အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးသုတေသနဗဟိုဌာန တည်ထောင်သွားမည်

ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးသုတေသနဗဟိုဌာန တည်ထောင်သွားမည်

Green Way
Green Way • Greenovator • 22/08/2019

   ရှမ်းပြည်နယ်(အောင်ပန်း)တွင် စိုက်ပျိုးရေးသုတေသနဗဟိုဌာန တည်ထောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

   ယခုနှစ်အတွင်း အောင်ပန်းမှာ စိုက်ပျိုးရေးနည်းပညာများနဲ့ ပြဿနာများကို အကောင်အထည် ဖော်နိုင်ဖို့အတွက် စိုက်ပျိုးရေးသုတေသနဗဟိုဌာနကို အဆင့်မြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး ကပြောပါတယ်။ 

   “ရှမ်းပြည်နယ်ကိုကိုယ်စားပြုတဲ့ ဗဟိုဌာနတစ်ခု အဆင့်မြှင့်တည်ထောင်သွားမယ်။ ၂၀၁၉-၂၀ နှစ်ကစပြီးတော့ တည်ထောင်သွားမယ်။ ပထမအဆင့်အနေနဲ့ သက်ဆိုင်ရာဒေသတွေမှာ တောင်သူ လိုအပ်ချက်တွေသိဖို့အတွက် ကွင်းဆင်းတဲ့အလုပ်လုပ်မယ်။ တောင်သူတွေအတွက် လိုအပ်တဲ့ဟာတွေ ဆောင်ရွက်ပေးမယ်”

   ယခင်နှစ်က စစ်ကိုင်းတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးသုတေသနဗဟိုဌာန တည်ထောင်ရန် စတင်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။

   မြန်မာတစ်ပြည်လုံးတွင် စိုက်ပျိုးရေးသုတေသန လုပ်ဆောင်နိုင်ရန်အတွက် ဒေသသုတေသန(၂၅) ခြံသာရှိကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျဘက်တီးရီးယားလို့ထင်ပြီးကာဆူကာမိုင်စင်ဖြန်းထားပါတယ်သုံးသပ်ပေးပါအုံးခင်ဗျ ပြီးတော့အသီးထွက်နုန်းလည်းနည်းနေတယ်နောက်ချိုးမြင့်မြေဆီကျွေးရမှာလားခင်ဗျရေခြံတော့မဟုတ်ဘူးဆရာ။

ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု

Biofloc System နဲ့ ငါးမွေးမြူရေးမှာ biofloc စတင်ဖြစ်ဖို့ ဘယ်လိုဆောင်ရွက်ရမလဲ နည်းလမ်းအဆင့်ဆင့်သိချင်လို့ပါရှင်

May Myat Noe Khin • ဖြေကြားချက် 1 ခု

ရွေးချယ်ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fluazifop-p-butyl နဲ့ Quizalofp-p-ethyl နဲ့ ဘာကွာတာလဲ ကြက်သွန်နီခင်းအတွက် သုံးမလို့ပါ ခါတိုင်းက Quizalofp-p-ethyl သုံးပါတယ် ခု ​းေဆိုင်က Fluazifop-p-butyl 25EC ပဲရခဲ့ပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

မုန့်ညှင်းပင်တွေညိုးသေရွက်ခြောက် ဖစ်နေလို့ပါပင်စည်ရိနေပါတယ်ဘာဆေးဖြန်းရမှာလည်းခင်ဗျား

tin shwe • ဖြေကြားချက် 1 ခု

Padamyar FM ကပါရှင် Smart Farming အတွက် interview လေးလုပ်ချင်လို့အစိမ်းရောင်လမ်းကို ဘယ်လိုဆက်သွယ်လို့ရမလဲရှင်

Sumyat Mon • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။