မျိုးကိုင်းကိုပျိုးထောင်၍ အညွှန့်ထွက်လာသောအခါ အညွှန့်ကို နွားချေးဆွေးနှင့် အုန်းဆံမှုန့်ရောနယ်ထားသည့် ပွားစာသုတ်လိမ်းပေးထားသော ယာယီတွယ်တိုင်တွင် နွယ်တက်စေရပါမည်။ ပွတက်လာသောနွယ်မှ အဆစ်တိုင်းကို ပွားစာတွင် နှစ်မြှုပ်ပေးပြီး ယာယီတွယ်တိုင်တွင် ချည်နှောင်ပေးထားရပါမည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် ပွားစာထဲတွင် အဆစ်များမှ အမြစ်များ ထွက်လာစေပါသည်။ အဆစ် (၇)မှ (၈)ဆစ်အထိ ရှည်လာသောအခါ မြေမှ အထက်(၃)ဆစ်ကိုချန်၍ ကျန်အဆစ်များကို လေရှူမြစ်များ မထိခိုက်စေဘဲ တစ်ဆစ်စီဖြတ်ယူပြီး ပွားစာနှင့်အတူ ပျိုးဘောင်တွင်ဖြစ်စေ၊ ပျိုးအိတ်တွင်ဖြစ်စေ စိုက်ပျိုးရပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
စိုက်ပျိုးရေးဉီးစီးဌာန