အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသ သတင်း

နေ့စဉ်မိုးလေဝသ သတင်း

မိုးဇလ
မိုးဇလ • Greenovator • 10/09/2018

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား နည်းနေပါသည်။

ယနေ့ ညနေအထိခန့်မှန်းချက်။  မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။  လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃) ပေမှ (၇) ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။  မုတ်သုံလေ အားနည်းနေမည်။ 

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ကိုးကား - မိုးဇလ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ဦး​နေလင်းထက် • ဖြေကြားချက် 1 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ

Nay L H • ဖြေကြားချက် 1 ခု

GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ

Aye Chan Min • ဖြေကြားချက် 0 ခု

ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး

MgMinlwinsoe • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။