ငုံးမွေးမယ်ဆို ဘယ်အရွယ်ငုံးငယ်လေးတွေ ရွေးသင့်လဲ..

07/02/2022 17:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ငုံးစတင်မွေးမြူမယ်ဆိုရင် ငုံးငယ်ကလေးများ ရွေးချယ်ဝယ်ယူမှုမလုပ်တတ်၊ ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်တတ်ပါက ဆုံးရှုံးမှုများနိုင်တာကြောင့် သတိပြုသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်..။

ငုံးမွေးမြူသူတွေအနေနဲ့ အောက်ပါအရွယ်အစားရှိတဲ့ ငုံးကလေးများကို  ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်..။

- ပေါက်ကာစ ၂ ရက်သားငုံးကလေးများ 

- ၇ ရက်သား ငုံးကလေးများ

- ၁၄ ရက်သား ငုံးကလေးများ

- ၂၁ ရက်သား ငုံးကလေးများ 

-၂၈ ရက်(မီးလွတ်)သား ငုံးကလေးများ

- ၃၅ ရက်သား ငုံးကလေးများ

- ၄၅ ရက်သားငုံးကလေးများ ဆိုပြီး ဖြစ်ပါတယ်..။

၂ ရက်သားနဲ့ ၇ ရက်သားငုံးကလေးတွေကို ဝယ်ယူမွေးမြူမယ်ဆိုရင်တော့ တစ်နေရာကနေ တစ်နေရာသို့ အလွယ်တကူ ပြောင်းရွှေ့ယူဆောင်နိုင်ဖို့ ခက်ခဲပါတယ်..။ ဘာလို့လဲဆိုတော့  ငုံးကလေးတွေဟာ အပူငွေ့ဓာတ်ပေးထားရဆဲဖြစ်လို့ အပူငွေ့ဓာတ်အဆက်မပြတ် ရရှိနိုင်စေမှသာ စိတ်ချရမှာ ဖြစ်ပါတယ်..။

အဲ့ဒီအရွယ်အစား ငုံးလေးတွေကို တစ်နေရာကနေ တစ်နေရာသို့  သယ်ယူရာမှာလည်းကောင်း ၊ ခွဲထုတ် ရေတွက်ကြတဲ့အခါမှာလည်းကောင်း အချိန်ကြန့်ကြာတာတွေရှိနိုင်ပါတယ်..။ အဲ့ဒီလို ကြားကာလအချိန်တွေမှာ အပူငွေ့ဓာတ်အဆက်ပြတ်သွားပြီး အအေး ဒဏ်ခံရမယ်ဆိုရင် မမျှော်လင့်ဘဲ ငုံးလေးတွေ သေကြေပျက်စီးတတ် ပါတယ်..။  အဲ့ဒီတော့..မိမိသယ်ဆောင်လိုတဲ့နေရာမှာ ငုံးကလေးတွေရောက်ရောက်ချင်း အပူငွေ့ပေးတဲ့အိမ်မှာ ရက်၂၀ သားအထိ အပူငွေ့တစ်ဆက်တည်း ပေးထားဖို့လိုမှာ ဖြစ်ပါတယ်..။

၁၄  ရက်သားကနေ ၂၁ ရက်သားငုံးကလေးတွေကို ဝယ်ယူ မွေးမြူမယ်ဆိုရင်လည်း အပူငွေ့ပေးအိမ်ကို အဆင် သင့်အနေနဲ့ အနွေးပေးအိမ်ကလေးများ ပြုလုပ်ထားရှိရပါမယ်..။ အဲ့ဒီအပူ ငွေ့ပေးအိမ်ထဲမှာ ၂၈ ရက်သားအထိ အပူငွေ့ ဆက်တိုက်မပြတ် ပေးထားရမှာဖြစ်ပါတယ်..။

ဆိုတော့..ဘယ်လိုပဲဖြစ်စေ မီးမလွတ်သေးတဲ့ ငုံးငယ်ကလေးတွေကို ဝယ်ယူမွေးမြူမယ်ဆိုရင် အဆင်သင့် အနွေး ဓာတ်ပေးအိမ်ကလေးတွေကို ငုံးကောင်ရေအလိုက် ပြုလုပ်ထားရမှာဖြစ်ပါတယ်..။

အကောင်းဆုံးကတော့ ၂၈ ရက်သား(မီးလွတ်)ငုံးကလေးတွေကို ဝယ်ယူမွေးမြူခြင်းပါပဲ..။ အဲ့ဒီ ရက်သား ငုံးလေးတွေကို ဝယ်မွေးမယ်ဆိုရင်..

- ငုံးကလေးများ ကြီးထွားမှု တူညီခြင်း။

- အရွယ်အစား တညီတည်း ဖြစ်လာခြင်း။

-အစာကျွေးရာမှာ ကုန်ကျစရိတ်တူညီခြင်း။

- ငုံးအိမ်တည်ဆောက်ရာမှာ တစ်ညီတည်း တည်ဆောက်ရလို့ လုပ်ငန်းတွင်ကျယ်ပြီး ကုန်ကျစရိတ် သက်သာခြင်း

- ဥတဲ့အရွယ်ရောက်ရင် တစ်ပြိုင်တည်း ဥလို့ အများအပြားထုတ်လုပ်ရောင်းချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာဖြစ်ပါတယ်..။

မွေးတော့မယ်ဆိုရင်တော့ ငုံးကောင်ရေ  ၉၅-၁၂၀ ကောင် အထိဆံ့တဲ့ ပုံစံ ၊အစာခွက်၊သောက်ရေခွက်နဲ့ ချေးခံ ခွက်များ စနစ်တကျ ပြုလုပ်မွေးမြူဖို့လိုမှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်..။

မှီငြမ်း-ဆရာ သိပ္ပံသန်းအေး၏ “ ငုံးမွေးမြူရေး”အကြောင်းမှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်