ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ) စိုက်ပျိုးနည်း

24/12/2019 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ) စိုက်ပျိုးနည်း

ပန်းဂေါ်ဖီစိမ်းမှာ ပန်းဂေါ်ဖီအဖြူနဲ့မတူတဲ့အရာကတော့ သူ့မှာဗီတာမင်ဓာတ်တွေ အများအပြားပါဝင်ပြီး အာဟာရရှိကာ လူတွေရဲ့ကျန်းမာရေးကို အများကြီး အထောက်အကူပြုစေပါတယ်။ ဒါ့ကြောင်မို့ ကိုယ်တိုင်အိမ်မှာစိုက်ပြီး စားသုံးနိုင်အောင် စိုက်ပျိုးနည်းလေးကို မျှဝေပေးပါရစေ။

ရာသီဥတု အမျိုးအစား

- ပန်းဂေါ်ဖီအဖြူလိုပဲ အအေးကြိုက်ပြီး အေးမြစွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်ဗျ။

မြေအမျိုးအစား

- မြေအဆွေးဓာတ်ကြွယ်ဝပြီး ရေထုတ်မှုကောင်းတဲ့မြေကို ကြိုက်နှစ်သက်ကြပါတယ်။
- မြေအချဥ်ငန်ဓာတ် ( ၆ )လောက်ရှိတဲ့မြေဆို ပိုဖြစ်ထွန်းတတ်ပါတယ်ဗျ။

စိုက်ပျိုးချိန်

- မြေပြန့်ဒေသမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိစိုက်ပျိုးလို့ရပြီး တောင်ပေါ်ဒေသမှာဆိုရင်တော့ တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ရပါတယ်။

စိုက်ပျိုးခြင်း

- အစေ့တွေကို ပျိုးဗန်း(သို့) ပျိုးဘောင်ပေါ်မှာ လက်မဝက်ခန့် အနက်ထား၍ပျိုးပါ။ မျိုးစေ့ထည့်ပြီး ကောက်ရိုးပါးပါးဖုံးကာ ရေပန်းခရားဖြင့်ရေးလောင်းပေးပါ။
- (၄-၆)ရက်လောက်ဆို အညှောင့်ထွက်လာပါမယ်။( ၅ )ပတ်ခန့်အကြာမှာ ပြောင်းရွှေ့စိုက်လို့ရပါပြီ။
- ညနေပိုင်းမှာ ရွှေ့စိုက်သင့်ပြီး ပျိုးပင်များအမြစ်မနာအောင် ဂရုစိုက်ပြီးနုတ်ပါ။
- ပင်ကြား၊တန်းကြားကတော့ ( ၂ )ပေပတ်လည်ထားပေးပါ။

အပင်ပြုစုခြင်း

- ပြောင်းရွှေ့စိုက်ပြီး ( ၃ )ပတ်အကြာမှာ မြေသြဇာကြွေးပေးပါ။
- နေရောင်ခြည် ကောင်းကောင်းရဖို့လိုပြီး တစ်ရက်ကို အနည်းဆုံး ( ၄-၅ )နာရီ အလင်းရောင်ပေးသင့်ပါတယ်။
- မြေအစိုဓာတ်ကို ထိန်းဖို့ရေကိုနေ့စဥ်ပေးသင့်ပါတယ်။ ရေဝပ်တာမျိုး မဖြစ်ပါစေနဲ့။
- အပင်ရဲ့အမြစ်ဆင်းမှုက တိမ်တာမို့ ရေဝပ်ရင် အမြစ်တွေပုပ်နိုင်ပါတယ်။
- အစိုဓာတ်ထိန်းဖို့နဲ့ ပေါင်းမြက်အန္တရယ်ကာကွယ်ဖို့ မြေဖုံးခြင်း (mulching) လုပ်ပေးပါ။
- အပင် တစ်လသားလောက်ရောက်ရင် ဘေးတက် ဖဲ့ပေး​ခြင်းက ထိပ်ပိုင်းရှိပန်းပွင့်တွေကို ပိုမိုဖွံ့ဖြိုးစေပါမယ်။

ခူးဆွတ်ခြင်း

- ပြောင်းရွှေ့စိုက်ပြီး ( ၂-၃) လအကြာမှာ ခူးဆွတ်လို့ရပါပြီဗျ။
- ခူးဆွတ်ချိန်ကို ထိပ်ဆုံးပန်းပွင့်ကြီးရဲ့ အရောင်ကိုကြည့်ပြီး ဆုံးဖြတ်လို့ရပြီး ပန်းပွင့်ကြီးမှာ အစိမ်းရောင် အဖူးသေးသေးလေးတွေ ထွက်ရင်ခူးလို့ရပါပြီ။
- အဖူးတွေ အဝါရောင်ပန်းမပွင့်ခင်မြန်မြန်ခူးဖို့လိုပါမယ်။
- ပန်းဂေါ်ဖီစိမ်းဟာ ဘေးတက်ပန်းပွင့်တွေလဲ ထွက်တဲ့ အမျိုးမို့ ပထမအကြိမ်ခူးစွတ်ချိန်မှာ ထိပ်ဆုံးက ပန်းပွင့်ကြီးကိုပဲ ခူးရမှာဖြစ်ပြီးနောက် (၂-၃)ပတ် အကြာမှာ ဘေးတက် ပန်းပွင့်တွေကိုလဲ ဒုတိအကြိမ်ခူးဆွတ် လို့ရပါတယ်။
- ဘေးတက် ပန်းပွင့်တွေကတော့ အပင်မသေမချင်း ထွက်​နေမှာမို့ ဆက်လက်ခူးဆွတ်နိုင်ပါသေးတယ်။

စိုက်ပျိုးနည်းလမ်းတွေကိုသိရှိပြီဆိုရင် ဓာတုပိုးသတ်ဆေးကင်းစင်ပြီး အာဟာဓာတ်ပြည့်ဝတဲ့ ပန်းဂေါ်ဖီစိမ်းကို မိမိတို့အိမ်မှာပဲ စိုက်ပျိုးပြီး စားသုံးကြရအောင်လားဗျာ။

ထွန်းရာဇာ

Ref; https://todayshomeowner.com/how-to-grow-broccoli-in-your-vegetable-garden/
https://www.almanac.com/plant/broccoli#


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်