရာမှ ပါဝင်နေပါတယ်။

ငှက်ပျောသီးစားရင် ကျန်းမာရေး အကျိုးရှိတယ်ဆိုတာ လူတိုင်းသိနေပေမယ့် ငှက်ပျောပင်စည် စားရင် ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သိပ်သတိမထားမိကြပါဘူး။ ဆင်းရဲသားတို့ရဲ့ အစာဟာ ငှက်ပျောအူလို့သာ ထင်မှတ်ပြီး မုန်ဟင်းခါးမှာ ထည့်စားတာလောက်သာ သိကြပါတယ်။

ယခုအခါမှာ ငှက်ပျောပင်စည်ဒိန်ချဉ်သုတ်အပြင် ငှက်ပျောပင်စည်ဖျော်ရည် သောက်သုံးမှုက လူတိုင်း ပါးစပ်ဖျားမှာ အလွန်ကို နာမည်ကြီးနေပြီး အင်တာနက်စာမျက်နှများပေါ်မှာ အထူးပင်ပျံ့နှံ့နေသဖြင့် ကျန်းမာရေးအကျိုးရှိပုံကို ဖော်ပြပါတယ်။

၁။ ငှက်ပျောပင်စည် ဖျော်ရည်ကို တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်သောက်သုံးခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်း မဖြစ်ပွားပါဘူး။ ငှက်ပျောပင်စည်က ဆီးနှင့်ပတ်သက်သော ရောဂါကို တွန်းလှန်နိုင်သော သတ္တိရှိပြီး ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းတစ်လျှောက်သောကျောက်ရှိနေပါက ကျောက်၏အရွက်အစားကို သေးငယ်သွားစေကာ အပြင်သို့စွန့်ထွက်သွားစေပါတယ်။ ယခုအခါမှာ သဲခြေကျောက်တည်သမားများကို တစ်ပတ်တစ်ခါ ငှက်ပျောပင်စည်စားသုံးစေခြင်းကို စားသုံးစေခြင်းကို ဆရာဝန်များကပင် ထောက်ခံချက်ပေးနေတယ်လို့ ဆိုပါတယ်။

၂။ အမျှင်များဖြင့် ပြည့်ဝနေသော ငှက်ပျောပင်စည်ကို တစ်ပတ်လျှင် တစ်ခွက်သောက်သုံးပေးခြင်းဖြင့် ရေရှည်မှာ ကိုယ်ရေစစ်သွားနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့မည့်အစီအစဉ်ထဲမှာ ငှက်ပျောပင်စည်ကိုလည်း ထည့်ဆွဲထားသင့်ပါတယ်။

၃။ဝမ်းချုပ်လွန်းနေသူများအဖို့ ငှက်ပျောပင်စည်ဖျော်ရည်ကို သောက်သုံးမယ်ဆိုရင် ဥပမာ-ဖျော်ရည်စက်ဖြင့် ကြိတ်ချေပြီး အဖတ်များကို လုံးဝမစစ်ချတော့ဘဲ အားလုံးကို သောက်ချလိုက်ပါ။

၄။သင်ရဲ့ အစာအိမ်က အချဉ်ဓာတ်မြင့်မားနေတယ်ဆိုရင် ငှက်ပျောပင်စည်ဖျော်ရည်တစ်ခွက်ကို အစာအိမ်မှာ အစာမရှိချိန် မနက်စောစော သောက်ပေးပါ။

၅။ငှက်ပျောသီးမှည့်သည် အချိုစာဖြစ်သည့်အားလျော်စွာ ဆီးချိုသမားများ စားသုံးရန် ချင့်ချိန်နေရပေမယ့် ကြိတ်ချေပြီးအဖတ်များ လုံးဝစစ်ထုတ်မထားတဲ့ ငှက်ပျောပင်စည်ဖျော်ရည်ခွက်ကို သောက်သုံးခြင်းဖြင့် ဟီမိုဂလိုဘင်နှင့် အင်ဆူလင် ထုတ်လုပ်မှု ပိုမိုတိုးတက်စေပြီး သွေးတွင်းသကြားဓာတ် လျှင်မြန်စွာ တက်မလာအောင် ထိန်းပေးပါတယ်။

