ကုန်ကျစရိတ်မများလှသော အစက်ချရေပေးစနစ်

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

        အပူပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးသော သီးနှံပင်များ ရေမရရှိဘဲ ပျက်စီး ဆုံးရှုံးကြရသည်။ သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်ရန် ရေရရှိမှုသည် မရှိမဖြစ် လိုအပ်ပါသည်။

         အထူးသဖြင့် ဥယျာဉ်ခြံ သီးနှံပင်များ၏ ရေလိုအပ်ချက်အား ဖြည့်ဆည်းပေးရန် ရေပေးသွင်းမှု ပုံစံများသည် စိုက်ပျိုးသူများအတွက် အရေးပါလှသည်။ အသုံးများသော ရေပေး စနစ် ပုံစံများမှာ မြောင်းဖော်၍ ရေပေးသွင်းခြင်း (Furrow irrigation)၊ ရေဖျန်း ကိရိယာ အသုံးပြု၍ ရေပေးခြင်း (Sprinkler irrigation)၊ ရေထမ်း ပုံးဖြင့်လောင်း၍ ရေပေးခြင်းနှင့် အစက်ချရေပေးခြင်း (Drip irrigation) တို့ဖြစ်သည်။

         အစက်ချရေပေးစနစ်သည် ရေသုံးစွဲမှု အနေဖြင့် ထိရောက်မှု အရှိဆုံး ဖြစ်သည်။ အပင်၏ အမြစ်ဇုံ ပတ်ဝန်းကျင် အနီးအနားအား ထိန်းညှိပြီး ရေပေးနိုင်စွမ်း ရှိသည်။ အခြားရေပေးနည်း စနစ်များထက် ရေအသုံးပြုမှု နည်းနည်းဖြင့် သီးနှံပင်များကို အကျိုးရှိရှိ စိုက်ပျိုးနိုင်သည်။ အစက်ချရေပေး စနစ်တွင် ရေသည် ရေစစ် (Filters) များ မှတစ်ဆင့် အစက်ချပိုက်လိုင်းများ (Drip pipe) အတွင်းသို့ စီးဆင်းသွားခြင်း ဖြစ်သည်။ ၎င်း Drip ပိုက်များတွင် ရေအစက်ကျခေါင်းများ (Emitters) ကို အကွာအဝေး အမျိုးမျိုးဖြင့် ထားနိုင်သည်။

       ယခုဖော်ပြပါ အစက်ချရေပေး နည်းစနစ် (၂) ခုသည် လယ်သမားငယ်များ အတွက် ကုန်ကျစရိတ် နည်းနည်းဖြင့် ဆောင်ရွက်နိုင်သော နည်းလမ်းများ ဖြစ်ပါသည်။ အထူးသဖြင့် မိုးရေရရှိမှု မသေချာသောနေရာများနှင့် ရေသုံးစွဲမှု အကန့်အသတ်ရှိသော ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် အသုံးပြုရန် သင့်တော်ပါသည်။

ကောင်းကျိုးများ

ကုန်ကျစရိတ် နည်းနည်း (၁၀ဝဝဝ-၂၀ဝဝဝ ကျပ်) ဖြင့် လယ်သမားငယ်များ ဆောင်ရွက်နိုင်သည်။   ဈေးကွက်ဝင် သီးနှံများအတွက် ပထမ တစ်ရာသီ အတွင်းမှာပင် ယင်းကုန်ကျစရိတ်များ ပြန်လည် ကာမီနိုင်သည်။

အခြားရေပေးစနစ်များနှင့် စာလျှင် အစက်ချရေပေးစနစ်သည် ရေပမာဏ အနည်းငယ်သာ လိုအပ်သည်။ အပင် ၁၀ဝ-၂၀ဝ အတွက် တစ်နေ့လျှင် ရေ ၄၀-၈၀ လီတာခန့်သာ လိုအပ်သည်။

ပေါင်းပေါက်ရောက်မှုကို သက်သာစေနိုင်သည်။

အာဟာရဓာတ်များ မြေအောက်စိမ့်ဝင် ပျောက်ကွယ်သွားခြင်းမှ လျော့ပါး သက်သာနိုင်သည်။

ရေနှင့်အတူ ဓာတ်မြေဩဇာများကို တပါတည်း ကျွေးနိုင်သည်။

ဆိုးပြစ်များ

ပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့် မရနိုင်သေးပေ။

အသုံးပြုမည် ရေသည် မကောင်း/မသန့်လျှင် ရေအစက်ချခေါင်းများ ပိတ်ဆို့နိုင်သည်။

အတွေ့ကြုံနှင့် လေ့ကျင့် သင်ကြားထားမှု လိုအပ်နိုင်သည်။

ဆောင်ရွက်ရန်လိုအပ်သော ပစ္စည်းများ

ရေစစ်ခေါင်း (Filters)၊ Drip ပိုက်များ၊ ပလပ်စတစ်ပိုက်ခေါင်း အဆက်များနှင့် ရေအစက် ကျခေါင်းများ။

