PC Myanmar မှ "စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်ပဲဖြစ်ပါတယ်။
ဒီအစီအစဉ်ကိုတော့ ENI ဖောင်ဒေးရှင်း၏အကူအညီဖြင့် မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ရေဒီယိုကိုတင်ဆက်ပေးတာဖြစ်ပါတယ်။
"ဆီထွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားများ" ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးမွှားဗေဒဌာန တွင်တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါက်တာမို့မို့အေး က ဆွေးနွေးပေးသွားတာဖြစ်ပါတယ်။
မြေပဲ၊ နှမ်းတို့လို ဆီထွက်သီးနှံတွေမှာ ကျလေ့ရှိတဲ့ပိုးမွှားတွေကို ကုသနည်း၊ ကာကွယ်နည်းတွေနဲ့ပတ်သတ်ပြီး ဆရာမ ကအသေးစိတ် ဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်။ အစိမ်းရောင်လမ်းဦးကြီးတို့ ရေဒီယိုဖိုင်လေးကို ဖွင့်ပြီး လေ့လာကြည့်ပါနော်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
PC Myanmar