အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ဟင်းခါးသီး စိုက်ပျိုးနည်း

ကြက်ဟင်းခါးသီး စိုက်ပျိုးနည်း

၁။ မူရင်းဒေသ

ကြက်ဟင်းခါးပင်သည် တရုတ်ပြည်၊ အိန္ဒယပြည်၊ မလေးရှားနှင့် အာဖရိကအပူပိုင်းဒေသများတွင် စတင် ပေါက် သည် ဟုယူဆသည်။ 

မြန်မာအမည် - ကြက်ဟင်းခါး

အင်္ဂလိပ်အမည် - Bitter Gourd Or Bal Sampera

ရုက္ခဗေဒအမည်- Momordica Charantia

မျိုးရင်းအမည် - Cucurbitaceae 

၂။ အမျိုးအစား

ကြက်ဟင်းခါးသီးမှာ မျိုးသေချာစွာ ခွဲခြားထားခြင်း မရှိပါ။ အကြမ်းအားဖြင့်အသီး၏ အရွယ်အစားကို လိုက်ပြီး အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုးဟုသာခေါ်ဝေါ်ကြပါသည်။ အပုမျိုးသည် (၇)စင်တီမီတာမှ (၁၀)စင်တီမီတာ ရှိပြီး အရှည်မျိုးသည်(၁၅)စင်တီမီတာ မှ(၁၈)စင်တီမီတာအထိအရှည်ပါသည်။ အလုံးမျိုးမှာမူ ကြက်ဟင်းခါး အရိုင်းမျိုးမှ သီးသောမျိုးဖြစ်ပြီး လေးသော အရသာရှိသဖြင့်အချို့တောင်သူများ အထူး ကြိုက်နှစ်သက် ကြပါ သည်။ အသီးအရောင်မှာ အဖြူရောင်၊ အစိမ်းရောင်ရှိနိုင်သည်။ 

၃။ စိုက်ပျိုးသည့်ဒေသ

ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သည်။ တောင်ပေါ်အေးသော အရပ်များတွင်မူ နွေရာသီတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ 

၄။ ရေ မြေ ရာသီဥတု

ကြက်ဟင်းခါးပင်သည် ရေးစီးရေလာကောင်းပြီး မြေဩဇာဓါတ်အသင့်အတင့်ရှိသော နေရာများတွင် များစွာ ဖြစ်ထွန်းပါသည်။ 

၅။ မြေပြုပြင်နည်း

ကြက်ဟင်းခါးကို စီးပွားဖြစ်စိုက်ရန်အတွက် ထယ်တစ်စပ်ထိုးပြီး ထွန်(၆) စပ် မှ (၈) စပ် အထိ ထယ်ရေးကောင်း ရသည့်တိုင် ထွန်ယက်ပေးပြီးနောက် ကြမ်းတုံးရိုက်ရမည်။ ထို့နောက် လေးကွက်ကြားစိုက်နိုင်ရန် တစ်တန်းနှင့် တစ်တန်း(၅) ပေ၊ တစ်ပင်နှင့် တစ်ပင်(၃) ပေ ရစေရန် ထွန်ဖြင့်ကြောင်းဆွဲပေးရပေမည်။

စင်တင်စိုက်ရန် စိုက်ဘောင်များ ပြုလုပ်ပေးရပေမည်။ အလျားပေ (၂၀) ၊ အနံ (၃) ပေ ရှိသော မြေကွက်ကို ပေါက်တူးဖြင့် တူးဆ၍ မြေဆွေးဖြင့်ဆတူရောစပ်ပြီး အမြင့်(၁) ပေ၊ (၁.၅) ပေ ခန့်ရှိ စိုက်ဘောင် ပြုလုပ် ပေးရ မည်။ သို့မဟုတ် စိုက်ကျင်းပြုလုပ်၍လည်း စိုက်နိုင်ပါသည်။ 

၆။ မြေဩဇာကျွေးနည်း

နွားချေးမြေဩဇာကို တစ်ဧကလျှင် (၁၀) တန်မှ (၁၅) တန်ထိ ထည့်ပေးရန် လိုအပ်ပြီး ယူရီးယား ဓာတ်မြေဩဇာ (၂၂၄) ပေါင် နှုန်း ထည့်ပေးရန် လိုအပ်သည်။ ဓာတ်မြေဩဇာကို ထည့်ရာတွင် မြေကြီးနှင့် သမသည့်တိုင် ရောမွှေ ထွန်ယက်ပေးရန် အရေးကြီးပါသည်။ တီစူပါဓာတ်မြေဩဇာ တစ်ဧကလျှင် (၁၁၂)ပေါင်နှုန်း ထည့်ပေးရန် လိုအပ်ပါသည်။ 

