ရှမ်းပြည်နယ်(အောင်ပန်း)တွင် စိုက်ပျိုးရေးသုတေသနဗဟိုဌာန တည်ထောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
ယခုနှစ်အတွင်း အောင်ပန်းမှာ စိုက်ပျိုးရေးနည်းပညာများနဲ့ ပြဿနာများကို အကောင်အထည် ဖော်နိုင်ဖို့အတွက် စိုက်ပျိုးရေးသုတေသနဗဟိုဌာနကို အဆင့်မြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး ကပြောပါတယ်။
“ရှမ်းပြည်နယ်ကိုကိုယ်စားပြုတဲ့ ဗဟိုဌာနတစ်ခု အဆင့်မြှင့်တည်ထောင်သွားမယ်။ ၂၀၁၉-၂၀ နှစ်ကစပြီးတော့ တည်ထောင်သွားမယ်။ ပထမအဆင့်အနေနဲ့ သက်ဆိုင်ရာဒေသတွေမှာ တောင်သူ လိုအပ်ချက်တွေသိဖို့အတွက် ကွင်းဆင်းတဲ့အလုပ်လုပ်မယ်။ တောင်သူတွေအတွက် လိုအပ်တဲ့ဟာတွေ ဆောင်ရွက်ပေးမယ်”
ယခင်နှစ်က စစ်ကိုင်းတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးသုတေသနဗဟိုဌာန တည်ထောင်ရန် စတင်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။
မြန်မာတစ်ပြည်လုံးတွင် စိုက်ပျိုးရေးသုတေသန လုပ်ဆောင်နိုင်ရန်အတွက် ဒေသသုတေသန(၂၅) ခြံသာရှိကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more