နေ့စဉ်မိုးလေဝသသတင်း

25/08/2020 09:39 AM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့၊ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အလွန်ကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးဇလ


Natural Cure Co.,Ltd ကြော်ငြာ

ရာသီဥတုဒဏ်၊ ပိုးမွှားက ဖျက်တဲ့ဒဏ်ကိုခံနေရတဲ့ စိုက်ခင်းထဲကသီးနှံများ” တောင်သူဦးကြီးများရဲ့ စိုက်ခင်းထဲက ရတနာလေးလိုတန်ဖိုးထားအဖိုးတန်သော သီးနှံတွေဟာ ရာသီဥတုဒဏ်၊ ပိုးမွှားများဒဏ်ခံနေရပြီဆိုပါက NPK ကိုအချိုးကျကျပေါင်းစပ်ထားသော NC ကွန်ပေါင်းဓာတ်မြေသြဇာ 15:15:15 က တောင်သူကြီးတို့ရဲ့ သီးနှံများကိုရောဂါကင်းပြီး ရွှေလိုဝင်းစေမှာပါ အပင်တွေကြီးထွားဖို့အတွက် လိုအပ်တဲ့ ပရိုတင်း နှင့် အင်(မ်)ဇိုင်းဓာတ်တွေကို အပြည့်အဝ အထောက်အကူပြုပေးတဲ့ နိုက်ထရိုဂျင် ( N ) အသီးအပင်တွေကို အာဟာရကြွယ်ဝစေပြီး၊ မြေဆီလွှာဆဲလ်တွေ ပျက်စီး မှုကို ထိန်းသိမ်းပေးတဲ့ ဖော့စ်ဖရပ် (P2 O5) အရည်ဓာတ်ကို ပြည့်ဝစေပြီး အသီးအပင်တွေကို သန်မာလာစေတဲ့ ပိုတက်ဆီယမ် ( K2 O ) အပင်တွေကို ကြီးထွားဖို့ရန်အတွက် လိုအပ်တဲ့ ပရိုတင်း ၊ အင်(မ်)ဇိုင်း ၊ ဗီတာမင် နဲ့ အစိမ်းရောင် အပင်တွေအတွက် များစွာအကျိုးပြုတဲ့ ဓာတ်တွေများစွာပါဝင်သော ဆာလဖာ ( S ) တို့ကို အချိုးကျကျပေါင်းစပ်ထားလို့ တောင်သူဦးကြီးတို့ရဲ့ ပြဿနာများကို ဖြေရှင်းပေးဖို့ NC(အန်စီ) ကွန်ပေါင်း ဓာတ်မြေသြဇာ 15:15:15 ‌ရောက်ရှိလို့ လာပါပြီ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းများကို အမြို့မြို့အနယ်နယ်ရှိ သက်ဆိုင်ရာ ကိုယ်စားလှယ်ကြီးများထံတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။ ထုတ်ကုန်များအကြောင်းအသေးစိတ်သိရှိလိုပါက 09 255 361 088 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်