ပီလောပီနံ စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် Shwe-Yee-linn Shwe-Yee-linn မှ ရေးသား

​ယေဘုယျအားဖြင့်ဆန်​၊ ဂျုံ၊ ​ပြောင်း၊ အာလူး ကဲ့သို့​သော အဓိကထား စားသုံးသည့် အစားအစာတစ်​ခုဖြစ်​သည်​။ ပြုတ်​၍​သော်​လည်းကောင်း ​ကြော်​၍​သော်​လည်း​ကောင်း အဓိကထားစားသုံးကြ​သော သီးနှံဖြစ်​သည်​။

စားသုံးမှုသည်​အဓိကစားသုံးမှုအပြင်​ အခြားစားသုံးမှုဖြစ်​သည့် အ​ခြောက်​ခံ၍ အမှုန့်ပြုလုပ်ပြီး ကြာရှည်​သို​လှောင်​ထားနိုင်​ရန်​နှင့် သွား​ရေစာများပြုလုပ်​ရာတွင်​လည်း ကျယ်​ပြန့်စွာ အသုံးပြုကြသည်​။ မျိုးစိတ်​​ပေါင်း ​လေးဆယ်​နှင့်အထက်​ရှိ​သော ပီ​လောပီနံသည်​အများအားဖြင့် အဆိပ်​အ​တောက်​ကင်းစွာ စားသုံးနိုင်​​သော မျိုးစိတ်​များသာဖြစ်​သည်​။

သင့်တင့်​လျောက်​ပတ်​​သော ပတ်​ဝန်းကျင်​အ​ခြေအ​နေများ

​မြေအမျိုးအစား ။ ။ ​ရေမဝပ်​​သော၊ ရွံ့မြေအမျိုးအစား မဟုတ်​​သော​မြေများတွင်​​ကောင်းစွာဖြစ်​ထွန်းနိုင်​သည်​။ ​ရေသွင်​း​ရေထုတ်​​ကောင်းမွန်​ရန်​လိုအပ်​ပြီး မစိုက်​ပျိုးခင်​​မြေပြင်​ရာတွင်​ဂရုစိုက်​ရန်​လိုအပ်​သည်​။ မစိုက်​ခင်​​လေးလအလိုတွင်​မ​ဖောက်​ထုံး ပိဿာ​ခြောက်​​ထောင်​ကို တစ်​ဧကတွင်​ထည့်ခြင်းဖြင့် ပိုမိုအထွက်​နှုန်းကောင်းမွန်​​အောင်​​မြေကို ပြုပြင်​ထားနိုင်​သည်​။ ​ရေဝပ်​၍ ရွံ့ဆန်​​သော​မြေများတွင်​မူ အချဉ်​ဓာတ်​များ၍ အက်​စစ်ဓာတ်​​ပေါက်​​နေပြီး အလူမီနီယံ များပြား၍ အပင်​ကြီးထွားမှု့နှောင့်နှေး​စေပြီး အမြစ်​ဥများဖြစ်​​ပေါ်မှု့ကို အဟန့်အတား ဖြစ်​​စေသည်​။​မြေချဉ်​ငန်​ဓာတ်​မှာ ၅-၅.၅ ရှိရမည်​။ မျိူးအ​ပေါ်မူတည်​၍လည်း ရေဝပ်​ဒဏ်​ခံနိုင်​​သောမျိုး၊ ​ရေနစ်​ဒဏ်​ခံနိုင်​​သောမျိုးဟူ၍ ရှိ​သေးသည်​။

စိုက်​ရာသီတစ်​ရာသီလုံး မိုး​ကောင်းစွာရရန်​လိုအပ်​သည်​။ အရိပ်​ရခြင်းကို လုံးဝမနှစ်​သက်​ပါ။ ​နေ​ရောင်​ခြည်​​ကောင်းစွာရရန်​လိုအပ်​သည်​။ အရိပ်​​အောက်​တွင်​စိုက်​ပျိုးပါက အထွက်​နှုန်းလျော့ကျသည်​။ ၂၅ မှ ၃၀ ဒီဂရီ ဆဲလ်​ဆီးယပ်​စ်​သည်​အ​ကောင်​းဆုံး အသင့်တော်​ဆုံး အပူချိန်​ဖြစ်​သည်​။

စိုက်နည်းစနစ်

​မြေပြင်​ရာတွင်​​ပေါင်းမြက်​ကို ရှင်းလင်းပါ။ ထယ်​ထိုးထွန်​​မွှေ တစ်​ကြိမ်​ပြီးပါက ထုံးထည့်ပါ။ ထပ်​မံ၍ ထယ်​ထိုးထွန်​​မွှေပါ။ စုစု​ပေါင်း ထယ်​ထိုးထွန်​​မွှေ သုံးကြိမ်​ပြုလုပ်​ရမည်​။ ပြီးလျှင်​အရှည်​လိုသ​လောက်​​ဘောင်​များဆွဲပါ။ ​ဘောင်​အမြင့် ၉ လက်​မ နှင့် ၁၅ လက်​မ ကြားတွင်​ရှိရမည်​။ တစ်​​ဘောင်​နှင့်တစ်​​ဘောင်​သုံး​ပေကွာရမည်​။ ​တောင်​​ပေါ်တွင်​စိုက်​ပါက ကွန်​တိုလိုင်းတ​စ်လျောက်​​ဘောင်​​ဖော်​ပါ။

