Covid-19 ရိုက်ခတ်မှု မပြီးပြတ်သဖြင့် ကုန်စည်စီးဆင်းမှု ပုံမှန်မလည်ပတ်နိုင်

30/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    Covid-19 ရိုက်ခတ်မှု မပြီးပြတ်သဖြင့် စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ ကုန်စည်စီးဆင်းမှု များလည်း ပုံမှန်မလည်ပတ်နိုင်သေးကြောင်း တောင်သူများထံမှ သိရသည်။

၂၀၂၀ ခုနှစ်မှာ ဟင်းသီးဟင်းရွက်ဈေးတွေ အဆမတန်ကျဆင်းလာတယ်။ ကျွန်တော်တို့ ဆီမှာ ဗုံလုံသီးကို နှစ်တိုင်း တစ်တောင့်ကို ၂၀၀ ကျပ်ကျော်နဲ့ ရောင်းရတာ။ အခုဆို လူတစ်ရပ်လောက်ရှည်တဲ့အတောင့်တွေကို ၅၀ ကျပ်နဲ့ ရောင်းတာတောင် မယူတဲ့သူများတယ်။ အရင်နှစ်တွေက အခုချိန် ပဲသီးတွေ တစ်တောင့်တစ်ဆယ်လောက် ရောင်းရတာ။ အခုတော့ တစ်ရာဖိုးအတောင့်နှစ်ရာလောက် ဖြစ်ကုန်တယ်။

ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မှ တောင်သူ ကိုထွန်းထွန်းက ပြောသည်။

    ဈေးကွက်ပိုင်း အဘက်ဘက်မှ အားနည်းနေသော်လည်း မြေဆီဖိုးစသည့် သွင်းအားစု စရိတ်၊ အလုပ်သမားခနှင့် စိုက်ပျိုးကုန်ကျစရိတ်များကိုမူ တောင်သူများ ထမ်းဆောင်နေရ သည်။

စိုက်ပျိုးရေးကို စိတ်ကုန်လာမိပြီ။ သွင်းအားစုစျေးတွေကသာ တက်လာတယ်။ သီးနှံစျေးနှုန်းက အောက်ဆုံးရောက်နေတယ်။ အရင်က ပိုးသတ်ဆေး၊ မှိုသတ်ဆေးမဖျန်းရတဲ့ စပါးခင်းတွေ အခုဖျန်းနေရပြီ။ စပါးစျေးက တောင်သူလက်ထဲမရှိတော့တဲ့ အခုချိန်ကျ ရှစ်သိန်းကျပ် စျေးလောက်ရှိတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့စိုက်ထားတဲ့ မိုးစပါးပေါ်ချိန်ကျရင် ကြည့်။ ငါးသိန်းကျပ်အပြင် မပိုစေရဘူး။ ပိုခဲ့လည်း လေးငါးသောင်းအပြင်မကျော်စေရဘူး။

ဟု စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    COVID-19 ရောဂါထိန်းချုပ်ရန် လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုရဟူသော သတ်မှတ်ချက် အစား လူ (၁၅) ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ဟူသော အမိန့်ပြင်ဆင်ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ 

    ပြည်သူများ ဆက်လက်လိုက်နာရမည့် ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုဝန်ကြီးဌာန များ၏ အမိန့်ကြေညာစာများအရ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်နှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် စသည်တို့ပါဝင်သည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်