ပဲတီစိမ်း၊ မတ်ပဲတွင် ကျရောက်သော ခါးရိရောဂါ

08/12/2017 22:29 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

မတ်ပဲ ပဲတီစိမ်းစိုက်ခင်းတွေမှာ ခေတ်စားလာတဲ့ ပြသနာတခုပါ။ ထိုပြသနာကို အကြီးအကျယ် ခံစားနေရပါပြီ။ ယခုခေတ်မှာလည်း ခါးရိပြသနာ ရင်ဆိုင်ရမယ့်သူတွေ ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးခြင်းဖြစ်ပါတယ်။ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အပြည့်အစုံမဖြစ်ပေမယ့် ဒေသအလိုက် အနီးစပ်ဆုံး အသုံးတည့်ရန် ရည်ရွယ်ပါတယ်။

Damping off နဲ့ မတ်ပဲ ပဲတီစိမ်း ခါးရိရောဂါ

မြေဆောင်ရောဂါဖြစ်ပြီး Fusarium Pythium Phypthora oomycete စတဲ့ မှို အုပ်စုများကြောင့် ဖြစ်စေပါတယ်။ ယခင်က ဆိုးရွာူးမှုမရှိပေမယ့် အခုနှစ်ပိုင်းမှာ ပဲစိုက် ဒေသတွေမှာ ဂရုစိုက်ရမယ့်ရောဂါ တခုအဖြစ် ရောက်ရှိလာပါပြီ ။ပဲခူး အနောက်ဘက်ရောက်ရှိချိန် ဧရာဝတီ ပဲစိုက်တောင်သူများတွေ့ဆုံချိန်မှာ အပင်က ငယ်ငယ်လေးနဲ့ ဘာဖြစ်မှန်းမသိဘဲ အကွက်လိုက် သေကုန်တာ တွေ့နေရတာ များလာပြီ။ယာတစပ်ထဲ ကွင်းလိုက်ကိုဖြစ်လာလို့ ဆိုတာတွေ ကြားလာရပါပြီ။

ဒီပြသနာဟာ တခါတရံမှာ ငမြောင်တောင် ကျိုင်း ဖိုးလမင်းကောင် ကိုက်တာနဲ့တူတတ်ပေမယ့် သေချာကြည့်မယ်ဆို ကွာခြားမှုတွေရှိပါတယ်။ မျိုးစေ့ချပြီးဟအစေ့ရွက် ထွက်ချိန်အထိ ပြသနာ တစုံတရာမရှိပေမယ့် အရွက်သစ်ထွက်ချိန် ဒေသအခေါ် မင်္ဂလာအရွက်ထွက်ချိန် မြေကြီးနဲ့ထိစပ်တဲ့နေရာမှာ ရေစိုနာအကွက်ပေါ်ပေါက်ပြီး နောက်ဆုံး သေဆုံးပြီး ပဲပင်များ အကွက်လိုက်ပျောက်ဆုံးကုန်ပါတယ်။မြေဆောင် မှိုဖြသ်ပြီး ရာသီဥတု ဆိုးရွားချိန်ဖြစ်တဲ့ မြေတွင်း အစိုဓာတ်များချိန်နဲ့ နေပူပြီးခြောက်သွေ့လွန်း အချိန်တွေမှာ အဖြစ်များပါတယ်။ ထိုရောဂါမှာ ဖြစ်စဉ် ၂ခုရှိပြီး ပထမတခုက Fusarium နဲ့ Pythium မှိုကြောင့် နောက်တခုဖြစ်စဉ်က Phythopthra နဲ့ oomycete ကြောင့်ဖြစ်လေ့ရှိပါတယ်။

ထို မှိုပြသနာမှာ အဓိကအားဖြင့် မျိုးတခုထဲကို နေရာတခုထဲမှာပဲ နှစ်စဉ်စိုက်လာလို့။ပုလဲ မြေသြဇာ ခေါ် မြေသြဇာအဖြူ အသုံးများလာလို့ ထယ်ရေး ထွန်ရေး နပ်နပ် မရှိလို့ မြေတွင်း လေဝင်လေထွက်ကောင်းစေတဲ့ သစ်ဆွေးဓာတ်organic matter တွေ ပျောက်လာတဲ့အတွက် ဆိုးရွားလာပြီး ရာသီကလဲ ဖောက်လာတော့ ပိုမို ဆိုးရွားတဲ့ အခြေနေမျိုးရင်ဆိုင်နေရပါပြီ။ အရင်က မန်ကိုဇက် လောက်နဲ့နိုင်ကြပေမယ့် အချို့နေရာတွေမှာ အဆင်မပြေတော့ပါဘူး။

