သလဲသီး စိုက်ပျိုးခြင်း
သလဲပင်၏ မူရင်းဒေသသည် အီရန်နိုင်ငံဖြစ်၍ အီရန်နိုင်ငံမှ အိန္ဒိယမြောက်ပိုင်းသို့ ကျယ်ပြန့်လာပြီး မြေထဲပင်လယ်ဒေသတစ်လျှောက်တွင် စိုက်ပျိုးလာကြသည်။ ၁၆ရာစုနှောင်းပိုင်းတွင် စပိန်အမေရိကားနှင့် ကယ်လီဖိုးနီးယားတို့တတွင် စတင်စိုက်ပျိုးလာကြသည်။
သလဲသီးကို ကမ္ဘာ့မြောက်ပိုင်းတွင် စက်တင်ဘာလမှ ဖေဖော်ဝါရီလတွင် စိုက်ပျိုးကြပြီး ကမ္ဘာ့တောင်ပိုင်းခြမ်းတွင် မတ်လမှ မေလတွင် စိုက်ပျိုးဖြစ်ထွန်းသည်ဟု သိရသည်.။
သလဲပင်သည် ချုံပုတ်ပင်အမျိုးအစားဖြစ်သည်။ သလဲပင်၏အပွင့်သည် အနီရောင်တောက်ပသောအရောင်ရှိပြီး အချင်းဝက် ၁ လက်မခန့်ရှိသည်။ သလဲသီး၏အရောင်သည် မမှည့်ခင် စိမ်းဝါရောင်ရှိပြီး မှည့်ပါက အနီရောင်အဖြစ် တွေ့ရပါသည်။ သလဲသီး၏အရွယ်အစားမှာ အချင်း ၂လက်မ မှ ၄.၅လက်မ အထိ ရှိနိုင်သည်။ သလဲပင်ကို အသီးရရှိရန်အတွက် စိုက်ပျိုးကြသကဲ့သို့ ပန်းခြံများနှင့် ဥယျာဥ်များတွင် အလှစိုက်သစ်ပင်/ ချုံပုတ်ပင်ငယ်များအဖြစ် စိုက်ပျိုးကြသည်။ သလဲပင်၏ အပင်အမြင့်သည် ပြုစုသည့်အခြေအနေပေါ်တွင် မူတည်၍ (၁၆)ပေမှ (၃၃)ပေအထိ ရှိနိုင်သည်။
အင်္ဂလိပ်အမည် - Pomegranate
ရုက္ခဗေဒအမည် - Punica granatum
မျိုးရင်း - Punicaceae
သလဲသီးစိုက်ပျိုးခြင်း
သလဲသီးပင်သည် ရေငတ်ဒဏ်ကို ကောင်းစွာခံနိုင်ပြီး အအေးဒဏ်ကိုလည်း အတော်ခံနိုင်သည်။ မြေမရွေး စိုက်ပျိုးနိုင်ပြီး နုန်းဆန်သောမြေတွင် ပိုမို ထွက်ရှိနိုင်သည်။ သလဲပင်သည် မိုးခေါင်ရေရှားမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး မြေထဲပင်လယ်ဆောင်းရာသီမိုးရွာသွန်းမှု နှင့် နွေရာသီမိုးရွာသွန်းမှုအခြေအနေတို့တွင်လည် စိုက်ပျိုးနိုင်သည်။ သလဲပင်သည် နှင်းခါးရိုက်ဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိ၍ -၁၂ ဒီဂရီစင်တီဂရိတ် (၁၀ဒီဂရီဖာရင်ဟိုက်) တွင်လည်း စိုက်ပျိုးနိုင်သည်။
သလဲသီးသည် မြေမရွေးစိုက်ပျိုးနိုင်သော အပင်မျိုးတွင် ပါ၀င်ပါသည်။ သလဲပင်ကို အစေ့မှလည်း စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်စိုက်ခြင်း၊ မြေထုပ်စည်းခြင်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်၍ စိုက်ပျိုးလိုပါက (၉) လက်မမှ (၁)ပေခန့် ဖြတ်ယူပြီး ကိုင်းတစ်ခုလုံးကို မြေတွင် မြုပ်၍ ပျိုးထောင် ရသည်။ ပျိုးဘောင်တွင် တစ်နှစ် ၊ နှစ်နှစ်ခန့် ထားပြီးနောက် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရသည်။
စိုက်ခင်းတွင် စိုက်ကျင်းများကို (၂)ပေပတ်လည် (၂)ပေအနက်တူးပြီး မြေဆွေး သုံးလေးတင်း ထည့်ပေးရသည်။ စိုက်ကျင်းများကို ဆယ်ပေခန့်ခွာ၍ တြိဂံပုံ စိုက်စနစ်အရ တူးဖော်စိုက်ပျိုးသင့်သည်။ နွေရာသီတွင် အပင်ငယ်များကို ရေမကြာမကြာ လောင်းပေးရသည်။ မိုးဦးကျတွင် တစ်ကြိမ်နှစ်ကြိမ် မြေဆွေးကောင်းကောင်း ဖလှယ်၍ ထည့်ပေးရသည်။
