အရှေ့တောင်အာရှနိုင်ငံများ၏ အဆင့်မြင့်ပညာရေး
ကိုဗစ်အလွန်ကာလများတွင် စီးပွါးရေးပြန်လည်နလံထူမှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးကဏ္ဏများ ကျားကန်ထားရန်လိုအပ်သလို ပညာရေးဘက်တွင်လည်း သူများထက် အောက်မကျအောင် သတိရှိရှိနှင့်ပြုလုပ်ရပါမည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ကျွန်တော်တို့မိတ်ဆွေ အာဆီယမ်နိုင်ငံများ ဆောင်ရွက်နေမှုများကို ကျွန်တော်သိသလောက် ဗဟုသုတအနေနှင့်တင်ပြပါမည်။

ကျွန်တော်တို့နိုင်ငံ၏ပညာရေးအသုံးမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုလာသော်လည်း လူတစ်ဦးချင်းကုန် ထုတ်လုပ်မှုရာခိုင်နှုန်းနှင့် ယှဉ်ကြည့်လျှင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းနေပါသေးသည်။

( ) အစိုးရမှပံ့ပိုးပေးသော တက္ကသိုလ်၊ ကောလိပ်များ (Public Higher Education Institutions)
မြန်မာနိုင်ငံတွင် စုစုပေါင်းကျောင်းသားအရေအတွက်မှာ ရှစ်သိန်းကျော်ရှိသော်လည်း အခြားနိုင်ငံများ နှင့်ယှဉ်ကြည့်ပါက ကျောင်းသား/ကျောင်းသူတက်ရောက်နေသူဦးရေ နည်းနေပါသေးသည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားတို့တွင် အဆင့်မြင့်ပုဂ္ဂလိကကျောင်းများ များပြားလှပါသည်။ ပါရဂူနှင့် မဟာဘွဲ့များမှာလည်း အခြားနိုင်ငံများထက်ပိုမိုမွေးထုတ်ပေးနေသည်ကို သတိပြုမိစေချင်ပါသည်။ ပုဂ္ဂလိကကဏ္ဍကို အားပေးရမည်ဖြစ်သော်လည်း အရည်အသွေးစစ်ဆေးမှု (Quality Control)၊ အသိအမှတ်ပြုမှု (Accreditation) တို့ဖြင့် အရည်အသွေး (Quality Assurance) ကို ထိန်းချုပ်ရပါမည်။
၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူအလိုက် နာမည်ကြီး၊ ရေပန်းစားနေသောဘာသာရပ်များ (Popular Subjects) ကို အောက်ဖေါ်ပြပါဇယားတွင်တွေ့မြင်နိုင်ပါသည်။


ဆေးနှင့်ဆေးနှီးနွယ်ဘာသာရပ်များတက်ရောက်မှုမှာ ကျောင်း/သားကျောင်းသူအရေအတွက် နှစ်သိန်းကျော်ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှဘွဲ့ရသူနာပြုများမှာ အင်္ဂလိပ်စကားလည်းပြောဆိုနိုင်၊ ဘာသာရပ်လည်းတတ်ကျွမ်းသဖြင့် တစ်ကမ္ဘာလုံး၌ အလုပ်လုပ်ကြကာ (စာရင်းဇယားအရ ဖိလစ်ပိုင်သူနာပြု ၂.၅ သန်းသည် နိုင်ငံပြင်ပတွင် အလုပ်လုပ်နေပါသည်) တိုင်းပြည်ဝင်ငွေများစွာ ရှာပေးလျှက်ရှိပါသည်။
စင်္ကာပူနိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း (၅၈) ကျောင်းက စီးပွါးရေး၊ စီမံခန့်ခွဲရေးနှင့်ဆိုင်သော (Business, Management and Related Subjects) ဘာသာပေါင်း (၆၇၇) ဘာသာသင်ကြားကာ ဘွဲ့ရကျောင်းဆင်းများက တစ်ကမ္ဘာလုံး၌ အလုပ်လုပ်နေကြသည်ကို အားကျဖွယ်တွေ့မြင်နေရပါသည်။

ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ဆက်စပ်မေးခွန်းများ
မတ်ပဲချွေပြီးထွက်လာတဲ့အပင်အခွံမှော်တွေကိုထည်ထိုးပြီးမြေကြီးနဲ့ဖုံးလိုက်တာဘာတွေကောင်းစေလဲ NPKအချိုးညီမျှလားသူက
Sawsamson • ဖြေကြားချက် 0 ခု
မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ
Sawsamson • ဖြေကြားချက် 2 ခု
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
Sawsamson • ဖြေကြားချက် 1 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 0 ခု
ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေးေကာင်တွေတွေ့လို့
Zaw Than Oo • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး