ကိုယ်ခံအားကောင်းစေပြီး အရွယ်တင်နုပျိုစေနိုင်တဲ့ ရှီးပဒီး

10/08/2021 13:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

    တွေ့ရခဲတဲ့ ခူကောင်နဲ့ မှိုတစ်မျိုးတို့၏ ပေါင်းစပ်မှုတစ်မျိုးဖြစ်တဲ့ ရှီးပဒီးကို ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်ဆေးစာအုပ်တွေ၌ ဖော်ပြခဲ့ကြပါတယ်။ ရှီးပဒီးများသည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၈၀၀ မီတာခန့်လောက်မှာ ကြီးထွားကြပြီး မြန်မာနိုင်ငံမှာဆိုရင် ကချင်ပြည်နယ်ရဲ့ရေခဲတောင်ပေါ်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ရှီးပဒီးကို အစားအစာ၊ ဆေးဝါး၊ အဆိပ်တို့အဖြစ် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုကြပါတယ်။ 

    ရှီးပဒီးဖြစ်ပေါ်လာပုံကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ ရှီးပဒီးတွေက ကပ်ပါးမှိုတစ်မျိုးကနေ စတင်လာခဲ့တာပါ။ အင်းစက်ရဲ့ သားလောင်းအဆင့်ပေါ်မှာ ကပ်ပါးမှိုတစ်မျိုးအဖြစ်နဲ့ ရှင်သန်လာကြပြီး မှိုတွေကြီးထွားတာနဲ့အမျှ ၎င်းတို့ရဲ့လက်ခံပိုးလောင်းတွေကို သိမ်းယူလိုက်ကြတာ။ ပိုးလောက်ကောင်တွေနေရာမှာ ၎င်းတို့ရဲ့တစ်ရှူးများကို အစားထိုးကာ ပိုးလောင်းတွေရဲ့ခန္ဓာကိုယ်ကနေ သေးသွယ်တဲ့ပင်စည်အနေနဲ့ ရှင်သန်လာကြပြီး ရှီးပဒီးများဖြစ်လာကြတာပါပဲ။ ရှီးပဒီးများသည် မြေအောက်တွင် ၆ လက်မခန့် အရှည်ရှိပါတယ်။ ရှီးပဒီးများကို များသောအားဖြင့် ဧပြီလကနေ သြဂုတ်လထိ ရိတ်သိမ်းကြပါတယ်။ ရိတ်သိမ်းပြီးတဲ့ရှီးပဒီးများကို အခြောက်ခံပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ ရောဂါများနှင့် အမျိုးသားများခွန်အားတိုးပွားစေခြင်းတို့တွင် အသုံးများကြပါတယ်။ မျိုးစိတ်ပေါင်း ၄၀၀ ကျော် ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း Cordyceps sinensis နဲ့ Cordyceps militaris မျိုးစိတ်နှစ်ခုကိုသာ ကျန်းမာရေးအတွက် အဓိကအသုံးပြုကြကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကျန်းမာရေးအရ အကျိုးပြုတဲ့ အချက်အချို့ကို ဖော်ပြပေးချင်ပါတယ်။

ဆေးဖက်ဝင်တဲ့အချက်များ

    ရှီးပဒီးရဲ့ဆေးဖက်ဝင်ပုံကတော့ ပြောမဆုံးပါပဲ။ သဘာဝအလျောက် ရရှိဖို့မလွယ်သလို ဈေးလည်းမြင့်ပါတယ်။ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဆေးဝါးများလည်း ရှိပါတယ်။

အားကစားစွမ်းရည်ကို မြှင့်တင်ပေးတယ်

    အားကစားလုပ်တဲ့အခါ စွမ်းအင်တွေကို ကြွက်သားတွေဆီပို့ပေးတဲ့ အရေးပါတဲ့မော်လီကျူး adenosine triphosphate (ATP) ကို ရှီးပဒီးက တိုးစေပါတယ်။ အထူးသဖြင့် အားကစားလုပ်နေစဉ်တွင် ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ကိုတိုးစေပါတယ်။ ဒါပေမဲ့ သုတေသနအကြံပြုချက်အရ လေ့ကျင့်သင်ကြားနေကြတဲ့ အားကစားသမားများအတွက်တော့ အကျိုးဖြစ်ထွန်းမှုမဖြစ်တာ တွေ့ရှိခဲ့ရပါတယ်။

