စပါးခွံပေါင်းခံရည်ကို အကျိုးရှိအောင် ဒီလိုသုံးပါ
(၁) ရေနှင့် (၅ မှ ၁၀) ဆအထိ ရောဖျန်းပါက အပင်ငယ်များကို သေစေသဖြင့် ပေါင်းသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။
(၂) ရေနှင့် အဆ ၅၀၀ မှ ၇၀၀ ထိရောဖျန်းပါက အမြစ်၊ အရွက်၊ အသီးများ အားကောင်းစေသည်။
(၃) အဝတ်ထူစကြိုးမျှင်ကို ပေါင်းခံရည်ထဲတွင် နှစ်စိမ်ပြီး လယ်ကွက်ထဲတွင် တုတ်ကိုင်းဖြင့် တွဲလောင်းဆွဲပေးထားပါက ဆစ်ပိုးဖလံများမလာရောက်အောင် ဟန့်တားနိုင်သည်။
(၄) ရေအဆ ၁၀၀ နှင့် ရောဖျန်းပေးပါက စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကို ကာကွယ်နိုင်သည်။
(၅) ပေါင်းခံရည် ၁၆ လီတာနှင့် ကြက်သွန်ဖြူ (၃၀ မှ ၆၀) ကျပ်သားခန့် ရောစပ်ပြီး သုံးလကြာထားပါ။ ၎င်းဆေးကို ရေအဆ ၁၀၀ မှ ၂၀၀ ရောစပ်ပြီးဖျန်းပါက ပျပိုးနှင့် မှိုရောဂါများကို ကာကွယ်နိုင်သည်။
(၆) ဖရဲနှင့် သခွားမွှေးများတွင်ကျရောက်သော စုပ်စားပိုးများအတွက် ရေ ၄ ဂါလံတွင် စပါးခွံပေါင်းခံရည် ၂၀၀ မှ ၃၀၀ စီစီရောစပ်၍ ပက်ဖျန်းနိုင်သည်။
ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး တောင်သူလက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အကြောင်းအရာ 2
သဘာဝမြေဩဇာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Kothetnaing
လွန်ခဲ့သော ၃ နှစ် ကပေါင်းခံရည်ထုတ်မှာဆိုင်ရင် ပေါင်းခံရည်ယူမည့်စက်ကို ဆိုင်မှာပြုလုပ်ရပါမယ် ရိုးရိုးရှင်းရှင်းလေးပါ စက်က ဘာမှမခက်ပါဘူး
kyaw
လွန်ခဲ့သော ၄ နှစ် ကယူနည်းလေးပြပါ
နည်းပညာမိတ်ဖက်အဖွဲ့
ဆုဆွေဖောင်ဒေးရှင်း
တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့အထွက်တိုးပြီး လူထူကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကိုမထိခိုင်စေသည့် စိုက်ပျိုးနည်းစနစ်များကို စဉ်ဆက်မပြတ်ဖြန့်ဝေပေးနေရန် ရည်ရွယ်ဖွဲ့စည်းထားသော ဖောင်ဒေးရှင်းဖြစ်သည်။ ခံယူထားသည့်တာဝန် ယနေ့အချိန်အခါတွင် ရာသီဥတုဖောင်ပြန်မှု၊ မြေဆီလွှာများ ပျက်သုန်းလာမှုများနှင့် စိုက်ပျိုးနည်းစနစ်များ မမှန်ကန်မှုများကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် တောင်သူလယ်သမားအများစုတို့သည် သီးနှံအထွက်များကျဆင်းကာ ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေကြသဖြင့် ဤကိစ္စကိုလျော့ပါးသွားစေရန် ဆုဆွေရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်း၏ ခံယူထားသည့်တာဝန်သည် အောက်ပါအတိုင်းဖြစ်သည်။ "ပြောင်းလဲနေသည့် ရာသီဥတုကို ကြံ့ကြံ့ခံ၍ အန္တရာယ်ကင်းသည့် အစားအစာများကို ရေရှည်အထွက်တိုးပြီး ထုတ်လုပ်သွားနိုင်ရန် တောင်သူလယ်သမားများ၏ အသိပညာနှင့် အတတ်ပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်နေအောင် စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်" အဖွဲ့အစည်းဆောင်ရွက်မည့် လျာထားလုပ်ငန်းများ (၁) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများကို တောင်သူလယ်သမားများအား စဉ်ဆက်မပြတ် ပို့ချပေးနေခြင်း။ (၂) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများ စဉ်ဆက်မပြတ်ပေးနေနိုင်ရန် တောင်သူလယ်သမား ဆရာဖြစ်သင်တန်းများပေးခြင်း။ (၃) ရေရှည်တည်တံ့စိုက်ပျိုးရေး စံပြကွက်များ ပြုလုပ်ခြင်း။ (၄) ရေရှည်တည်တံ့စိုက်ပျိုးရေး သုတေသနများလုပ်ဆောင်ခြင်း။ (၅) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးစာအုပ်စာစောင်များ ထုတ်ဝေဖြန့်ချီခြင်း။ (၆) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးဗီဒီယိုများ ထုတ်လုပ်ဖြန့်ချီခြင်း။ (၇) ရေရှည်တည်တံ့စိုက်ပျိုးရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။ (၈) ရေရှည်တည်တံ့စိုက်ပျိုးရေး ပြည်တွင်းပြည်ပလေ့လာရေးခရီးများ ပို့ခြင်း။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဘာရောဂါကြတာလဲဗျ
သန်းထိုက်အောင် • ဖြေကြားချက် 3 ခု
အပင်အမြစ်တွင်မှိုများကျရောက်နေသောကြောင့်ဖြစ်ပါသည်
Ma Ei Ei Naing • ဖြေကြားချက် 2 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from U Thein Su
အားလုံး