ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများကို မြန်မာ့ဆန်တင်ပို့မှုတန်ချိန် (၈)သိန်းဝန်းကျင် ကျဆင်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
အခုနှစ်အတွင်း မြန်မာ့ဆန်ကို နယ်စပ်လမ်းကြောင်းမှတင်ပို့မှု ကျဆင်းခဲ့တာဖြစ်တဲ့အတွက် အရင်နှစ်ကာလတူထက် တင်ပို့မှု တန်ချိန် (၈) သိန်းဝန်းကျင် ကျဆင်းခဲ့တာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကပြောပါတယ်။
“ပင်လယ်ရေကြောင်းက တင်ပို့မှုတိုးသော်လည်း တရုတ်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲကြောင့် နယ်စပ်ကတင်ပို့မှုက လျော့နည်းသွားတာပေါ့။ ပင်လယ်ရေကြောင်းကနေ ဖိလစ်ပိုင် စျေးကွက်သစ်တွေလည်း တင်ပို့ရတယ်။ ပင်လယ်ရေကြောင်းကနေ တရုတ်ကိုတင်ပို့ဖို့ကလည်း ဆန်တန်ချိန် ကိုတာ(၁)သိန်းတော့ ရထားတော့ ပင်လယ်ရေကြောင်းကတော့တိုးတက်လာတာပေါ့”
မြန်မာ့ဆန်ကို ပင်လယ်ရေကြောင်းမှ အာဖရိက၊ အီးယူနိုင်ငံမျာ ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကို တင်ပို့နေတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တန်ချိန်ကို သြဂုတ်လ (၂၃) ရက်နေ့ထိ ၂.၁၁၉ သန်းတင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် (၈)သိန်းဝန်းကျင် တင်ပို့မှုလျော့နည်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရသိရပါတယ်။
ယမင်းအေး(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more