အကျိတ်အတွက် ဆန့်ကျင်သောအကျိုးသက်ရောက်မှု

    မကြာသေးမီနှစ်တွေက အကျိတ်ကြီးထွားမှုကို နှေးကွေးစေတဲ့အချက်ဟာ ရှီူးပဒီးကိုစိတ်ဝင်စားတဲ့ အချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ သုတေသနေတွေအရ ရှီးပဒီးသည် အဆုတ်၊ အရေပြား၊ အသည်းနဲ့ အူမကြီးကင်ဆာတွေကြီးထွားမှုကို ဟန့်တားပေးကြောင်း တွေ့ရှိကြပါတယ်။ ကြွက်များတွင် လေ့လာမှုတွေအရ ပြန်ရည်ကျိတ်ကင်ဆာ၊ အရေပြားကင်ဆာနဲ့ အဆုတ်ကင်ဆာ တို့ကိုတားဆီးပေးတာကိုတွေ့ရှိရပါတယ်။ 

ဆီးချိုသွေးချိုအမျိုးအစား(၂) ကိုကုသပေးနိုင်တယ်

    ဆီးချိုသွေးချိုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်တွင်း အင်စူလင်ဟော်မုန်းကို မထုတ်ပေးတော့ပါ။ ၎င်းဟော်မုန်းက စွမ်းအင်အတွက် သကြားဓာတ်ကို ဆဲလ်အတွင်းသို့ ပို့ပေးပါတယ်။ ခန္ဓာကိုယ်က အင်စူလင်ကို လုံလောက်စွာမထုတ်ပေးတော့ဘူး၊ ကောင်းမွန်စွာ မတုန့်ပြန်တော့ဘူးဆိုရင် ဂလူးကိုစ့် (သကြားဓာတ်) သည် ဆဲလ်ထဲသို့မဝင်နိုင်တော့ဘဲ သွေးတွင်းတွင် ရှိနေတတ်ပါတယ်။ သွေးတွင်း သကြားဓာတ်များလာတဲ့အခါ ဆီးချို သွေးချို ဖြစ်လာတတ်တာပါပဲ။ ရှီးပဒီးက သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်လို့လည်း ကြွက်များတွင် လေ့လာမှုများအရ တွေ့ရှိရပါတယ်။

ကျောက်ကပ်ကိုလည်း သန့်စင်စေတယ်

    ကျောက်ကပ်အစားထိုးလုပ်ငန်းများတွင် အသုံးပြုကြသည်ဟုလည်း တွေ့ရပါတယ်။ ဆီးလမ်းကြောင်းအတွက် ကောင်းမွန်စေပြီး ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်ပါတယ်။ 

နှလုံးအားကောင်းစေတယ်

    တရုတ်နိုင်ငံတွင် နှလုံးခုန်နှုန်းနဲ့ပတ်သက်တဲ့ နှလုံးခုန်နှုန်းနှေးခြင်း၊ အလွန်မြန်ခြင်း စတဲ့ နှလုံးခုန်နှုန်းမမှန်ခြင်းအတွက် ကုသဆေးအဖြစ် ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။ ထို့အပြင် သွေးတွင်း မကောင်းတဲ့ကိုလက်စထရောကိုလည်း လျော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ကိုယ်ခံအားကောင်းစေပြီး အရွယ်တင်နုပျိုစေနိုင်တဲ့ ရှီးပဒီးပါပဲ။

Ref: https://www.healthline.com/nutrition/cordyceps-benefits#TOC_TITLE_HDR_7

https://www.ncbi.nlm.nih.gov/pmc/articles/PMC3121254/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်