သစ်သီးဝလံစားသုံးခြင်းဟာ လူတို့ရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေတာကို အားလုံးလည်း သိထားကြပါတယ်။ အခုနောက်ပိုင်းကာလတွေမှာ သစ်သီးစားသုံးမှု အရင်ကထက် ပိုများလာတာကိုလည်း တွေ့မြင်နေရပါတယ်။
ဒီတစ်ပတ်မှာတော့ ဂရိတ်ဖရုသီးကိုစားသုံးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဂရိတ်ဖရုသီးစားသုံးခြင်းက ကယ်လိုရီဓာတ်ကိုလျော့ချပေးပြီး၊ အာဟာရတိုးစေတယ်။
(၂) ဂရိတ်ဖရုသီးစားသုံးခြင်းက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
(၃) အစားစားချင်စိတ်ကို တိုးမြှင့်စေပါတယ်။
(၄) ကိုယ်အလေးချိန်တက်မလာအောင် ထိန်းညှိပေးပါတယ်။
(၅) ဆီးချိုရောဂါမတိုးပွားအောင် ထိန်းညှိပေးပါတယ်။
(၆) နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
(၇) ကျောက်ကပ်ပျက်စီးမှုကို လျော့ကျစေပါတယ်။
နန်းထက်ထက်ချစ် (ABM)
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်