ကြက်သွန်စျေးနှုန်းများကျဆင်းခဲ့သည့်အတွက် တောင်သူအရှုံးပေါ် ပြီး စိုက်ဧကများ လျော့ကျလာ

20/01/2022 20:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

၂၀၂၂ ခုနှစ်ဆောင်းရာသီ ကြက်သွန်စိုက်ချိန်မှာတော့ အရင်နှစ်တွေကကြက်သွန်စျေးတွေ ကျဆင်းခဲ့ပြီး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုတွေကလည်း စျေးကြီးမြင့်လာတဲ့အတွက် ကြက်သွန်စိုက်ဧကတွေလျော့ကျလာပါတယ်။ ကြက်သွန်စိုက်ဧက သုံးသောင်းကျော်လောက်ရှိပြီး အများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ မကွေးတိုင်းဒေသကြီးမှာတော့ စိုက်ဧကတွေ ထက်ဝက်လောက်လျော့ကျနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းထားပါတယ်။ ရေနံချောင်းမြို့နယ်က ချောင်းကြက်သွန်စိုက်ဧရိယာတွေလျော့ကျလာပြီး တောင်သူပေါင်းရာနဲ့ချီ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိတော့ဘူးလို့ သပြေပင် ကျေးရွာမှ တောင်သူ ဦးဝင်းလှိုင်က အစိမ်းရောင်လမ်း ကိုပြောပါတယ်။

"မစိုက်နိုင်တာက ဒီဟာရဲ့ စိုက်ပျိုးရေးဝန်ဆောင်မှုတွေကို မထုတ်နိုင်တဲ့အတွက် ဆိုတဲ့အတိုင်းအတာက နှစ်တိုင်းမှာတော့ မြို့ပေါ်ဆေးဆိုင်တွေက ယူစိုက်၊ ကျင်းပေါ်ရင်ပြန်ထိုးရောင်းပေးဆိုတာတွေ လုပ်ရဲတယ်လေ။ ဒီနှစ်ကျတော့ ကိုယ့်မှာလည်းအခံကမရှိတော့ဘူး။ ကြွေးယူပြီးလုပ်ရမယ်ဆိုတော့လည်း အဆင်ပြေရင်ကိစ္စမရှိဘူး။ အဆင်မပြေရင် ဒီအကြွေးက ကဒီး၊ ကဒီး အတောင်းခံရတော့မယ်။ တို့သပြေပင်ကျေးရွာမှာတော့ နှစ်တိုင်းစိုက်နေကျ တောင်သူကတော့ ၂၀၃ ဦးရှိပါတယ်။ အဲ့ ၂၀၃ဦးမှာမှ ဒီစိုက်ပျိုးစရိတ်ဝန်ဆောင်မှုတွေ၊ ဆေးစရိတ်ဝန်ဆောင်မှု တွေ၊ နောက်ကျတော့ စျေးကွက်ရဲ့အနေထားအရမှာ ခန့်မှန်းလို့မရတဲ့အတိုင်းအတာ တွေဖြစ်တဲ့အတွက် ၂၀၃ဦးဆိုတဲ့အတိုင်းအတာမှာ ၁၉ဦးပဲစိုက်နိုင်တော့တာ"

လို့ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်က ပြည်ပစျေးကွက်ရှိတဲ့ ရွှေနီကြက်သွန်နီ အများဆုံးထွက်ရှိရာဒေသဖြစ်ပြီး စပါးကို ဝမ်းစာလောက်ပဲ စိုက်ပျိုးကာ ကြက်သွန်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြတာဖြစ်ပါတယ်။ ကြက်သွန်စျေးကွက်မတည်မငြိမ်ဖြစ်ခဲ့တာတွေက ၂၀၁၀ ပြည့်နှစ်လောက်မှာစတင်ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၃ - ၂၀၁၄ ခုနှစ်ကစပြီး ကြက်သွန်တစ်ပိသာ ကျပ် ၅၀လောက်သာရခဲ့ချိန်မှာ ကြက်သွန်စျေးကွက်ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ကြက်သွန်စိုက်တောင်သူတွေ အထိနာခဲ့ပါတယ်။ ကြက်သွန်နဲ့ စီးပွားမဖြစ်တော့ပဲ အဆုံးအရှုံးတွေနဲ့ရင်ဆိုင်ရတာ ၆နှစ်ခန့်ရှိပြီလို့ ဦးဝင်းလှိုင်ကဖြည့်စွက်ပြောပါ တယ်။

