ရာသီဥတုပြောင်းလဲခြင်းနှင့် တိုတောင်းသည့် ငါးမွေးရာသီတွင် ငါးမွေးမြူခြင်းနည်းလမ်းများ
သင့်ငါးမွေးမြူရေးရာသီ ကာလတိုတောင်းနေပါက မည်သည်တို့ကို သင်လုပ်နိုင်သနည်း။
ကြိုတင်အစီအစဉ်ချခြင်း
ငါးကန်၏ တည်နေရာအား အစကနဦး မြေနေရာရွေးချယ်ချိန်မှစပြီး မှန်ကန်စွာရွေးချယ်ခြင်းသည် နှစ်ကုန်ပိုင်းတွင် ရေခန်းခြောက်မည့် အလားအလာကို လျော့နည်းစေသည်။ ငါးကန်တစ်ခုရွေးချယ်ရာတွင် မြေဆီလွှာအမျိုးအစား၊ ရေပေးဝေမှု အကြိမ်အရေအတွက်နှင့် ရေရရှိသည့်ရာသီ၊ သူခိုး ခိုးမှုအန္တရာယ်နှင့် ရေကြီးမှုအန္တရာယ်ကို မည်သို့ လျှော့ချနိုင်သည်တို့ကို ဂရုတစိုက် စဉ်းစားရန်လိုအပ်ပါသည်။ ဖြစ်နိုင်ပါက မြေအမျိုးအစားပြ မြေပုံကို စစ်ဆေးပြီး ရွှံ့စေးပါဝင်မှုနည်းသည့် မြေဆီလွှာများကို ရှောင်ရှားရပါမည်။ ၎င်းမြေအမျိုးအစားသည် ရေကို ထိန်းသိမ်းထားနိုင်မှု မရှိပါ။

သဲနုန်းမြေများအတွက် ငါးကန်အား မြေဩဇာကောင်းကောင်း ကျွေးရန်လိုအပ်ပါသည်။ သို့မှသာ သဘာဝမျှောလှေးများ ပေါက်ပွားမှုကို အားပေးမည်ဖြစ်ပါသည်။ ၎င်းသဘာဝမျှောလှေးများသည် ငါးကန်အောက်ခြေတွင် ဗန်သစ် ဇုန်အလွှာ တည်ဆောက်မှုကို ဖြစ်ပေါ်စေပါသည်။ ၎င်းတို့သည် သဲနုန်းမြေဆန်သည့် ငါးကန်အောက်ခြေရှိ မြေလွှာတွင်ရှိသည့် သေးငယ်သည့် အပေါက်ငယ်လေးများအား ပိတ်ဆို့ပေးမည် ဖြစ်ပါသည်။
ရာသီတို ငါးမွေးမြူရေးအတွက် ရွေးချယ်စရာနည်းလမ်းများ
- ဆည်ရေသွင်းစနစ်များ အသုံးပြုစိုက်ပျိုးသည့် စပါးစိုက်ခင်းများအား အသုံးပြုပြီး ငါးသားပေါက်များအား ထုတ်လုပ်ထားနိုင်ပါသည်။ ထို့နောက် ရာသီအလိုက်မွေးမြူသည့် ငါးကန်များတွင် မိုးရေအပြည့်အဝရရှိသည့်အခါ ငါးသားပေါက်များအား ၎င်းကန်များအတွင်းသို့ ပြောင်းရွှေ့ထည့်သွင်းပြီး မွေးမြူနိုင်မည် ဖြစ်သည်။

- ကုန်းမြင့်ဒေသများတွင် တစ်နှစ်ပတ်လုံးရေရှိသည့် အသားတိုးငါးမွေးကန်များတွင် ဆောင်းတစ်ရာသီလုံး ငါးများကို မွေးမြူထားပါ။ ထိုသို့မွေးမြူရာတွင် ငါးအကောင်အရေအတွက်အား ပုံမှန်ထက် ပိုမိုထည့်သွင်းမွေးမြူထားပါ။ ထို့နောက် ရာသီအလိုက် မွေးမြူသည့် ငါးကန်များ မိုးရေအပြည့်အဝရရှိသည့်အခါ နှစ်ချို့ငါးသားပေါက်များအဖြစ် ချက်ချင်း ထည့်သွင်းမွေးမြူနိုင်မည်ဖြစ်ပါသည်။
- ဈေးကွက်တွင် ရောင်းချနေသည့် အရွယ်ရှိသည့် တိုင်းရင်းငါးငယ်များအား မွေးမြူပါ။ ၎င်းတို့ကို မွေးမြူပြီး (၆)ပတ်အကြာမှစပြီး ကွင်းတားပိုက်ကို အသုံးပြုပြီး ရွေးချယ်ဖမ်းယူခြင်းစနစ်ဖြင့် ဖမ်းယူနိုင်ပါသည်။ ထို့နောက် တိုင်းရင်းငါးငယ်များအား (၂)ပတ် (၁)ခါ ဖမ်းယူနိုင်ပါသည်။


