မဂ္ဂနီဆီယမ်ကို သီးနှံပင်များ စုပ်ယူစားသုံခြင်း၊ မြေဆီလွှာမှ ဆုံးပါးခြင်း နှင့် မဂ္ဂနီဆီယမ် ဓာတ်ပေါင်းများ၊ မြေသြဇာများ

08/12/2017 22:29 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မဂ္ဂနီဆီယမ်ကို သီးနှံပင်များ စုပ်ယူစားသုံခြင်း
သီးနှံပင်များ မြေဆီလွှာမှ မဂ္ဂနီဆီယမ် စုပ်ယူစားသုံးသည့် ပမာဏမှာ ကွာခြားမှုများစွာ ရှိနေသည်။ ထိုသို့ စုပ်ယူသည့်ပမာဏမှာ သီးနှံအမျိုးအစားနှင့် အထွက်နှုန်းပေါ် မူတည်နေသည်။ သကြားမုန်လာပင်များသည် စိုက်ပျိုးမြေ တစ်ဧကမှ တစ်နှစ်တာကာလအတွင်း မဂ္ဂနီဆီယမ်ကို ပေါင် ၈၀ စုပ်ယူစားသုံးသည်။ ပြောင်းပင်များက ပေါင်ချိန်၅၀ စုပ်ယူစားသုံးသည်။ ယေဘူယျအားဖြင့် နှံစားသီးနှံများမှာ မဂ္ဂနီဆီယမ် စုပ်ယူစားသုံးမှုနည်းပြီ မြေအောင်းဥပင်များနှင့် သစ်သီးပင်များက အများဆုံး စုပ်ယူစားသုံးကြောင်း စမ်းသပ်တွေ့ရှိရသည်။

မြေဆီလွှာမှ ဆုံးပါးခြင်း
အကယ်၍ ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ် ကဲ့သို့သော ဓာတ်ဖို မြေသြဇာများ အသုံးပြုပါက မြေဆီလွှာမှ မဂ္ဂနီဆီယမ် စိမ့်ယိုမှုကို ပို၍ ကြီးမားစေသည်။ ဤသို့ ဆုံးပါးမှုမှ မြေဆီလွှာ၏ ဓာတု၊ ရူပ ဂုဏ်သတ္တိများ အပေါ်လည်း မူတည်ပေသည်။ နိုက်ထရိတ် NO3 များကလည်း မြေဆီလွှာမှ မဂ္ဂနီဆိယမ် စိမ့်ယို ဆုံးပါးမှုကို ဖြစ်စေသည်။ စားကျက်များ၊ မြက်ခင်းများတွင် တိရိစ္ဆာန် ကျင်ငယ်ရေနှင့် မစင်ကျသောနေရာတွင် မဂ္ဂနီဆီယမ် ယိုစိမ့်မှု ပို၍ ကြီးမားသည်။ မြေချဉ်များ၊ သဲများတွင်လည်း မဂ္ဂနီဆီယမ် ချို့တဲ့မှု ဖြစ်နိုင်သည်။ ပိုတက်ဆီယမ် စားသုံးမှုများနေသော အပင်အတွင်း မဂ္ဂနီဆီယမ် ရွေ့လျားမှုကို အဟန့်အတား ဖြစ်စေသည်။

မဂ္ဂနီဆီယမ် ဓာတ်ပေါင်းများ၊ မြေသြဇာများ

မဂ္ဂနီဆီယမ် ကလိုရိုဒ် MgCl2 တွင် မဂ္ဂနီဆီယမ် ၂၅ ရာခိုင်နှုန်းပါဝင်သည်။ ထိုမြေသြဇာမှာ ရေတွင် ကောင်းစွာပျော်ဝင်နိုင်သည်။ မြေသြဇာရည် ပြုလုပ်ရာတွင် အသုံးများသည်။

