ဝါသီးနှံပိုးမွှားရောဂါတွေကို စိုက်ပျိုးနည်းစနစ်နဲ့ ကာကွယ်မယ်

16/10/2019 12:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

- ပိုးမွှားရောဂါဒဏ်ခံနိုင်သော ဝါမျိုးများကို စိုက်ပျိုးခြင်း။

- အက်ဆစ်ဖြင့် အမွှေးချွတ်ထားသော မျိုးဝါစေ့များကို ဆေးစီရင်အသုံးပြုခြင်း။

- သီးနှံများကို အလှည့်ကျ ပြောင်းလဲစိုက်ပျိုးခြင်း။

- ဝါသီးနှံ လမိုင်းထားခြင်းကို ရှောင်ရှားခြင်း။

- ရေသွင်းစိုက်သောဒေသများတွင် ဆည်ရေ (သွင်းရေ) ကို စောစီးစွာ ဖြတ်တောက်ပေးခြင်းဖြင့် ပန်းရောင်သီးလုံးဖောက်ပိုး ယင်ဖြူ စသည့်ဖျက်ပိုးများ ကျရောက်မှုသက်သာပြီး မြေအတွင်း၌ ဆောင်းခိုလေ့ရှိသော ဖျက်ပိုးဦးရေကိုလည်း လျော့နည်းစေခြင်း။

- ဝါ ဖျက်ပိုးမျာကို ပိုမိုဆွဲဆောင်နိုင်စွမ်းရှိသော သီးနှံပင်များကို သီးနှံပုံစံများအတွင်း ထောင်ချောက်သီးနှံအဖြစ် စိုက်ပျိုးခြင်း။

- သီးလှည့် စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းတို့ကို ဒေသ ရာသီဥတု၊ သီးနှံအမျိုးအစား၊ ဖျက်ပိုးအမျိုးအစားတို့အပေါ် မူတည်၍ ဒေသနှင့်ကိုက်ညီမည့် စနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်း။

- စိုက်တန်း၊ စိုက်ကျင်း အကွာအဝေး မှန်ကန်ခြင်း။

- မြေသြဇာ မျှတစွာ သုံးစွဲခြင်း။

- ပေါင်းကင်းရှင်းအောင် ဆောင်ရွက်ခြင်း။

- လောက်ကောင်များကို လက်ဖြင့် ကောက်ယူဖျက်စီးခြင်း။

- မီးရောင်ထောင်ချောက် အသုံးပြုခြင်း။

- ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးခြင်း။

- ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း မည်သည့်သီးနှံမှ စိုက်ပျိုးခြင်းမရှိသည့် သီးနှံမဲ့ကာလတစ်ခု (ဝါကောက်သိမ်းပြီးနောက် အနည်းဆုံး ၂ လခန့်) သတ်မှတ်ဆောင်ရွက်ခြင်း။

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်