- ရေအနက် (၃-၄) ပေရှိသည့် ရာသီအလိုက် ငါးမွေးမြူသည့်ကန်များတွင် တိုင်းရင်းငါးငယ်များကိုသာ ထည့်သွင်းမွေးမြူပါ။ မွေးမြူပြီး (၆)ပတ်အကြာမှ စပြီး ရွေးချယ်ဖမ်းယူခြင်းစနစ်ဖြင့် စတင်ဖမ်းယူနိုင်ပြီဖြစ်ပြီး (၂) ပတ်ခြား (၁) ခါ ဆက်လက်ဖမ်းယူသွားနိုင်မည် ဖြစ်ပါသည်။
- ပလတ်စတစ်အပါးလွှာအုပ်ထားသည့် တာပေါ်လင်စများ ဖြင့် WISH ငါးကန်ပြုလုပ်ပြီး မွေးမြူရန် စဉ်းစားပါ။
- ရေကယားအိုးများ၊ ကွန်ကရစ်ကွင်းများ၊ ငါးကန်ငယ်များတွင် လေရှူသည့် ငါးမျိုးများဖြစ်သော အထူးသဖြင့် ငါးခူ(Clarias catfish) နှင့် ငါးပြေမ ငါးမျိုးများအား (Anabas testudineus) မိသားစုစားသုံးနိုင်ရန်အတွက် မွေးမြူရန် စဉ်းစားပါ။
- ဆည်မြောင်း၊ တူးမြောင်းများအား ရေပေးဝေရေး ရေလှောင်ကန်များတွင် ငါးကို လှောင်ကန်များ လှောင်ချိုင့်များဖြင့် မွေးမြူရန် ဖြစ်နိုင်ချေ ရှိ/မရှိ ဒေသန္တရ အစိုးရအာဏာပိုင်များနှင့် ဆွေးနွေးတိုင်ပင်ပါ။
- ရေတွင်ပျော်ဝင်စေသည့် အောက်ဆီဂျင် ပိုမိုများပြားလာစေရန်နှင့် ငါးထိန်းသိမ်းသိုလှောင်နိုင်စွမ်းကို တိုးမြင့်နိုင်ရန်အတွက် လေဝင်လေထွက်ကောင်းစေသော စနစ်များ တပ်ဆင်ခြင်းကို စဉ်းစားပါ။
- ငါးကန်အတွက် တစ်စိတ်တပိုင်း အရိပ်ပေးခြင်းနှင့် မိသားစုအတွက် စွမ်းအင်ပံ့ပိုးမှုအနေဖြင့် အသုံးပြုသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများအား ငါးကန်၏ အပေါ်တွင် တစ်စိတ်တစ်ပိုင်း တင်ထားရန်အတွက် စဉ်းစားပါ။ ထိုကဲ့သို့ ထားခြင်းအားဖြင့် ကန်အတွင်းမှ ရေငွေ့ပြန်မှုလျော့နည်းစေမှာ ဖြစ်ပါသည်။
- မြစ်အတွင်း ငါးဖမ်းသူများအတွက် ငါးစာအပါအဝင် ငါးအသေးအရွယ်အစားများအား ရောင်းချနိုင်မည့် အခြေအနေများအား လေ့လာပါ။ တို့အတူ ငါးငယ်များအား အခြောက်ခံခြင်း၊ ကြပ်တင်ခြင်း၊ ဆားနယ်ခြင်းတို့ဖြင့် အဆာပြေစားစရာ အစားအစာပြုလုပ်သူများထံ ရောင်းချနိုင်မည့် နည်းလမ်းများအားလည်း လေ့လာထားပါ။
ကန်ရေပမာဏ စတင်ကျဆင်းချိန်တွင် ရွေးချယ်စရာများ
ပတ်ဝန်းကျင်ရှိ ရေထုအတိုင်းအတာ လျော့နည်းလာခြင်းနှင့် ငါးကန်အတွင်းရှိ ရေမျက်နှာပြင် လျော့နည်းလာခြင်း သို့မဟုတ် ငါးကန်ခြောက်သွေ့လာပါက ငါးများကြီးထွားရန် ရာသီတိုတောင်းလာမှာ ဖြစ်ပါသည်။ ၎င်းအခြေအနေတွင် တိုက်ရိုက်အကျိုးခံစားခွင့်ရှိသော အိမ်ထောင်စုများနှင့် NGO များအား MYSAP Inlandမှ အောက်ပါတို့ကို စဉ်းစားရန် အဆိုပြုပါသည်။