၆။ ဆီလမ်းကြောင်းတစ်လျှောက် ပိုးဝင်းတတ်သည့်ရောဂါ ဥပမာ-အဖြူဆင်းတာများရင် ကုတ်ဖဲ့မိသည်မှ ပိုးဝင်တတ်ပါတယ်။ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်တော့ ငှက်ပျောပင်စည် ဖျော်ရည်တစ်ခွက် သောက်ပေးပါ။

ဒီနည်းလမ်းကို လူအတော်များများ မသိတာလည်းပါတယ်။ ငှက်ပျောပင်စည်ကို ရက်ကြာကြာ ထိန်းသိမ်း ရတာလည်း မလွယ်တဲ့အတွက် မိမိတို့ အစားအသောက်အမယ်ထဲမှာ ထည့်သွင်းလေ့မရှိကြတာ အမှန်ပါ။ နေအိမ်ခြံဝင်းမှာ စိုက်ထားသူအဖို့ကတော့ (၃-၄) လသားရှိတဲ့ ငှက်ပျောပင်စည်ကို အပေါ်ပိုင်း သုံးပုံတစ်ပုံ ဖြတ်ကာ အသုံးပြုပြီး ကျန်တဲ့ထိပ်ပိုင်းကို ပလပ်စတစ်အိတ်လေးတစ်ခု စွတ်လိုက်ရင် ဖြစ်ပါတယ်။ နောက်ပိုင်း လိုသလောက်(၆) လက်မဖြစ်စေဖြတ်ပြီး သုံးလို့ရပါတယ်။

မြို့ပေါ် ငှက်ပျောမစိုက်ထားနိုင်သူတော့ ငှက်ပျောပင်စည်ကို ဝယ်ယူပြီး အရင့်ဖတ်များကို အပြီးဖယ်ထုတ်ကာ အနုဖတ်(၆) လက်မပိုင်းတွေကို ဖြတ်တောက်ပြီးရေ (၄-၅) ခွက်ထည့်ထားတဲ့ ဇလုံထဲမှာ နို့ထောပတ် အနည်းငယ်နှင့်ဆား အနည်းငယ်ထည့်ဖျော်ပြီး စိမ်ထားလိုက်ရင် အရောင်မပျက်ဘဲ အကြာကြီး အသုံးပြုနိုင်ပါတယ်။

သို့သော် အကယ်၍ ငှက်ပျောပင်စည် အစိမ်းစားရန် အစောပိုင်းတုန်းက ဖော်ပြခဲ့သလို ပဲပင်ပေါက်၊ ပဲပြား အစပ်အဟပ်အစုံနဲ့ စားသုံးတာမျိုးမဟုတ်ဘဲ ကြိတ်ဖျော်သောက်မည်ဆိုလျှင် အရသာအနည်းငယ် ခါးသက်နေမည် ဖြစ်သောကြောင့် နည်းလမ်းမျိုးစုံဖြင့် အဝင်ကောင်းအောင်လုပ်ရပါမယ်။

-ငှက်ပျောပင်စည်၊ နွားနို့ထောပတ် အနည်းငယ်၊ သကြားလက်ဖက်ရည်တစ်ဇွန်းနှင့် သစ်ကျပိုးမှုန့် အနည်းငယ် ဖျော်စက်မှာ ရောကြိတ်ပြီး သောက်ပါ။

-ငှက်ပျောပင်စည်၊ သကြားသင့်တော်ရုံ၊ သံပုရာတစ်ခြမ်း၊ ရေထည့်ပြီး ဖျော်စက်မှာထည့်ဖျော် သောက်ပါ။