၇။ မျိုးပွားနည်း

ရင့်မှည့်၍ ရောဂါကင်းသော အသီးမှ အစေ့များဖြင့် မျိုးပွားနိုင်ပါသည်။ 

၈။ ပျိုးထောင်နည်း

ကြက်ဟင်းခါးကို အစေ့မှတိုက်ရိုက် စိုက်သောနည်းကို သုံးနိုင်သည်။ ပျိုးထောင်မစိုက်ကြပါ။ 

၉။ စိုက်ပျိုးနည်း

မိုးရာသီစိုက်မှာ မေလ နှင့် ဇွန်လ များတွင် စိုက်ပျိုးပြီး ဆောင်းရာသီစိုက်မှာ အောက်တိုဘာ နှင့် နိုဝင်ဘာလ များ တွင် စိုက်ပျိုးပါသည်။

စင်တင်စိုက်ပျိုးနည်းတွင် စိုက်ဘောင် (သို့မဟုတ်) စိုက်ကျင်းတွင် တစ်ပင်နှင့် တစ်ပင် (၂)ပေ ခွာပြီး မျိုးစေ့ တစ်ကျင်းလျှင် (၃) စေ့ ချစိုက်ရပါမည်။ အသန်စွမ်းဆုံး အပင်တစ်ပင်ကိုသာချန်ပြီး အပင်ကလေးများ စင်ပေါ် တွယ်တက်နိုင်ရန် ဝါးခြမ်းကို ထောင်ပေးရပါမည်။ အညွန့်များစင်ပေါ်ရောက်လျှင် အညွန့်ကို လက်ဖြင့် ဆိတ်ပေး ရပါမည်။ သို့မှသာ အညွန့်များဖြာထွက်ပြီး စင်ပေါ်တက်ပေမည်။

စီးပွားဖြစ် စိုက်မည်ဆိုပါက တစ်တန်းနှင့် တစ်တန်း (၅)ပေခွာပြီး တစ်ပင်နှင့် တစ်ပင်(၃) ပေ ခွာ၍ စိုက်ပျိုးရန် လိုအပ်ပါသည်။ 

၁၀။ တစ်ဧကမျိုးစေ့နှုန်း

တစ်ဧကလျှင် မျိုးစေ့ (၂-၃) ကီလိုဂရမ် လိုအပ်၏။ ကြက်ဟင်းခါးစေ့ (၁၀၀) ဂရမ် လျှင် အစေ့ပေါင်း(၇၀၀) ပါ၏။

 ၁၁။ ရေသွင်းနည်း

မြန်မာပြည်အလယ်ပိုင်းတွင် မိုးရာသီစိုက်ကြက်ဟင်းခါးကို အထူးရေသွင်းပေးရန်မလိုပါ။ ဆောင်းရာသီစိုက် ကြက်ဟင်းခါးတွင်မူ မြေအနေအထားအရ (၁၀) ရက်မှ (၁၅) ရက်ကြား ရေပေးရန်လိုအပ်၏။ 

၁၂။ အပင်ပြုစုနည်း

စီးပွားဖြစ်စိုက်သော အကွက်များတွင် အပင်ကလေးများငယ်စဉ် ကြားထွန်လိုက်ပေးရန် လို၏။ အပင်များ မြေတွင်ဖြာလာလျှင် ကြားထွန် မလိုက်သင့်တော့ပေ။ အမြစ်နှင့်အညွန့်များ ထိခိုက်ပါက အထွက် ထိခိုက်နိုင်၏။ အပင်ခြေရင်း ပေါင်းများကိုမူ လက်ပေါင်း လိုက်ပေးသင့်ပါသည်။ ကြက်ဟင်းခါးပင်များ ပန်းစပွင့်လျှင် အညွန့်များ ဖြတ်ပေးသင့်၏။ သို့မှသာ အညွန့်ပိုမိုဝေဆာပြီး အသီးပိုမိုသီးမည်ဖြစ်၏။ 

