မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးအောင်မြင်ရေး

28/09/2021 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မြေပဲသီးနှံကို မိုးရာသီမှာစိုက်သည်။ ဆောင်းရာသီတွင်လည်းစိုက်သည်။ အများစုစိုက်ပျိုးသည်က မိုးရွာသွန်းမှုနည်းပါးသောဒေသများဖြစ်သည့် စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖြစ်သည်။

    မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်ကောင်းဖို့အတွက် စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာအသုံးပြုမှု၊ ပေါင်းမြက်၊ ရောဂါ၊ ပိုးမွှားကြိုတင်ကာကွယ်မှု စသည် ပြည့်စုံမှန်ကန်အောင် လုပ်ကိုင်ဆောင်ရွက်နေတာတွေ တွေ့မြင်ရပါသည်။ 

မြေပဲသီးနှံအထွက်နှုန်းမိတ်ဖက်

    မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်ကောင်းဖို့အတွက် အထွက်နှုန်းမိတ်ဖက်တွေကောင်းအောင် အလေးထားလုပ်ကိုင်ရမှာဖြစ်သည်။ အထွက်နှုန်းမိတ်ဖက် (၄) ချက်ရှိသည်။ 

၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိ အပင်ဦးရေ 

၂။ တစ်ပင််ပါအောင်တောင့်အရေအတွက် 

၃။ အဆံထွက်ရာခိုင်နှုန်းနှင့် 

၄။ အစေ့ (၁၀၀) အလေးချိန်တို့ ဖြစ်ပါသည်။

    တောင်သူလယ်သမားကြီးများသည် စိုက်ပျိုးသမျှသီးနှံတိုင်း အထွက်ကောင်းလိုသည်။ အားသွန်ခွန်စိုက်ကြိုးပမ်းကြမှာဖြစ်သည်။ မြေပဲသီးနှံ အထွက်နှုန်းကောင်းရေးကိုလည်း လိုလေသေးမရှိ ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါသည်။

မျှော်မှန်းအထွက်ရရှိရေး

    နည်းစနစ်တွေ မည်မျှပင်ကောင်းနေပါစေ။ မျှော်မှန်းအထွက်ကို ပုံသေရရှိနိုင်သည်လို့ ပြောနိုင်ပါမည်လား။

    ယခုအချိန်အခါတွင် သီးနှံများအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုအဟန့်အတားကို ရင်ဆိုင်နေရတာ ကမ္ဘာနှင့်အဝှမ်းဖြစ်ပါသည်။

    မြေပဲစိုက်ပျိုးရာတွင် မိုးရေကိုသာ အားကိုးစိုက်ပျိုးရသည်ဖြစ်ရာ သီးနှံအတွက် လိုအပ်ချိန်တွင် မိုးရွာသွန်းမှုနည်းပါးပြီး အစိုဓာတ်မလုံလောက်မှုကြောင့် သီးနှံဖြစ်ထွန်းမှုနည်းကာ မျှော်မှန်းအထွက်ကို ရရှိနိုင်ခြင်းမရှိတာ နှစ်စဥ်လိုလိုကြုံတွေ့နေရကြောင်း သိရှိရပါသည်။

မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကိုစိုက်ပျိုးရေး

    မြေပဲသီးနှံအောင်မြင်ဖြစ်ထွန်းဖို့ဆိုလျှင် ရာသီဥတုဖေါက်ပြန်နေသော ယနေ့အချိန်အခါကာလ၌ မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကို စိုက်ပျိုးသင့်ပါသည်။ စိုက်ပျိုးလိုက်သော မြေပဲမျိုးသည် ဒေသရေမြေဖြစ်ထွန်းရန်လိုသည်။ မိုးခေါင်ခံဖို့လိုသည်။ မြေတွင်း အစိုဓာတ်နည်းသည့်အခြေအနေအတွက် သင့်တော်သည့်မျိုးဖြစ်သင့်ပါသည်။

    မိမိဒေသနှင့်သင့်တော်သည့် စိုက်ပျိုးနေကျ သခင်မစွန့်သည့်မြေပဲမျိုးကို ဆက်လက်စိုက်ပျိုးနေတာတွေ ရှိနိုင်ပါသည်။ အထွက်နှုန်းမြင့်မားခြင်းမရှိသော်လည်း အထွက်တစ်စုံတစ်ရာရသမျှနှင့် ကျေနပ်နေမှုများလည်း ရှိနိုင်ပါသည်။