ရှစ်လမှ တစ်နှစ်သုံးလထိအောင် ကောင်းစွာကြီးထွားသော အပင်မှကိုင်းကို ပင်စည်အလည်လောက်တွင် အဆစ်ပေါင်း ကိုးဆစ်မှ ဆယ့်နှစ်ဆစ်ထိပါသော ကိုင်းအရှည် ဆယ့်တစ်လက်မ ကိုင်းလေးများ ဖြတ်ပါ။ ဖြတ်ရာတွင် အသုံးပြုသော ကတ်ကြေး၊ လွှတို့ကို အိမ်သုံးအရောင်ချွတ်ဆေး တစ်ရာရာခိုင်နှုန်း ဖျော်ထားသော ဆေးရည်ထဲသို့ တစ်ပင်မှ တစ်ကိုင်ဖြတ်ပြီးတိုင်း စိမ်၍ ဆေးပါ။ ဖြတ်ပြီးသား ကိုင်းများကိုမူ မှိုသတ်ဆေး၊ မြေအောင်းသတ်ဆေးများနှင့်စိမ်၍ ထားပါ။

စိုက်ပျိုးပုံ

စိုက်မြောင်းများတွင် ခပ်စောင်းစောင်းအနေအထားတွင်ထား၍ တစ်ကိုင်းနှင့်တစ်ကိုင်း နှစ်ပေခွာ၍ စိုက်ပျိုးပါ။ မြေပေါ်တွင် အတက်သုံးတက်မှလေးတက်ထိ ဖော်၍စိုက်ပါ။ မတ်လမှ ဧပရယ်လဆန်းထိနောက်ဆုံး ထား၍စိုက်ကြသည်။ မစိုက်မီ ပေါင်းသတ်ဆေး အသုံးပြုနိုင်ပါက စိုက်ပြီး တစ်လကြာလျှင် ပေါင်းနှိမ်ရာတွင် သက်သာမည်။ ပေါင်းသတ်ဆေး မသုံးပါက တစ်လတစ်ကြိမ် ပေါင်းနှိမ်ပေးရသည်။

မြေဆီ

စိုက်ပြီးတစ်လခွဲအကြာတွင် N:P:K နိုက်ထရိုဂျင် ဖော့စဖောရပ် ပိုတက်ဆီယမ် ၁၂း၂၄း၁၂ ကို တစ်ဧကလျှင် တစ်ရာ့ငါးပိဿာကို ထည့်​​ပေးပါ။ ပြီးလျှင် စိုက်ပြီး လေးလကြာတွင် N:P:K နိုက်ထရိုဂျင် ဖော့စဖော်ရပ် ပိုတက်ဆီယမ် ၁၆း၈း၂၄ ကိုပိဿာတစ်ရာကျွေးပါ။ လက်မှန်းနှင့်ဆိုလျှင် တစ်ပင်ကို လက်တစ်ဆုပ်သာလျှင်ကျွေးသည်။ မြေဆီထည့်ရာတွင် အပင်ခြေနှင့် လက်သုံးလုံးခွာပြီး လက်နှစ်ဆစ် အနက်တွင်းသေးသေးယက်၍ ထည့်ပါ။ ကျွေးပြီးသုံးလခွဲကြာလျှင် အပင်ပိုမိုတုတ်ခိုင်လာသည်ကို သိသိသာသာတွေ့ရပြီး ဥ စဥ ပြီဖြစ်သည်။

ပိုးမွှားနှင့်ရောဂါ

သရစ်နှင့်မွှားများက ရာသီဥတု ခြောက်သွေ့လျှင် ပိုမိုကျရောက်တတ်သဖြင့် ရာသီဥတုပေါ်မူတည်၍ သင့်တော်သော မွှားသတ်ဆေးများသုံးပါ။ ဆိုးရွားစွာ ကျရောက်လေ့မရှိသော်လည်း ကျရောက်ခဲ့ပါက အမြစ်ထိုးပိုးအတွက် ပင်လုံးပြန့် အာနိသင်ရှိသော ဓာတု​ဗေဒ ဆေးကို အသုံးပြုပါ။

လောင်မီးကျရောဂါအတွက်ပုံမှန်သုံးနေကျသော ဆေးများကို အသုံးပြုနိုင်သည်။ Chinch bugs များကျရောက်ခဲ့ပါက မီးထောင်ချောက်များ ချခြင်းကသာလျှင်ကောင်းစွာ နှိမ်နင်းနိုင်မည်ဖြစ်သည်။

ဥများဖော်ခြင်း

စိုက်ပြီး ရှစ်လမှ တစ်နှစ်ကြာတွင် ဥများကို တူးယူနိုင်သည်။ မတူးခင် နှစ်လအလိုတွင် အရွက်ရင့်များကို ဖြတ်တောက်ပေးပါက ပုံမှန်မဖြတ်ထားခြင်းထက် ဆယ်ရာခိုင်နူန်း အထွက်ပိုများသည်။ ဥမဖော်မှီ ပေါင်းမနှိမ်ရပါ။ စိုထိုင်းဆကောင်းစွာ ထိန်းသိမ်းသော ဂုန်နီအိတ် ဂုန်လျော်အိတ်များဖြင့် ထုပ်ပိုးသယ်ယူခြင်းသည် ပီ​လောပီနံ ဥများ၏ လတ်ဆတ်မှုကိုကောင်းစွာ ကြာရှည်ခံစေသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်