စိုက်ခင်းတွင် နှစ်နှစ် သုံးနှစ်ရှိသောအခါ အသီးစသီးရာ အပင်ခြေမှ နှစ်ပေခွဲခန့်အကွာတွင် ခြောက်လက်မမှ ရှစ်လက်မ အနက် မြောင်းဝိုင်းတူးဖော်ပြီး မြေဆွေးကောင်းကောင်း နှစ်စဉ် ဖလှယ်ပေးရမည် ဖြစ်သည်။ စိုက်ခင်းတွင် လေးနှစ်မပြည့်မီ ပွင့်သော အပွင့်များကို ဖယ်ရှားခြင်းဖြင့် နောင်အသီးများကို ကောင်းမွန်စေနိုင်သည်။
လေးနှစ်သားမှစ၍ အသီးကောင်းစွာ သီးသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီတွင် တစ်ခါ ၊ စက်တင်ဘာလတွင် တစ်ခါ ၊ အသီးများဆွတ်ခူးနိုင်သည်။
စက်တင်ဘာ အသီးသည် ပိုမိုကောင်းပြီး ဈေးလည်းပိုကောင်းသည်။ မှည့်မှခူးသော အသီးကို ရက်သတ္တပတ် အနည်းငယ်သာ ထားနိုင်ပြီး မမှည့်မီ ခူးသော အသီးများကို ခြောက်သွေ့၍ အေးသော အခန်းတွင် ခြောက်လခန့် သိုလှောင်ထားနိုင်သည်။
သလဲတွင်ကျရောက်တတ်သော ဖျက်ပိုးမျာ
(၁) သလဲသီးလိပ်ပြာ
ပိုးတုံးလုံးတို့သည် အပွင့်မှ အသီးကို ဖျက်ဆီးသည်။
(၂) ပင်စည်ဖောက်ပိုး
အကိုင်းထိုးဖောက် ဝင်ရောက်ဖျက်ဆီးသည်။
အသီးမှည့်များသည် ပုရွက်ဆိတ်များကျရောက်မှုကို အားပေးသည်။
သလဲတွင် ကျရောက်တတ်သော ရောဂါမျာ
(၁) သလဲအရွက်နှင့်သီးပြောက်ရောဂါ (မှိုရောဂါ)
(၂) ရွက်ပြောက်ရောဂါ (ဘက်တီးရီးယား ရောဂါ)
အရွက်ပေါ်တွင် အပြောက်များဖြစ်ပေါ်ပြီး ပြင်းထန်က အရွက်ကြွေကျတတ်သည်။
(၃) အသီးပုပ်ရောဂါ (မှိုရောဂါ)
သလဲသီးကို Smoothie ဖျော်ရည်အနေဖြင့် အသုံးပြုကြပြီး ပေါင်မုန့်ဖုတ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဖျော်ရည်ရောစပ်ခြင်း၊ ယမကာဖျော်ရည်အနေဖြင့် ကော့တေး၊ ဝိုင်တို့တွင် အသုံးပြုကြသည်။ သလဲသီးအရည်သည် ကင်ဆာပြန့်နှံ့မှုကို တားဆီးနိုင်ကြောင်း တွေ့ရပါသည်။
သလဲသီးသည် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများသော အသီးလည်းဖြစ်သည်။ သလဲသီး၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများအကြောင်းကို အစိမ်းရောင်လမ်း၏ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ကျမ်းကိုး
- စိုက်ပျိုးရေးဦးစီးဌာန
- https://en.wikipedia.org/wiki/Pomegranate
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
maylay
လွန်ခဲ့သော ၄ နှစ် ကအသီးက နေအစေ့ကိုဘယ်လိုယူရတာလဲ
Flower Blooms
လွန်ခဲ့သော ၅ နှစ် ကအချိုအလုံးကြီးအနီကိုင်းကူးမျိုးဆို Pyin Oo Lwin ကနေပို့ပေးပါတယ်
ရဲမာန်
လွန်ခဲ့သော ၅ နှစ် ကhi
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကမျိုးဘယ်မှရနိုင်ပါသလဲ ဗျ.....
s.ukte
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိုးချင်ပါတယ် မျီုးဘယ်မှာ ဝယ်ရမှာလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Thet Htar Zin
အားလုံး