ရေလှောင်ကန် (ဥပမာ - ၂၀ လီတာဆန့် ရေပုံး၊ ၁၀ဝ လီတာဆန့် ရေစည်/ရေကန်)။

စင်ဆောက်လုပ်ရန် လိုအပ်သော ပစ္စည်များ။

ရေပုံးအသုံးပြု၍ အစက်ချရေပေးစနစ်(Bucket system)

         ဤစနစ်တွင် ၁၅-၃၀ မီတာအရှည် Drip ပိုက်လိုင်း (၂) ခု နှင့် ရေ ၂၀ လီတာဆန့် ရေပုံး (၁) ပုံး ပါရမည်။ ရေပိုက်လိုင်း (၂) ခုစလုံးကို အမှိုက် သရိုက်များကြောင့် ရေ အစက်ကျခေါင်းများ မပိတ်စို့စေရန် ရေစစ် (Filters) များ တပ်ပေးထားရမည်။ ရေပုံးကို ပုံ (၁) တွင် ပြထားသကဲ့သို့ သီးနှံ စိုက်ခင်း၏ အထက် အနည်းဆုံး ၁ မီတာခန့် အမြင့်မှ ချိတ်ဆွဲထားပေးရမည်။

        ဤစနစ်အား အသုံးပြုမည်ဆိုလျှင် တန်းကြား ၃၀ စင်တီမီတာ အကွာအဝေးဖြင့် စိုက်ထားသော အပင် ၁၀ဝ-၂၀ဝ အား သီးနှံပင် အမျိုးအစား၊ မြေ အမျိုးအစားနှင့် ရာသီဥတုတို့ ပေါ်မူတည်ပြီး တစ်နေ့ ရေ ၂-၄ ပုံးသာ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။ 

ရေစည်/ရေကန် အသုံးပြု၍ အစက်ချရေပေးစနစ်(Drum system)

         ဤစနစ်သည် ရေပုံး အများအပြား အသုံးပြုရသော စနစ်ကို တစ်ခုတည်းဖြစ်အောင် ပြုပြင် မွမ်းမံထားခြင်း ဖြစ်သည်။ ရေ ၂၀ လီတာဆန့် ရေပုံး အစား ရေ ၁၀ဝ-၂၀ဝ လီတာဆန့် ရေစည်/ရေကန်အား အသုံးပြုထားခြင်း ဖြစ်သည်။ ၁၅-၃၀ မီတာ အရှည်ရှိ Drip ပိုက်လိုင်းများအား ပုံ (၂) တွင် ပြထားသကဲ့သို့ အဖွင့် အပိတ် ပါသော ပိုက်လိုင်းမကြီးနှင့် ဆက်ထားခြင်းဖြစ်သည်။ ၎င်းပိုက်လိုင်းမကြီးကို အချင်း ၂.၅ စင်တီမီတာရှိ PVC ပိုက်/စတီး ပိုက်များဖြင့် ပြုလုပ်နိုင်သည်။ ပိုက်လိုင်းမကြီးနှင့် ရေစည်/ရေကန်အား သီးနှံ စိုက်ခင်း အထက် ၁ မီတာခန့် အမြင့်တွင် ထားရမည်။

         ဤစနစ်အား အသုံးပြုမည်ဆိုလျှင် တန်းကြား ၃၀ စင်တီမီတာ အကွာအဝေးဖြင့် စိုက်ထားသော အပင် ၅၀ဝ- ၁၀ဝဝအား သီးနှံပင် အမျိုးအစား၊ မြေ အမျိုးအစားနှင့် ရာသီဥတုတို့ပေါ် မူတည်ပြီး တစ်နေ့ ရေ ၁၀ဝ-၂၀ဝ လီတာခန့်သာ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။     ။

 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

16-8-2009 (9: 45 PM)

(မှတ်ချက်။   ။ Sustainable Agriculture Extension Manual ပါ “Smallholder drip irrigation” အကြောင်းအား သင့်တော်သလို ဘာသာပြန် ရေးသားထားခြင်းဖြစ်ပါသည်။)


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်