မြန်မာ့ကြယ်ပဲဈေးနှုန်းများမှာ အရင်နှစ်ထက် တစ်ကီလိုကို ကျပ် ၃၀၀၀ ဝန်းကျင် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံကြယ်ပဲအသင်းမှ သိရပါတယ်။
ထိုင်းနိုင်ငံမှ ဝယ်လိုအားနည်းနေပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ဈေးနှုန်းတွေကျဆင်းရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြယ်ပဲအသင်းမှ ဒုတိယဥက္ကဌ ဦးသန်းအောင်ကပြောပါတယ်။
“ကြယ်ပဲကို အဓိကထားတင်ပို့နေတဲ့ ထိုင်းနိုင်ငံက သူတို့ရာသီထွက်ချိန်တွေရောက်တော့ ဝယ်လိုအားနည်းသွားတယ်။ ပြီးတော့ ကြယ်ပဲကိုတင်ပို့နေတဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေကလည်း မကောင်းတော့ ဈေးနှုန်းက အရင်နှစ်ထက်ကျဆင်းသွားတယ်”
ကြယ်ပဲတစ်ကီလိုကို ကျပ် ၆၀၀၀ ဝန်းကျင်ရရှိခဲ့ရာမှ အခုနှစ်မှာ ကျပ် ၃၀၀၀ ဝန်းကျင်သာရရှိကြောင်း မြန်မာနိုင်ငံကြယ်ပဲအသင်းမှ သိရပါတယ်။
ကြယ်ပဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ မကွေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်း အဆိုပါအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more