မဂ္ဂနီဆီယမ် နိုက်ထရိတ် Mg(NO3)2. 6H2O ဤမြေသြဇာမှာ ရေတွင်ကောင်းစွာ ပျော်ဝင်နိုင်သည်။ အထူးအသဖြင့် အလှပန်းပင်များနှင့် ဥယျာဉ်ပင်များတွင် အသုံးများသည်။

မဂ္ဂနီဆီယမ် ဆာလ်ဖိတ် MgSo4 7H2O မဂ္ဂနီဆီယမ် ၉ ရာခိုင်နှုန်း ပါဝင်သည်။ သဘာဝတွင် နေရာအနည်းငယ်၌ တွေ့ရသည်။ အင်္ဂလန်ပြည် အက်စွန် Epsom ဒေသတွင် သဘာဝအတိုင်း တွေ့ရှိရသည်။ ယင်းကို Epsom Salt ဟု ခေါ်ခြင်းဖြစ်သည်။ ယင်းကို ပင်လယ်ရေ အသုံးပြုသော လုပ်ငန်းများတွင် ဘေးထွက်ပစ္စည်း တစ်မျိုးအဖြစ် ရရှိမြဲ ဖြစ်သည်။

တိရီစ္ဆာန် အညစ်အကြေးများနှင့် သစ်ဆွေးမြေများ တိရိစ္ဆာန် အညစ်အကြေးများ သစ်ဆွေးမြေကဲ့သို့ သြဂဲနစ် ပစ္စည်းများမှ မဂ္ဂနီဆီယမ် သီးနှံပင်များ ရရှိနိုင်သည်။ သီးနှံပင်များ ကြီးထွားမှု ကာလ တစ်လျောက်လုံးအတွက် လုံလောက်သော မဂ္ဂနီဆီယမ် ပမာဏကို ထိုသြဂဲနစ် ပစ္စည်းများမှ ရရှိနိုင်သည်။

ဒေါ်လိုမိုက် Dolomite MgCo3 ,CaCo3 မဂ္ဂနီဆီယမ် ၆ မှ ၂၀ ရာခိုင်နှုန်း ပါဝင်သည်။ တစ်ပိုင်းတစ်စ သို့မဟုတ် ရေပျော်သည်။ ဈေးအသက်သာဆုံး မဂ္ဂနီဆီယမ် မြေသြဇာ ဖြစ်သော်လည်း ရေတွင် လွယ်ကူလျင်မြန်စွာ မပျော်ဝင်ခြင်းက အခက်အခဲ တစ်ရပ်ဖြစ်သည်။

စိုက်ပျိုးသူများသည် မိမိတို့ စိုက်ပျိုးသော သီးနှံပင်များကို အစာကျွေးရာတွင် အဓိက အများလိုဓာတ်စင် ၃ မျိုးဖြစ်သော နိုက်ထရိုဂျင် N၊ ဖော့စဖရပ်(စ်) P နှင့် ပိုတက်စီယမ် K တို့ကိုသာ အလေးထား ကျွေးမြဲ ဖြစ်သည်။ မဂ္ဂနီဆီယမ် ချို့တဲ့မှုကိုပင် အလေးမထားမိကြပါ။ သို့သော် မဂ္ဂနီဆီယမ် မြေသြဇာများကို သီးနှံပင်၏ သက်တမ်းတစ်လျောက်လုံး မကျွေးနိုင် သည့်တိုင်အောင် ပထမပိုင်းဖြစ်သော ပင်ပိုင်းကြီးထွားချိန်တွင် Vegetative Phase အသုံပြုရန် အထူးလိုအပ်သည်။ အကယ်၍ ထိုအချိန်တွင် ဆားခါးကဲ့သို့သော မဂ္ဂနီဆီယမ် မြေသြဇာကို မြေချ သို့မဟုတ် အရွက်ဖျန်း မြေသြဇာအဖြစ် အသုံးပြုခြင်းဖြင့် ကြီးမားသော အကျိုးရလဒ်ကို ရရှိနိုင်ပါသည်။

ဦးဖရက်သိန်းဖေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်