၁၃။ အသီးဆွတ်ခူးနည်း

ကြက်ဟင်းခါးသီးကို အပင်သက် (၇၅) ရက်မှ (၉၂)ရက် ကြာလျှင် ဆွတ်ခူးနိုင်သည်။ မရင့်မှည့်မီတွင် ဆွတ်ခူး သင့်သည်။ ရင့်မှည့်သော အသီးမှ အစေ့များရင့်မာသွားလျှင် စားသုံးရန် မကောင်းချေ။ အသီးများကို မရင့်မှည့်မီတစ်ရက်ခြားတစ်ကြိမ်ဆွတ်ခူးသင့်၏။

အပင်အပြုစုကောင်းပြီးမြေကောင်းတွင်စိုက်ပါကပိုမိုအထွက်ကောင်းပါသည်။ တစ်ဧကလျှင် ကြက်ဟင်းခါးသီး (၂၇၀၀၀)မှ(၃၀၀၀၀)ကီလိုဂရမ် ထွက်နိုင်ပါသည်။ 

၁၄။ မျိုးစေ့ထုတ်လုပ်နည်း

ရင့်မှည့်၍ ဝင်းဝါနေသောကြက်ဟင်းခါးသီးများကို ဆွတ်ခူးပြီးအစေ့များကို ထုတ်ယူပါ။ထို့နောက် ရေဖြင့်အချွဲများ စင်အောင်ဆေးပြီး နေ(၃)နေလှန်း၍ လေလုံဘူးတွင် သိုလှောင်ထားနိုင်ပါသည်။ 

၁၅။ သိုလှောင်နည်း

ကြက်ဟင်းခါးသီးများကို ဆွတ်ခူးပြီးနောက် ကြာရှည်စွာ သိုလှောင်၍မရပါ။ ဆွတ်ခူးပြီးအသီးများကို ဈေးသို့အမြန်ပို့၍ ရောင်းချရပေမည်။ အအေးဓာတ်ရှိပြီး လေဝင်လေထွက်ကောင်းသောနေရာများတွင် အတော်အသင့် သိုလှောင်ထားနိုင်ပေသည်။ 

၁၆။ သတိပြုရန်အချက်များ

ကြက်ဟင်းခါးစိုက်ရာတွင် အောက်ပါအချက်များကို အထူးဂရုစိုက်သင့်သည်။

(၁) ကြက်ဟင်းခါးပင်ကလေးများ ကြီးလာပြီး အညွန့်စင်ပေးတက်လျှင် အညွန့်ကိုဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်ခွပြီးပိုမိုသီးပါသည်။

(၂) ကြက်ဟင်းခါးပင်ကို ရေလောင်းရာတွင် ရေပေးမလွန်ရန် အရေးကြီးပါသည်။ရေပေးလွန်က အမြစ်ပုပ်ပြီးအပင်သေနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

 

 

aung

aung

လွန်ခဲ့သော ၃ လ က

ဝါနေတာကရော

နိုင်ထက်ဦး

နိုင်ထက်ဦး

လွန်ခဲ့သော ၁ နှစ် က

ဘာပိုးတွေအဓိကကျလဲ

Right

Right

လွန်ခဲ့သော ၄ နှစ် က

ပန်းပွင့်ချိန်အညွန့်ဖြတ်ပေးရမှာလားကြက်ဟင်းခါးကရှိသမျှအညွန့်အကုံလုံးလား

wunna

wunna

လွန်ခဲ့သော ၄ နှစ် က

ပျပိုး​တော့ ​တော်​တော်ကျတယ် ပင်လုံးပြန့် ​ဆေး ​လောက်နဲ့ ရတယ်

ကျော်ဘုန်းရှိန်

ကျော်ဘုန်းရှိန်

လွန်ခဲ့သော ၄ နှစ် က

ဘယ်လိုပိုးတွေကျတတ်ပြီး ဘယ်လိုဆေးမျိုးသုံးရမလဲခင်ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ

Wai Linn • ဖြေကြားချက် 1 ခု

သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား

Sawsamson • ဖြေကြားချက် 1 ခု

ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အ​ြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်

U Yan • ဖြေကြားချက် 5 ခု

မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့

Win Min • ဖြေကြားချက် 2 ခု

ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ

ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။