တစောင်းခါးပင်နှင့် သူ၏ဆေးဖက်ဝင်ပုံ

12/08/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တစောင်းခါး

Caralluma adscendens (Roxb.) R.Br.

Caralluma fimbriata Wall. 

Family : Apocynaceae

မနက်စောစော မန်ကျည်းပင်စျေးရောက်တော့ တစောင်းခါး အပင်တွေတွေ့ရတယ်။ အညာဒေသဆိုတော့ အပင်မျိုးကွဲ (plants diversity) က သိပ်မရှိ၊ စျေးထဲရောက်မှ ဒေသထွက်ကုန်တွေကြည့်ပြီး ရေးစရာကုန်ကြမ်းက ရတာမျိုး။ ဒီ အပင်မြင်တော့ ပခုက္ကူကို သတိရမိသည်။ အခုလို မိုးရာသီမှာ ပခုက္ကူစျေးကြီး အပြင်ဖက်တန်းနား လာလာရောင်းသော မှိုအုန်းနက်အသည်တွေကအများကြီး၊ အထုပ်လိုက်စျေးနဲ့ရောင်းကြတာ၊ ဒီရာသီမှာ အပေါဆုံးထဲမှာ တစောင်းခါး ဖြစ်သည်။ ပခုက္ကူက တပည့်တွေက တ​စောင်းခါးကို "ဂဇောင်းခါး"လို့ ခေါ်တာကိုလည်း သတိထားမိသည်။ ဒေသစိယ အခေါ်ဖြစ်မှာပါ။ ပခုက္ကူက တစောင်းခါး ကလည်း ဒေသထွက်ကုန်ထဲမှာ ထင်ရှားပါသည်။ 

ဘယ်လိုစားမလည်း?

ဆရာသာဖြစ်တာ ကျနော်က ဟင်းချက်ရတာကိုလည်း ဝါသနာထုံတယ်။ စျေးကနေ အစိတ်သားလောက်၀ယ်။ အမြစ်ကိုဖယ် ပင်စည်ကို ရေစင်အောင်ဆေး၊  အပင်လေးတွေ အလော်တော်ဖြတ်၊ စဉ့်နီတုံးပေါ်တင်။ ပြီးရင် ဒါးပြားကြီးကြီးနဲ့ခပ်ပြားပြားလေးဖြစ်အောင် ရိုက်ချ၊ မချက်ခင် အရောင်မဲမသွားရအောင် ဆားရည်ထဲ ခဏလေးစိမ်ထား၊ ကြက်သွန်ဖြူနည်းနည်းကို ဆီသပ်ထား နနွင်းနဲ့ အရောင်တင်မှုန့် သင့်ရုံသုံး၊ သူနဲ့ အလိုက်ဖက်ဆုံးက “ပုဇွန်ခြောက်” ဘဲ (ကိုယ့် အကြိုက်ပြောတာနော်)။ ပုဇွန်ခြောက်လေးကို ညက်ညက်လေးထောင်း၊ ပင်စည်ပြားပြားလေးနဲ့ ၂ ခုကို ရောပြီးကြော်စားလိုက်ရင် အရသာက ချဉ်ခါးသက်သက်လေးမို့ ဆွေမျိုးမေ့လောက်သည်။ ကြိုက်တတ်ရင် အသားတမျိုးမျိုးနဲ့လည်း ရောချက်စားလို့လည်းရသည်။  

အခုဆို သဘာ၀ပိန်ဆေးအနေ နဲ့ တစောင်းခါး ကိုစားနေကြပါပြီ။ သူ့ဓါတ်က သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။ အညာဒေသမှာ ဘယ်အိမ် သွားသွား အလကားယူလို့ရသော  တဇောင်းခါး အပင်က ရန်ကုန်လိုမြို့ကြီးတွေမှာ ရှာရတာ မလွယ်လှပါဘူး၊ super market ကြီးတွေအပေါ်မှာ စျေးကြီးပေး၀ယ်စားကြရတယ်။

 

ဆေးဖက်၀င်ပုံ 

တစောင်းခါးက ကိုလက်စထရော ကျစေသလို နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။ အမျှင်ဓါတ် fibers ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။ အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။ တစောင်းခါး စားသုံးခြင်းဖြင့် ဆာလောင်ခြင်း ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။ 