    မိုးခေါင်ဒဏ်ခံမြေပဲမျိုးများတွင် စံထားရလောက်သော သုတေသနပြု ထုတ်ဝေထား သည့် မြေပဲမျိုး (၃) မျိုးကို အသိပေးလိုပါသည်။ အချို့တောင်သူများ လက်မလွတ်တမ်း စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ အဆိုပါမျိုးများမှာ (၁) ဆင်းပဒေသာ-၆၊ (၂) မကွေး-၁၀ နှင့် (၃) ဆင်းပဒေသာ-၁၂ တို့ ဖြစ်ပါသည်။ 

ဆင်းပဒေသာ-၆ မြေပဲမျိုး

     မိုးခေါင်ဒဏ်ခံနိုင်သော မြေပဲမျိုးဖြစ်ပါသည်။ အရည်အသွေးလက္ခဏာအချို့ကို ဖေါ်ပြရလျှင်-အပင်ပုံစံမှာ ပင်ထောင်ဖြစ်ပြီး အသက်ရက်- ၁၀၅ မှ ၁၁၀ ဖြင့် နှုတ်သိမ်းနိုင်သည်။ 

     တစ်ပင်တွင်အောင်မြင်သော အတောင့်- ၁၅ မှ ၂၀ ပါပြီး တစ်တောင့်ရှိအစေ့အရေအတွက်မှာ- ၂ မှ ၁ ဖြစ်သည်။ အစေ့ခွံအရောင်မှာ ပန်းရောင်ဖြစ်သည်။ အဆံထွက်ရာခိုင်နှုန်းသည် ၇၄ ဖြစ်ပြီး အစေ့(၁၀၀)တွင် ၄၀ ဂရမ်အလေးချိန်ရှိကာ ဆီပါဝင်မှုရာခိုင်နုန်းသည် ၄၉ မှ ၅၁ ဖြစ်ကြောင်း သိရပါသည်။

မကွေး-၁၁ မြေပဲမျိုး

    မိုးခေါင်ဒဏ်ခံနိုင်သော မြေပဲမျိုးဖြစ်သည်။ အဆံထွက်ကောင်းသောမျိုးဖြစ်သည်။ မြေပဲမျိုး၏အပင်ပုံစံမှာ- ပင်ထောင်မျိုးဖြစ်သည်။ အပင်များ၏ ၅ဝ ရာခိုင်နှုန်း ပန်းပွင့်သည့်ရက်မှာ၂၅ ရက်သားတွင်ဖြစ်ပြီး အပင်သက်တမ်း ၁၀၅ ရက်ခန့်တွင် နှုတ်သိမ်းနိုင်သည်။ 

    တစ်တောင့်တွင်အစေ့  ၂ မှ ၁ စေ့ ပါလေ့ရှိပြီး အစေ့ခွံအရောင်မှာ ပန်းရောင်ဖြစ်သည်။ အဆံထွက်ရာခိုင်နှုန်းမှာ ၇၅ ဖြစ်ပြီး အစေ့ ၁၀၀ တွင်  ၃၈ ဂရမ် အလေးချိန််စီးကာ ဆီပါဝင်မှုရာခိုင်နုန်းမှာ ၅၀ ဖြစ်ကြောင်း သိရပါသည်။

ဆင်းပဒေသာ - ၁၂ မြေပဲမျိုး

    မိုးခေါင်ဒဏ်ခံနိုင်ပြီး မိုးရွာသွန်းမှုနည်းပါးသော အပူပိုင်းဒေသနှင့် သင့်တော်သောမျိုးဖြစ်ကြောင်း သိရပါသည်။ မြေပဲမျိုး၏အပင်ပုံစံမှာ  ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့်- ၁၅ မှ ၂၅ ရှိပြီး အဆံထွက် ရာခိုင်နှုန်း- ၇၂ ဖြစ်သည်။ အစေ့ ၁၀၀ တွင်  ၃၀ မှ ၄၀ ဂရမ် အလေးချိန််စီးကာ ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၄၇ ဖြစ်ကြောင်း သိရပါသည်။ 

    မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးရေချိန်နည်းပါးသည့် အပူပိုင်းဇုန်ဒေသများတွင်စိုက်ပျိုးသော မြေပဲသီးနှံ စိုက်ပျိုးကြီးထွားစဥ်ကာလအတွင်း ရက်ရှည်ကြာ မိုးပြတ်လပ်မှုများနှင့် ကြုံတွေ့နိုင်သည်ဖြစ်ရာ စိုက်ပျိုးစဥ်ကပင် သင့်တော်သည့် မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးအောင်မြင်ကြစေလိုပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်