- အကယ်၍ စီးပွားရေးနှင့် ပတ်ဝန်းကျင်ရေထုအပေါ် ဆိုးကျိုးသက်ရောက်ခြင်း မရှိပါက၊ ကုန်ကျစရိတ်မြောက်များစွာ မရှိပါက ငါးကန်အတွင်းသို့ အနိမ့်အမြင့်စနစ်ဖြင့် ရေများကို ထည့်သွင်းခြင်း၊ ရေစုပ်တင်ခြင်းဖြင့် ငါးကန်တွင်းသို့ ရေဖြည့်ခြင်းတို့ကို ဆောင်ရွက်ပါ။

- ကန်ကို တစ်စိတ်တပိုင်းငါးဖမ်းပြီး ဈေးကွက်ဝင်အရွယ်အစားရှိ ငါးများအား ဖြစ်နိုင်သမျှ အမြန်ဆုံးရောင်းချပါ။ လတ်လတ်ဆတ်ဆတ် ရောင်းချရန်မဖြစ်နိုင်သော ပိုလျှံသောငါးများအား ပြုပြင်ထိန်းသိမ်းထားပါ။ ကျန်ရှိနေသေးသော ငါးများကို ကန်အတွင်း ရေအနည်းငယ်ကျန်သည်အထိ ဆက်လက်မွေးထားပြီးမှ ရောင်းချပါ။
- အကယ်၍ လယ်သမားတစ်ဦး၌ အနီးအနားတွင် အခြားကန်တစ်ခုရှိပါက သင့်ကန်မှ အကြီးဆုံးငါးများအား ဖမ်းခြင်းဖြင့် တစ်စိတ်တပိုင်းငါးဖမ်းခြင်းကို ဆောင်ရွက်ပါ။ ထို့နောက် ရေခန်းခြောက်လာပြီဖြစ်သော သင့်ကန်အတွင်းမှ ရေအား အခြားလယ်သမား၏ ကန်အတွင်းသို့ ပြောင်းရွှေ့သွင်းယူပြီး (အကုန်အကျမများပါက) ကျန်ရှိနေသောငါးငယ်များကို ၎င်းကန်အတွင်းသို့ ဆက်လက်မွေးမြူနိုင်ရန် ရွှေ့ပြောင်းပါ။
- အနီးအနားတွင် ငါးများအား ပြောင်းရွေ့နိုင်သည့် အခြားကန် မရှိပါက ကန်တွင်းမှ ဈေးကွက်ဝင်အရွယ်အစား ငါးကြီးများအားဖမ်းပြီး ရောင်းချပါ။ အကယ်၍ ဈေးကွက်တင်ရောင်းချနိုင်သည့် အရွယ်အစားသို့ ငါးများမရောက်ရှိသေးပါက ၎င်းငါးများကို နှစ်ချို့ငါးသားပေါက်အဖြစ် ငါးအသားတိုးမွေးမြူရန် ငါးကန်အတွင်း ရေအလုံအလောက်ရှိသည့် အခြားတောင်သူမိသားစုသို့ မွေးမြူရန် ရောင်းချပါ။
ယခုဆောင်းပါးကို MYSAP Inland မှပူးပေါင်းပါဝင် ပံ့ပိုးထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....