-ငှက်ပျောပင်စည်၊ ပန်းသီး၊ သကြား လိုသလောက် ဖျော်သောက်ပါ။

-ငှက်ပျောပင်စည်၊ ဒိန်ချဉ်၊ သကြား၊ သရက်သီးမှည့် ဖျော်သောက်ပါ။

-ငှက်ပျောပင်စည်၊ သခွား၊ ပူဒီနာရွက် အနည်းငယ်၊ သကြား ဖျော်သောက်ပါ။

-ငှက်ပျောပင်စည်၊ ကျောက်ဖရုံသီး၊ သကြားအနည်းငယ် ဖျော်စက်မှာ ရောကြိတ်ပြီးသောက်ပါ။

ဆီးချိုဖြစ်နေသူများ၊ ကျောက်ကပ်ကျောက်တည်နေသူများ၊ အစာအိမ်အနာဖြစ်နေသူများ၊ အစာအိမ် အချဉ်ပေါက်နေသူများ ငှက်ပျောပင်စည်ဖျော်ရည်ကို ဆေးအဖြစ်သောက်သုံးမယ်ဆိုရင်တော့ (၁၅၀) ဂရမ် (၉) ကျပ်သားမျှရှိတဲ့ ပင်စည်အနုပိုင်းကို အမျှင်သေချာစွာ ဖယ်ထုတ်ပြီး ကြိတ်ချေကာ အရည်(၂၅)မီလီမီတာ ဟင်းစားဇွန်း သုံးဇွန်းနီးပါးကို မည်သည့်အရောအနှောမှ မပါဝင်စေဘဲ ရက်(၂၀) တိတိ သောက်ပေးနိုင်တယ်။ ဆေးဖြစ်တဲ့ အတွက် အရသာတော့ ကောင်းမှာ မဟုတ်ပါဘူး။ သောက်ပြီး သကြားနည်းနည်းစားလိုက်ပေါ့။ ဆီးချိုသမားကတော့ သကြားစားလို့ရမှာ မဟုတ်ဘူးပေါ့။

ဒီနေရာမှာ ငှက်ပျောပင်စည်ဖျော်ရည် သောက်သုံး၍သော်လည်းကောင်း၊ အခြားသော သံမနိုင်ကျောက်မနိုင်၊ ကျောက်ကွဲရွက်၊ အကြောတစ်ထောင်ရွက်များမှ အစ ဆီးကျောက်တွေကို စွန့်ထုတ်စေနိုင်သော နည်းလမ်းတွေ မြောက်မြားစွာ ရှိနေပေမယ့်လည်း ကျောက်ကပ်နှင့် ဆီးပြွန်တစ်လျှာက်မှာ ဖြစ်တည်နေသော ကျောက်အရွယ်အအအစား ကြီးလွန်းတာနှင့် ဖြစ်ပွားသည့်နေရာပေါ်မှာ မူတည်ပြီး တစ်ခါတစ်ရံမှာ လူကို ဒုက္ခပေးနိုင်သည့်အတွက် ဆီးကျောက်ရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်စေချင်ပါတယ်။

ငှက်ပျောပင်စည်ကို အစိမ်းသုတ်ခြင်း၊ ဖျော်ရည်သောက်သုံးခြင်း၊ ချက်ပြုတ်စားသောက်ခြင်းအတွက် မည်သည့် ဆိုးကျိုးကိုမျှ မပေးသော သဘာဝအစားအစာသာ ဖြစ်သောကြောင့်် အာဟာရအတွက် ဖြစ်စေ၊ ကျန်းမာရေး အကျိုးရရှိစေဖို့၊ နည်းလမ်းကောင်းများသာ ဖြစ်သည့်အပြင်” ဆင်းရဲလို့ ငှက်ပျောအူ စားရတယ်” ဆိုသည့်အတွေများကို ပဘ်ဖျောက်လျက် ငှက်ပျောအူစားလို့ ကျန်းမာရေးကောင်းစေတယ်ဆိုတဲ့ အတွေးကို တွေးကာ လူတိုင်းကိုယ်စီ ကျန်းမာရေးအတွက် အသုံးပြုကြပါဟု ဆန္ဒပြုပါတယ်။

ကိုးကား - ငှက်ပျောစီးပွားဖြစ်စိုက်ပျိုးရေး၊ အာဟာရဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ (မင်းဝင်းထိန်-B.Ag)
 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်