ဝါရွက်နှင့် ပင်ရည်စုပ်ဂျပိုးများ

25/09/2019 12:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

အကောင်ကြီး

   အရွယ်ရောက်အကောင်ကြီးများသည်  အစိမ်းရောင်/ အဝါရောင်/ အညိုရောင်ရှိသည်။ ဦးမှင်မှာ ရှည်လျားသေးသွယ်၍ အနီ (သို့မဟုတ်) အညိုရောင်ရှိသည်။

ပိုးလောက်ကောင်

   ပထမနှင့် ဒုတိယအဆင့် ပိုးမမည်များသည် အစိမ်းနုရောင်ရှိပြီး တစ်ခါတစ်ရံ ပျပိုးများနှင့် မှားယွင်းနိုင်သည်။ သို့သော်လည်း အရွယ် ၁၆ မီလီမီတာ ရှိကြပြီး ၎င်းတို့၏ ရှည်လျားသော ဦးမှင်များဖြင့် တစ်နေရာမှတစ်နေရာသို့ ရွေ့လျားသွားကြသည်။ 

   ဂျပိုးများ၏ဥသည် သေးသွယ်သော ဘဲဥပုံရှိသည်။

ကျရောက်မှုနှင့်ဖျက်ဆီးမှု လက္ခဏာ

   ဂျပိုးများသည် ဝါအပြင် နေကြာ၊ အာလူး စသည့် စိုက်ပျိုးသီးနှံများနှင့် ပေါင်းပင်များစွာတွင် ကျရောက်တတ်သည်။ ဤအုပ်စုအတွင်းမှ အစိမ်းရောင်ရှိဂျပိုး (Green Mirid) သည် ၎င်း၏ ချွန်ထက်သော ပါးစပ်အစိတ်အပိုင်းဖြင့် အပင်၏တစ်ရှုးကို ထိုးဖောက်၍ အပင်၏ ဆဲလ်များကို သေကြေစေသည့် အင်ဇိုင်း (Pectinase) ကို ထုတ်လွှတ်သည်။ ထိုတစ်ရှူးအပိုင်းသည် အမဲရောင်ပြောင်းသွားပြီး နောက်ပိုင်း ခြောက်သွေ့ပျက်စီးသွားသည်။ အပင်ပေါက်များ၏ အညွှန့်များ၊ အပိန့်ငယ်များနှင့် အရွက်နုများကို စားသောက်ဖျက်ဆီးတတ်ရာ ဖျက်ဆီးခံရသော အပိုင်းသည် အရောင်မဲ၍ ကြွေကျပျက်စီးသွားသည်။ အညိုရောင် (Brown Mirid) များသည် အစိမ်းရောင်ဂျပိုးနှင့် ဖျက်ဆီးပုံသဘာဝတူညီပြီး အရေအတွက်မှာ အစိမ်ရောင်ရှိ ဂျပိုးထက်နည်းသည်။ အဝါရောင်ဂျပိုး (Yellow Mirid) များသည် အစောပိုင်းတွင် အပိန့်များကို ဖျက်ဆီးသော ဖျက်ပိုးများအဖြစ် တွေ့ရှိရသော်လည်း နောက်ပိုင်းတွင် သီးလုံးဖောက်ပိုးဥများနှင့် မွှားပင့်ကူတို့၏ သားရဲကောင်အဖြစ် တွေ့ရှိရသည်။ အစိမ်းရောင်ရှိဂျပိုး၏ ဖျက်ဆီးမှုသည် Lygus ဂျပိုးများ၏ ဖျက်ဆီးမှုနှင့် တူညီသည်။ 

သဘာဝစက်ဝန်းနှင့် အလေ့အထ

   ဤဖျက်ပိုးများသည် တစ်နှစ်အတွင်း ဘဝစက်ဝန်းများစွာ လည်ပတ်နိုင်သော်လည်း ဝါပင်ပေါ်တွင် (၃) ကြိမ် ခန့်သာ လည်ပတ်လေ့ရှိသည်။ အမသည် ဥများကို တစ်လုံးချင်း အရွက်နှင့် ရွက်ညှာတို့၏ တစ်ရှူးများတွင် ဥလေ့ရှိသည်။ ဥ အုပြီး (၇ – ၁၀) ရက်အကြာတွင် လောက်ကောင်ငယ်များ ပေါက်လာသည်။ လောက်ကောင်ငယ်သည် အဆင့် (၅) ဆင့်ရှိပြီး အကောင်ကြီးဘဝသို့ရောက်ရှိကာ အကောင်ကြီးသည် (၃ -၄ ) ပတ်ကြာ အသက်ရှင်နေနိုင်သည်။ ပူနွေးသော နွေရာသီတွင် ဘဝစက်ဝန်း (၃) ပတ်ခန့် ကြာမြင့်သည်။

   ဂျပိုးများသည် ဝါစိုက်ခင်းများအတွင်းသို့ ပြင်ပမှ ပျံသန်းရောက်ရှိလာပြီး ရက်အနည်းငယ်အတွင်း ပြန်လည်ပြောင်းရွှေ့သွားတတ်လေ့ရှိသည်။ အရေအတွက် လွန်စွာများပြားသည့်အချိန်တွင် မူလလက်ခံပင်နှင့် နီးကပ်သောနေရာတို့တွင်သာ ဖျက်ဆီးမှုများပြားလေ့ရှိသည်။ 

သဘာဝရန်သူများ

ပင်ရည်စုပ်ဂျပိုးများအား ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းရန် အခွင့်အလမ်းနည်းပါးသော်လည်း ၎င်းတို့၏ သဘာဝရန်သူများအဖြစ် ပင့်ကူ၊ မျက်လုံးကြီးဂျပိုး၊ သားရဲဂျပိုးနှင့် ကျိုင်းမျိုးရင်းဝင်များကို ဥစားသားရဲကောင်များအဖြစ်လည်းကောင်း၊ ဂျပိုးများ၊ ယင်မျိုးရင်းဝင်ကပ်ပါးများကိုလည်းကောင်း တွေ့ရှိရသည်။ 

ကာကွယ်နှိမ်နင်းနည်း

   သစ်ရည်စုပ်ဂျပိုးမျာသည် ဝါခင်းပတ်ဝန်းကျင်ရှိ စိုက်ခင်းနှင့် ပေါင်းပင်များမှ ကူးပြောင်းရောက်ရှိလာတတ်သဖြင့် အဆိုပါ စိုက်ခင်းများနှင့် ပေါင်းပင်များတွင်း ဖျက်ပိုးများ ကျရောက်မှု ရှိ/မရှိ စစ်ဆေးနေရမည်။ စီးပွားရေးထိခိုက်နိုင်သောအဆင့် သတ်မှတ်ထားခြင်းမရှိသော်လည်း ကျရောက်မှုများပြားပါက သင့်တော်သည့် အော်ဂဲနိုဖော့စဖိတ်နှင့် ဆေးဂန္ဓမာအုပ်စုဝင် ပိုးသတ်ဆေးများသုံး၍ နှိမ်နင်းနိုင်သည်။ အဆိုပါ ပိုးသတ်ဆေးများသည် ပျ၊ မွှားပင့်ကူနှင့် သီးလုံးဖောက်ပိုးများ၏ သဘာဝရန်သူများအား သေကြေစေနိုင်သဖြင့် အထူးဂရုပြု ချိန်ဆပက်ဖျန်းရန် လိုအပ်သည်။

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်