ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
-ငါးရံ့သည်သဘာဝရေပြင်၌မျိုးပွားရာသီမတိုင်မှီ၊ ဥချရန် အသိုက်များကို ကြိုတင်ပြုလုပ်လေ့ရှိသည်။အပင်ငယ်လေးများ ဝိုင်းရံလျက်အသိုက်ပြုလုပ် ကြသည်။
-မုတ်သုန်ရာသီအစပိုင်း၌မြောင်း၊ ကန်နှင့်လယ်ကွင်းများ၌ မိတ်လိုက်ဥချလေ့ ရှိကြသည်။ ငါးသားပေါက်များကိုမိဘများက စောင့်ရှောက်လေ့ရှိကြသည်။ .
-မျိုးငါးမ/ ငါးထီးများကိုသဘာဝရေပြင်မှ သို့မဟုက် မွေးမြူရေးကန်များမှကြိုတင် စုဆောင်းယူပြီး မျိုးငါးပြုစုကန်ထဲ၌ ပရိုတိန်း၃၅% ရှိသောအစာကို ကျွေးပြီး ပြုစုထားရမည်။
-မျိုးပွားရာသီ၌ မျိုးပွားရန်အတွက်သင့်တော်သော မျိုးငါးမ/ငါးထီးများကို ရွေးချယ်ပြီး မြေပေါ်လှောင်ကန်များထဲ၌ ဆေးထိုးကာ မျိုးပွားယူနိုင်ပါသည်။
-ငါးလှောင်ကန်များ၌ ဗေဒါပင်များကိုရေမျက်နှာပြင်ထက်ဝက်ခန့် ဖုံးအုပ်ထား ပေးရသည်။ မျိုးငါးအမများကို Ova prim ဟော်မုန်းဆေး 0.5 mL / kg နှုန်းဖြင့် ထိုးပေးပြီးအထီးကို 0.25 ml/kg နှုန်းဖြင့်ထိုးပေးရမည်။

-ထို့နောက် မျိုးငါးများကို ဥချလှောင်ကန်ထဲသို့ထည့်ပေးရသည်။
-ဟော်မုန်းဆေးထိုးပြီး ၂၄နာရီမှ၂၆ နာရီခန့်အတွင်း မိတ်လိုက်ဥချကြသည်။ ဥများမှာရေထဲ၌ ပေါလောမျောနိုင်ပြီး၊ ရွှေဝါရောင် အဆင်းရှိသည်။ စေးကပ်မှုမရှိပါ။
- ထို့နောက်ဥများကိုဥဖောက်ကန်များနှင့် ရေလည်ကတော့ (Hatchig Jar) သို့ ပြောင်းရွှေ့ရမည်။
-ရေအပူချိန် 29°C ၌ ၂၃နာရီမှ၂၄ နာရီအတွင်းတွင် ဥမှငါးမှုန်များပေါက်ပါသည်။ ဥမှငါးမှုန်များရရှိနှုန်းမှာ၈ဝ-၈၅ % ခန့်ရှိပြီး၊အရွယ်အားဖြင့်0.2 mm ခန့်ရှိသည်။
- ၃ရက်အကြာတွင်၎င်းတို့တွင်ပါလာသော ဥအစာအိတ် (Yolk Sac) များ ကုန်ခမ်း လေ့ရှိသည်။
-နှစ်ရက်ခန့်အကြာ၌ငါးမှုန်များသည်အထက်မှအောက်သို့ ကူးခတ်နိုင်ကြသည်။ အစာအဖြစ်ကြက်ဥအနှစ်ကို ကြိတ်၍ရေနှင့်ဖျော်ကာစတင်ကျွေးရသည်။
- ထို့နောက်တဖြည်းဖြည်းချင်း ငါးကြိတ်သားနှင့် ရေတီများကိုလည်း ကျွေးနိုင် ပါသည်။၂၀ရက်ခန့်ပြုစုပြီး သားပေါက်ကန်သို့ထည့်သွင်းမွေးမြူ နိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နေပိုင်
လွန်ခဲ့သော ၃ နှစ် ကစကားခွက်ပေါပျန်ခင်းလိုရပါသ လား
kkkk
လွန်ခဲ့သော ၄ နှစ် ကကချင်ပြည်နယ်ဖက်မှာ ငါးသားဖောက်ရောင်းတဲ့ နေရာရှိမရှိသိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
တစ်ပိုင်တစ်နိုင် ငါးခူမွေးချင်လို့ပါ။ အခုမှစမွေးမှာမို့ တာပေါ်လင်ကန်ဖြင့်မွေးချင်ပါတယ်။ ငါးခူသားပေါက် အစာ ဆေး အစရှိတာတွေကို ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲခင်ဗျာ့။ ပုသိမ်မြို့နှင့်အနီးတဝိုက်ဆိုပိုအဆင်ပြေပါတယ်ခင်ဗျာ့။
wai lwin oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from Rio Amora
အားလုံး
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022
ငါးမွေးမြူရေးနှင့် ရေအရည်အသွေးစီမံခန့်ခွဲမှု အပိုင်း(၂)
13/05/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....