ခါးရိပြသနာဟာ ယခက်နှစ်က ကျန်ခဲ့တဲ့ အပင်အကြွင်းအကျန်များတွင်လတနှစ်ပတ်လုံးမှီခိုနေထိုင်ပြီး နောက်နှစ် မျိုးစေ့ချချိန်မှာ ကူးဆက်ြပြီး အပင်ငယ်စဉ် မြေတွင်း အစိုများချိန် တိုက်ခိုက်ပါတယ်။သန်မာ ကျန်းမာသော မျိုးစေ့များမှာ ခါးရိရောဂါကို ခံနိုင်ရည်ရှိပါတယ်။

ခါးရိရောဂါ မဖြစ်အောင်ဆိုလျှင် မြေကြီးကို ပိုးသန့်ရပါလိမ့်မယ်။မီးရှို့ ပုရစ်ဖုတ်တာထက် အပင်အကြွင်းအကျန်များကို ထယ်ထိုး ဆွေးမြေ့အောင်ကြိုလုပ်ခြင်း မစိုက်ခင် ထယ်ဖွင့်ဘမြေကို နေလှမ်းခြင်းများ ကြိုတင်ဆောင်ရွက်သင့်ပါတယ်။ကျန်းမာသန်စွမ်းသော မျိုးကောင်းမျိုးသန့်များကိုသာ အဓိကထား ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ဒေသတွင်း အလွယ်တကူရရှိသောမျိုးများကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ရေစီး ရေထိန်းကောင်းမွန်သောမြေဖြစ်အောင် ဆောင်ရွက်ရန်လည်းလိုပါတယ်။ပေါင်းမြက်များ မသန့်ရှင်းမှုသည်လည်း ခါးရိကို ကူးဆက်စေတဲ့အတွက် ပတ်ဝန်းကျင် သန့်ရှင်းမှု အရေးပါပါတယ်။မြေချဉ်ငံကိန်းအနေဖြင့် pH 4.5 အောက်မှာ ဆိုးရွားတတ်ပါတယ်။ ထုံးနှင့် ဂျစ်ပဆင် ထည့်သွင်းပြီး မြေပြင်ထားသင့်ပါတယ်။ ပုလဲအသုံးပြုမှုကို လျော့ချပြီး နွားချေး ကြက်ချေး အသုံးပြုခြင်း ကွန်ပေါင်းမြေသြဇာ အသုံးပြုခြင်းကိုသာ ပြုလုပ်သင့်ပါတယ်။

ပေါင်းသတ်ဆေးအလွန်အကျွံ အသုံးပြုမှုကြောင့် မြေဖွဲ့စည်းပုံပျက်ပြီး ခါးရိကို မြေတွင်းပြန့်ပွားစေတတ်ပါတယ်။ အကောင်းဆုံးကတော့ ဖြစ်နိုင်မယ်ဆိုရင် မနှစ်က စိုက်တဲ့မျိုးကို ယခုနှစ်ထိုနေရာ ထပ်မစိုက်ပဲ မြေအနားပေးခြင်း တခြားသီးနှံ စိုက်ခြင်းက အဆက်ပြေဆုံးဖြစ်ပါလိမ့်မယ်။ သို့ပါသောကြောင့် အခုနှစ်ပိုင်းတွေမှာ ဆိုးရွားလာတတ်တဲ့ အပင်ငယ်စဉ် မှာ ခါးပြတ်ပြီးသေတတ်တဲ့ ခါးရိရောဂါအကြောင်း သိနားလည်တဲ့ပုံစံ ဘာတွေ ထိန်းသင့်သလဲ ဆိုတာတွေကို ကျွန်တော်ရေးတဲ့စာကနေ ဆင်ခြင်နိုင်မယ် လို့ ယူဆပါတယ်။ အချို့ အကြောင်းအရာတွေမှာ မိမိဒေသနဲ့ မကိုက်ညီတာတွေ ကျွန်နော့စာတွေမှာပါပါလိမ့်မယ်။ မိမိဒေသနဲ့ အဆင်ပြေအောင် အံဝင်အောင် တွေးတော ဆင်ခြင်နိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်။

ကျေးဇူးတင်ပါတယ်

ခန့်ဇော်ထက်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်