အာလူးဥများ ကွဲအက်ခြင်းပြဿနာ
အာလူးစိုက်ပျိုးသူတောင်သူများအနေဖြင့် မိမိတို့၏ အာလူးစိုက်ခင်းများတွင် အာလူးဥများ ကွဲအက်လာခြင်းပြဿနာကို ရံဖန်ရံခါ ကြုံတွေ့ရတတ်ပါသည်။ ယင်းပြဿနာသည် ရောဂါကျမှု (Infectious diseases) ကြောင့်မဟုတ်ဘဲ အပင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဇီဝကမ္မဗေဒဆိုင်ရာ ချို့ယွင်း မူမမှန်မှုလက္ခဏာ (Physiological disorder) တစ်ခုမျှသာ ဖြစ်ပါသည်။ အလားတူပြဿနာမျိုးကို ခရမ်းချဉ်၊ ဖရဲနှင့် သခွားမွှေးသီးတို့တွင်လည်း ဖြစ်လေ့ရှိကြောင်းတွေ့ရပါသည်။
ကွဲအက်မှုလက္ခဏာသည် ယေဘုယျအားဖြင့် အာလူးဥများ၏ အဖျားပိုင်းမှစ၍ အလျားလိုက် ကွဲအက်ကြောင်း ဖြစ်လာပြီး ခူးဆွတ်ချိန်တွင် ၎င်းကွဲအက်ကြောင်းများသည် ဥများပေါ်တွင် အက်ကြောင်းဒဏ်ရာများ (healed fissures) အဖြစ် ကျန်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းကြောင့် စျေးကွက်တင် ရောင်းချသည့်အခါ မျက်နှာပန်းမလှဘဲ စျေးနှုန်း လျော့နည်းတတ်ပါသည်။
အာလူးဥများ ကွဲအက်မှုလက္ခဏာ
အဓိကဖြစ်စေသောအကြောင်းအရင်းမှာ အာလူးဥများကြီးထွားနေချိန်တွင် မြေတွင်း အစိုဓာတ် (Soil moisture) နှင့် မြေတွင်းအပူချိန် (Soil temperature) တို့ အတက်အကျများပြီး ဟန်ချက်မညီခြင်းတို့ကြောင့် ဖြစ်ပါသည်။ စိုက်ပျိုးရာသီချိန်အတွင်း အပူချိန်မြင့်မားပြီး မြေအတွင်းမှ ကာလအတန်ကြာ အစိုဓာတ်ပြတ်နေပြီးနောက် ရုတ်တရက် မိုးရွာသွန်းမှုကြောင့်ဖြစ်စေ၊ ရေပေးသွင်းမှုကြောင့်ဖြစ်စေ အာလူးဥများ ကွဲအက်မှုကိုဖြစ်စေတတ်ပါသည်။ ထို့အပြင် အပင်များအား ပင်ကြားတန်းကြားအကွာအဝေးကို လိုအပ်သည်ထက်ပို၍ ကျဲကျဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေအတွင်း ဘိုရွန်ဓာတ်လျော့ကျနေခြင်း၊ နိုက်ထရိုဂျင်ဓာတ်ပါသောမြေသြဇာများကို အလွန်အကျွံကျွေးမိခြင်းနှင့် ကျွေးမှုမညီမညာခြင်းတို့သည်လည်း အာလူးဥများကွဲအက်ခြင်းကို ပိုမိုဖြစ်စေသော အကြောင်းအရင်းများပင်ဖြစ်ပါသည်။
အာလူးဥများ ကွဲအက်ခြင်းပြဿနာသည် အပင်စိုက်ပျိုးရာပတ်ဝန်းကျင်အခြေအနေများကြောင့်သာမကပဲ မိမိရွေးချယ်သောမျိုးကြောင့်လည်း ဖြစ်စေနိုင်ပါသည်။ မြန်မာပြည်တွင် စိုက်ပျိုးနေသော အာလူးမျိုးများနှင့်ပတ်သက်၍ မျိုးအလိုက် အာလူးဥများ ကွဲအက်မှု ခံနိုင်ရည် ရှိမှု/မရှိမှုများကို သုတေသနပြုဆောင်ရွက်ထားမှု မရှိသေးပေ။ သို့သော်လည်း မကြာသေးမီ နှစ်များအတွင်းက မြန်မာပြည်တွင်း စတင်စိုက်ပျိုးနေပြီဖြစ်သော “Atlantic” မျိုးသည် အာလူးဥကွဲအက်မှုဒဏ်ကို ခံနိုင်ရည်မဲ့သောမျိုးဖြစ်ကြောင်း စာပေများမှတစ်ဆင့် တွေ့ရပါသည်။
အာလူးဥများကွဲအက်မှုပြဿနာကို လျော့ပါးသက်သာစေရန် ပညာရှင်များအကြံပြုကြသည်မှာ
- အာလူးဥများ ကြီးထွားနေစဉ်ကာလအတွင်း မြေအစိုဓာတ်ကို သင့်တင့်မျှတစွာ ရှိနေအောင်ဆောင်ရွက်ရန်
- သင့်တော်သော ပင်ကြားတန်းကြားအကွာဝေးဖြင့် အပင်များကို ညီညီညာညာစိုက်ပျိုးရန်
- သွင်းရေကို မြေအစိုဓာတ်ရှိနေရုံမျှသာ ညီညီမျှမျှပေးသွင်းရန်နှင့်
- နိုက်ထရိုဂျင်ဓာတ်ပါသောမြေသြဇာများကို တိကျသောနှုန်းထားဖြင့် ကျွေးပေးရန် တို့ဖြစ်ကြောင်း စာပေများမှတစ်ဆင့် တွေ့ရပါသည်။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
ကျမ်းကိုး
၁။ Potato Physiological Disorders – Growth Cracks (IFAS Extension, University of Florida)
၂။ Photos from Kyaw Htay’s Facebook (ဦးကျော်ဌေး၏ ခွင့်ပြုချက်ဖြင့် အသုံးပြုခြင်းဖြစ်ပါသည်)
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 1 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 2 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from HanPhyoAung
အားလုံး