အပူပိုင်းဒေသရှိ တောင်သူများ ပြည့်ဝသောအသိပညာဗဟုသုတများဖြင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အကျိုးအမြတ်ဖြစ်ထွန်းမည့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ (East-West Seed Knowledge Transfer) နှင့် အစိမ်းရောင်လမ်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာပေးအဖွဲ့ (Greenovator) တို့ အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ပြုလုပ်ခဲ့ပါသည်။
Greenovator အနေဖြင့် Green Way အက်ပလီကေးရှင်းနှင့် အခြားသောဆိုရှယ်မီဒီယာအကောင့်များမှတဆင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ်မှအစ စိတ်ဝင်စားစရာဗဟုသုတများကို အသုံးပြုသူများထံ ပိုမိုကျယ်ပြန့်စွာ ဖြင့် အလွယ်တကူရောက်ရှိစေရေး ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး
ဒေသခံများတောင်သူများအနေဖြင့်လည်း Green Way - အစိမ်းရောင်လမ်း အက်ပလီကေးရှင်းအသုံးပြုခြင်းမှတစ်ဆင့် စိုက်ပျိုးနည်းလမ်းဆိုင်ရာ ဗဟုသုတများကို ရရှိနိုင်မည့်အပြင် မရှင်းလင်းသည်များနှင့် စိုက်ပျိုးစဉ်ကြုံတွေရမည့် အခက်အခဲများ၏ ဖြေရှင်းချက်များကိုပါ မြားနီနည်းပညာပေးအဖွဲ့မှ တိုက်ရိုက်ရယူနိုင်တော့မည်လည်း ဖြစ်ပါသည်။
ထို့ကြောင့် ယခုကဲ့သို့ မြားနီနည်းပညာပေးရေးအဖွဲ့ (East-West Seed Knowledge Transfer) နှင့် အစိမ်းရောင်လမ်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာပေးအဖွဲ့ (Greenovator) တို့ပူးပေါင်း ဆောင်ရွက်မှုသည် လူမှုအသိုက်အဝန်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်စေနိုင်မည်ဟု ယုံကြည်မိကြောင်းပြောကြားရင်း ဂုဏ်ယူစွာ အသိပေးကြေညာလိုက်ရပါသည်။

မြားနီနည်းပညာပေးရေးအဖွဲ့