အပင်သရုပ်

နှစ်ရှည်ခံသော အရည်ရွှမ်းသည့် အရွက်ကင်းသည့် ပင်ပျော့တစ်ပင်သာ ဖြစ်သည်။ အပင်ကို ဖြတ်ပါက ရေကဲ့သို့သော အရည်ထွက်သည်။ ပင်စည်အရောင်က အစိမ်းပုပ် dark green အရောင်ဖြစ်သည်။ အလွန်ကိုင်းဖြာကာ ထောင်မတ်သည်။ ပင်စည်သည် ထောင့် ၄ ထောင့်ပါသည်။ အရသာ ခါးသည်၊ အရွက်လေးတွေက သေးငယ်သည်၊ အကြွေမြန်သည်၊ ရွက်ညှာ မရှိ၊ ရွက်သားပြောင်ပြီး ရွက်လယ် အကြော မထင်ရှား။ ပန်းခိုင်သည် ကြားထွက်ဖြစ်ပြီး အများအားဖြင့် တပွင့်ထီးထီး solitary ထွက်လေ့ရှိပါတယ်။ တခါတလေ ၂ ပွင့်ထွက်တတ်သည်။ လှံသွားပုံ lanceolate ပွင့်ခံရွက် bracts ရှိသည်။ ပန်းပွင့်က အရွယ်သိပ်မကြီး ၊ ပွင့်ညှာ pedicel ရှိသည်။ သို့သော် တိုသည်၊ ပွင့်ခံရွက်အုံ calyx က ၅ ခုကွဲနေသည်၊ အဝိုက် ၅ ခုက လှံသွားပုံရှိသည်၊ ထိပ်ဖြားက ချွန်သည်၊ အစိမ်းရောင်ဖြစ်သည်။ ပွင့်ချပ်အုံ crolla ကလည်း ၅ခုကွဲနေသည်၊ ပုံစံက broadly campanulate ကျယ်သော ခွက်ပုံဖြစ်သည်။ ပွင့်ချပ်အုံ အဝိုက်လေးတွေက သေးသွယ်ပြီး linear ပုံစံဖြစ်သည်။ 

အနားမှာ ထင်ရှားသော ရှည်လျားသည့် ပန်းခရမ်းရောင် အမွှေးလေးများ deep purple hairs ရှိသည်။ ယင်းကဲ့သို့ဖြစ်နေခြင်းကို fimbriate လို့ခေါ်သည်။ ထို့ကြောင့်လည်း မျိုးစိတ် species အမည်ကို  fimbriata လို့ပေးခဲ့တာဖြစ်မည်။ corona staminal က column ကို တွဲဆက်နေတယ်။ သူက ပြွန် ရဲ့ အပြင်ဖက် အနည်းငယ်ထွက်နေပါသည်။ coronal scales ၅ ခုပါသည်၊ အဝိုက်တွေက subulate ပုံစံ ၊ အသားထူသည်၊ stigma ကို အပေါ်က မိုးထားသည်။ Anther တွေက fleshy ဖြစ်ပြီး အဝါရောင် ဖြစ်သည်။ Stigma တွေက တိုသည်၊ ထောင့် ၅ ထောင့်ပါသည်၊ ထိပ်၀က ပိပြားသောပုံစံရှိသည်။ အသီးက အက်ကွဲသီး follicle ဖြစ်သည်။ 

တစောင်းခါး နှင့် တစောင်းချဥ် ဘာကွာလည်း

တစောင်းခါးသည် တစောင်းချဉ် Caralluma umbellata နှင့် မျိုးစိတ် အလွန်နီးစပ် နှီးနွယ်ပါသည်။ အပင်ပုံစံလည်း ဆင်တူတာမို့ ခွဲရခက်ပါသည်။ သေချာတာကတော့ အရသာ ခါးသက်ခြင်းဖြစ်သည်။ နောက်ပြီး တဇောင်းချဉ်ပန်းပွင့်လေးက ကျယ်ပြန့်သော ခွက်ပုံ corolla ပွင့်ချပ်အုံပြွန် ပါသည်။ တစောင်းခါး ပန်းလေးတွေလို fimbrite အမွှေးလေးများ ရှိမနေပါဘူး။ တစောင်းခါး ပန်းလေးတွေက ထီးထီးထွက်လေ့ရှိပြီး တစောင်းချဉ် ပန်းလေးတွေကတော့ အစုလိုက်ထွက်ကြသည်။ ပင်စည်ကထွက်သော အတက် အချွန်လေးတွေကြည့်ပြီး အခါး နဲ့ အချဉ် ကို ဒေသခံတွေ ခွဲခြားနိုင်ကြသည်။ 

အစာလည်းဆေး ဆေးလည်းအစာမို့ တစောင်းခါး စားကြစို့လား

ကိုသက်နိုင်ဦး

ဟုမ္မလင်း


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်