ဆောင်းရာသီကာလအတွင်း ချောင်းကြက်သွန်စိုက်ပျိုးရာမှာ ရေနည်းလာတဲ့ချောင်းထဲက သဘာဝအတိုင်းစီးဆင်းလာတဲ့ရေကို လူ့လုပ်အားနဲ့ မြေင်းဖောက်ကာ စုစည်းစီးဆင်းစေပါတယ်။ အဲ့ဒီနောက် ပေါ်လာတဲ့ချောင်းမြေကို ကြက်သွန်စိုက်တောင်သူများ အချိုးကျခွဲဝေပြီးကြက်သွန်စိုက်ပျိုးကြတာဖြစ်ပါတယ်။ ရေနံချောင်းမြို့နယ် သပြေပင် ကျေးရွာမှာတော့ နှစ်စဉ် ချောင်းမြေကိုခွဲဝေယူကြပြီး ကြက်သွန်စိုက်ပျိုးတဲ့တောင်သူက ၂၀၃ဦးရှိပေမယ့် အခုနှစ်မှာတော့ ကြက်သွန်စိုက်ပျိုးနိုင်တဲ့တောင်သူ ၁၉ ဦးသာကျန်ရှိပါတော့တယ်။ ဒါကြောင့် မစိုက်ပျိုးနိုင်တော့တဲ့ ကျန်ရှိနေတဲ့တောင်သူ ၁၈၄ဦးမှာ နှစ်တိုင်း ကြက်သွန်စိုက်ပျိုးသူအခင်းရှင်အဖြစ်ကနေ သီးနှံရှုံးပြီး အရင်းအနှီးတွေကြီးလာတဲ့အတွက် မစိုက်ပျိုးနိုင်တော့ပဲ မိသားစုဝမ်းရေးအတွက် ကြက်သွန်စိုက်လယ်ယာလုပ်သားအဖြစ် ပြောင်းလဲလုပ်ကိုင်လာရပါတယ်။ ကြက်သွန်စိုက်ပျိုး ထုတ်လုပ်တဲ့လုပ်ငန်းက အကျိုးအမြတ်တွေ နည်းနည်းလာပြီး အဆုံးအရှုံးတွေရှိလာပေမယ့် မိရိုးဖလာလုပ်ငန်း ဖြစ်တာရယ်နှင့် စိုက်ပျိုးမြေကိုအကောင်းဆုံးအသုံးချနိုင်မယ့် အခြားနည်းလမ်းမရှိတာကြောင့် ဆက်လက်စိုက်ပျိုးနေရတာဖြစ်တယ်လို့ ၂၀၂၂ ဆောင်းရာသီမှာ ကြက်သွန် ဆက်လက်စိုက်ပျိုးနေဆဲတောင်သူ ဦးစံမောင်က ပြောပါတယ်။

" ပြန်ရောင်းရတာက နှစ်သောင်းစျေးဆိုတော့ တစ်ပိသာကို ၂၀၀နှုန်းပဲ ရှိတာလေ။ ၂၀၀ နှုန်း၊ တစ်သောင်းစျေးဆိုတော့ ကုန်တာက ငါးသောင်းပတ်ဝန်းကျင်ဆိုတော့ နှစ်သောင်းလောက်ဆိုတော့ သုံးပုံပုံရင် နှစ်ပုံလောက်ရှုံးနေတာဆိုတော့ ဒီနှစ်မလုပ်နိုင်ပဲ ခက်သွားတာပေ့ါ။ ဘာလို့ ဒီဟာကို စိုက်လဲလို့မေးရင် မြတ်လို့လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ရိုးရာ၊ မိရိုးဖလာဖြစ်တဲ့ ဒီလုပ်ငန်းခွင်လေးမို့လုပ်နေတာ။ ဒါမဖြစ်မနေ ကိုယ့်ရဲ့နေရာမို့လို့သာ လုပ်တာကိုး ဘာမှတော့ထွန်းကားမှုတော့ဖြစ်မလာသေးဘူး။ ပြီးခဲ့တဲ့နှစ်က ရှုံးနေတာကိုး။ စိုက်တဲ့သူတွေကလည်း သုံးပုံပုံနှစ်ပုံလောက်ရှုံးနေတာဆို တော့ ဒီနှစ်တော့မဆင်း တော့ဘူးဆိုတဲ့သူက များနေတယ်"

လို့ပြောပါတယ်။

မကွေးတိုင်းဒေသကြီးတွင်ကြက်သွန် စိုက်ဧက ၃၆၁၄၂ ဧကရှိပြီး အဲ့ဒီကနေ ကြက်သွန်နီတန်ချိန် နှစ်သိန်းနှစ်သောင်းကျော်ထွက်ရှိပြီး တစ်ပြည်လုံးအတိုင်းအတာရ တန်ချိန် တစ်သန်းနီးပါးထွက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရပါတယ်။ စုစုပေါင်းကြက်သွန်နီထုတ်လုပ်မှု၏ ရှစ်ဆယ်ရာ ခိုင်နှုန်းကျော်ကိုပြည်တွင်းမှာ စားသုံးလျှက်ရှိပြီး ကျန်တဲ့ ၂၀ရာခိုင်နှုန်းဖြစ်တဲ့ တန်ချိန် တစ်သိန်းခွဲနှင့်နှစ်သိန်းကြားကိုပြည်ပတင်ပို့လျှက်ရှိတယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ် တွင်ကြက်သွန်နီတန်ချိန် နှစ်သိန်းကျော် ပြည်ပတင်ပို့ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်