အာဟာရပြည့် ဘဲငယ်နှင့်ဘဲကြီး အစာများစပ်နည်း

26/08/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘဲများကိုလွှတ်ကြောင်းမွေးမြူသည်ဖြစ်စေ၊ အိမ်ခြံဝင်းအတွင်း၌ မွေးမြူသည်ဖြစ်စေ၊ ကြီးထွားနှုန်းကောင်းပြီး ဥနှုန်းများများရစေရန် အဓိကလိုအပ်ချက်မှာ အာဟာရပြည့်စုံစွာပါဝင်သော အစားအစာများကို ကျွေးမွေးခြင်းပင်ဖြစ်သည်။ ဘဲစာထဲ၌ပါဝင်ရမည့် အာဟာရဓာတ်များမှာ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်နှင့် ရေဓာတ်များဖြစ်သည်။ အမျိုးအမည်စုံလင်စွာ ရောစပ်ကျွေးမွေးသွားပါက လိုအပ်သည့်အာဟာရဓာတ်များကို ရရှိမည်ဖြစ်သည်။ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့၏ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို လေလွင့်မှုမရှိစေဘဲ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုသွားနိုင်ပါသည်။

ဘဲပေါက်ကလေးများကို အသက်၂ပတ်သားအရွယ်အထိ အစာကိုတစ်နေ့လျှင် ၄ကြိမ်ကျွေးပေးရမည်။ ဘဲကလေးများ နှစ်ပတ်ပြည့်လျှင် အစာကို တစ်နေ့ ၃ကြိမ်သာကျွေးပါသည်။ အသက်တစ်လပြည့်သောအခါတွင် တစ်နေ့လျှင် ၂ကြိမ်ကျွေးပါသည်။ ဘဲငယ်အတွက်အစာကို အောက်ပါအချိုးဖြင့် စပ်ပါသည်။

ဆန်ကွဲ ၃၀ %

ဖွဲကြမ်း ၃၀ %

ပုဇွန်ဖွဲ ၁၀ %

ငါးခြောက်မှုံ ၁၀ %

နှမ်းဖတ် ၁၀ %

အုန်းဖတ် ၁၀ %

====== ၁၀၀ %

အရွယ်ရောက်ပြီး ဘဲကြီးတစ်ကောင်သည် တစ်နေ့လျှင် အစာတစ်ဆယ်ကျပ်သား ပျှမ်းမျှစားနိုင်ပါသည်။ ဘဲကြီးအတွက် အစာစပ်နှုန်းမှာ အောက်ပါအတိုင်းဖြသ်သည်။

ဖွဲကြမ်း ၄၀ %

ဖွဲနု       ၁၅ %

ဆန်ကွဲ  ၂၅ %

ပုဇွန်ဖွဲ   ၁၀ %

ငါးခြောက်မှုန့် ၅%

ခရုမှုန့်      ၅ %

===== ၁၀၀ %

ဘဲများသည် မှိုအဆိပ်သင့်သည့် ရောဂါကို ကြက်များကဲ့သို့ ခံနိုင်ရည်မရှိသည့်အတွက် ဘဲများ၏အစာထဲတွင် မှိုမပါရှိစေရေးအတွက် အထူးဂရုစိုက်ရန်လိုသည်။ အစာခွက်ရေခွက်များကိုလည်း အချဉ်မပေါက်စေရန် ဂရုစိုက်ပြီး အမြဲသန့်စင်ဆေးကြောပေးရန်လိုသည်။ အစာများထားသိုသည့် အခါတွင်လည်း အစာထဲ၌ ရေငွေ့ဓာတ်ပါဝင်နှုန်းများပြီး သိုလှောင်ရုံအတွင်း လေဝင်လေထွက်မကောင်းပါက အလွယ်တကူ မှိုပေါက်ပွားလာမည်ဖြစ်သည်။ ထို့ကြောင့် အစားအစာကို သိုလှောင်သည့်အခါ ရေငွေ့ဓာတ်နည်းအောင် အခြောက်ခံပြီး လှောင်ထားစဉ်ကာလတစ်လျှောက် အစာအိတ်များကို အပေါ်အောက်အလှည့်ကျ လှန်ပေးရမည်။

( တစ်နိုင်တစ်ပိုင် ဘဲမွေးမြူနည်း စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

 

တစ်နိုင်တစ်ပိုင် ဘဲမွေးမြူနည်းစာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်