ဥကြက်မအရိုးပွရောဂါ

13/07/2022 15:00 PM တွင် Dr.ညွန့်ရွှေ(မွေးမြူဆေးကု) Dr.ညွန့်ရွှေ(မွေးမြူဆေးကု) မှ ရေးသား

ဥကြက်မအရိုးပွရောဂါ

ဥကြက်မွေးမြူရေးလုပ်ငန်းလုက်ကိုင်နေသူအတိုင်း အတွေ့များသောရောဂါတစ်မျိုးအကြောင်းတင်ပြလိုပါသည်။

Cage ထဲမှာရှိကြက်များမှာအဖြစ်များလို့ cage layer fatigue လို့ခေါ်ပါသည်။ ၎င်းရောဂါကို အလေးထားမှု နည်းသောကြောင့် ပျောက်ကင်းသက်သာရန် အချိန်ကြာမြင့်လေရှိပါသည်။ ကြက်ဥ ဥနှုန်းကို လျစ်လျူရှုထားလေ့ ရှိပါသည်။ ကြာရှည်ခံစားရပါက ခြေထောက်ကောင်းစွာ မထောက်နိုင်သောကြောင့် အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ကာ သေဆုံးနိုင်ပါသည်။

ရောဂါလက္ခဏာ

  • ကြက်ဥ ဥနှုန်းကျခြင်း၊ ကြက်ဥအခွံ့ပါးခြင်း
  • ပြင်းထန်သော အခြေအနေတွင် အရိုးတွင်းကယ်လ်ဆီယမ် လျော့နည်းလာခြင်း
  • အထူးသဖြင့် ကျောရိုးများမှာ လျော့နည်းလာကာ spinal collapse ကျောရိုးများရောင်ကာ မထနိုင်ခြင်းတို့ဖြစ်တတ်ခြင်း
  • ဥကြက်မများ ဥစမ်းကာလ ၂၄-၂၆။ ပတ်သားအရွယ်တွင်အဖြစ်များခြင်း
  • ဥထုတ်လုပ်မှုအများဆုံးအချိန်ဝန်းကျင်တွင်ဖြစ်လေ့ရှိခြင်း
  • အရိုးပွ၊ အရိုးပါးခြင်း(osteoporosis) ၊ ခြေထောက်အရိုးအတွင်းကွေးခြင်း၊ အရိုးသိပ်သည်းဆနည်းခြင်း
  • မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း
  • အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ဓာတ်ဆားဓာတ်လျော့နည်းကာသေဆုံးခြင်း

အသေကောင်ကိုသေချာခွဲစိတ်စစ်ဆေးကြည့်လျှင်

ပုံမှန်ဖွံ့ဖြိုးနေသော အဝါရောင် ဥသိမ် (follicles) ၈-၉ လုံးခန့်တွေ့ရမည်။ ဥခွံပြုလုပ်သော ဂလင်းထဲတွင်လည်း ဥခွံလုပ်နေသည်ကို တွေ့ရမည်။ သို့သော်အမောက်ပြာခြင်း၊

အဆုပ်တွင်သွေးများခဲနေခြင်း (congested lung) အသားများပြာနှမ်းနေခြင်းကိုတွေ့နိုင်သည်။

ဤသို့ဖြစ်ရခြင်းမှာ သွေးတွင်းရှိသော ကယ်လ်ဆီယမ် ဓာတ်ကိုစုပ်ယူပြီး ဥခွံအပြည့်အဝပြီးမြောက်အောင် လုပ်ဆောင်လေ့ရှိသော သဘာဝကို ညွှန်ပြနေခြင်းဖြစ်သည်။

ဖြစ်ပွားရသောအကြောင်းအရင်း

  • ဤအခြေအနေမျိုးသည် ကြက်ဥမစမ်းမီ calcium ပိုမကျွေးမိခြင်း၊ တစ်နည်းအားဖြင့် pre-lay အစာမကျွေးပဲ မဥမီကတည်းက ဥကြက်မစာကျွေးခြင်း (သို့) ရုတ်တရက် အလင်းတိုးပေးခြင်း ( သို့) အစာကို ခွဲတမ်းချ ကန့်သတ်ကျွေးမွေးခြင်းကြောင့် ဖြစ်ရသည်ဟုဆိုပါသည်။
  • အစာအမှုံ (mash) ထဲတွင်ပါဝင်သော ကျောက်မှုန့်များအလွန်သေးလွန်းခြင်း 
  • လှုပ်ရှားသွားလာမှုနည်းခြင်း
  • ကြက်စာတွင် calcium, phosphorus, vitamin D3 မလုံလောက်ခြင်း(သို့) ကြက်ကအစာစားနှုန်းနည်းခြင်း
  • အချို့သော ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ အသားဓာတ်၊ စွမ်းအင်တို့က လျော့နည်းတတ်ပြီး ကယ်လ်ဆီယမ် ပိုများခြင်းကြောင့် နှလုံးကြွက်သားပျက်စီးခြင်း

ကာကွယ်ကုသခြင်း

Battery cage ထဲတွင် မွေးထားသောကြက်မများ မြေပြင်/ကြမ်းခင်းပေါ်သို့ ရွှေ့ပြောင်းရမည်။

အရွယ်ရောက်ချိန် ကိုယ်အလေးချိန်ပုံမှန်ရှိပါက (1.4 kg for Lohmann Brown) calcium ကို အနည်းဆုံး 4% နှုန်းထိမဥခင် ၇ရက်ကျွေးရမည်။

အစာတွင် calciumနဲ့ phosphorus လုံလောက်စေရုံမျှမက 2:1 အချိုးဖြစ်သင့်ပါသည်။

ကြက်များကိုသက်သောင့်သက်သာမှုရှိစေရန် စီမံပေးရမည်။ မဟုတ်ပါက အသက်ရှုမြန်ခြင်းဖြစ်လျှင် ကြက်က calcium ကို ကောင်းစွာအသုံးမချနိုင်သောကြောင့် ဤရောဂါဖြစ်စေပါသည်။ ထို့ပြင် သန်း၊ သံကောင်များ ကြက်အတွက် အနှောင့်အယှက် (stress) မခံရအောင်ရှင်းလင်းပေးရမည်။

Calcium စုပ်ယူရာတွင် Vitamin D3 သည် အရေးပါသောကြောင့် ချို့တဲ့မှုမရှိအောင်တိုက်ကျွေးရမည်။

အစာတွင်မှိုပါခြင်း၊ မှိုဆိပ်သင့်ခြင်းမဖြစ်စေရန် ကာကွယ်ရမည်။မှိုဆိပ်သင့်ပါက အာဟာရစုပ်ယူမှုကို ထိခိုက်စေပါသည်။ ထိုစဉ်ဗီတာမင် D3 ကို ၃-၄ ဆပိုပေးခြင်းဖြင့် ကာကွယ်နိုင်သည်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်