သဘာဝစွဲကပ်ပျံ့နှံ့ဆေး...သစ်သားပေါင်းခံရည် (သို့) စပါးခွံပေါင်းခံရည်
ကျန်းမာရေးကိုလိုက်စားလာတဲ့ စားသုံးသူတွေကြားမှာ ဓာတုဆေးတွေထက် သဘာဝကရတဲ့ပစ္စည်းတွေ အစားထိုးသုံးဖို့ ကျွန်မတို့တောင်သူတွေ ကြိုးစားလာကြပါပြီ။ ဒီလိုပြောင်းလဲခြင်းတွေအတွက် ကောင်းမွန်တဲ့ သဘာဝပစ္စည်းလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။
သစ်သားပေါင်းခံရည်(သို့) သစ်သားရှာလကာရည်လို့ခေါ်တဲ့ သဘာဝဆေးရည်တစ်ခုအကြောင်းပါ။ သစ်သားကရတဲ့ ရှာလကာရည်ဆိုလို့ အထူးအဆန်းမဟုတ်ပါဘူး။ သစ်သားလိုမျိုး ကာဗွန်ဓာတ်ပါတဲ့ အပင်ရဲ့အစိတ်အပိုင်းအချို့ကို လေလုံတဲ့နေရာမှာ မီးလောင်ခိုင်းပြီး အငွေ့ကို အအေးခံကာ ရလာတဲ့ အရည်ပါ။ ဘော့စကိုင်း၊ ဝါး၊ သစ်ကိုင်းခြောက်၊ စပါးခွံတွေကို သုံးလို့ရပါတယ်။ စပါးခွံပေါင်းခံရည်ကလည်း အာနိသင်အတူတူပဲမို့ မိမိဒေသမှာ လွယ်လွယ်ကူကူရတဲ့ ပစ္စည်းကို သုံးလို့ရပါတယ်။ ပေါင်းခံရည်ထုတ်လုပ်ပုံကို နောက်ထပ်ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်။ လွယ်လွယ်မြင်အောင်ပြောရရင် မီးသွေးဖုတ်တာလိုမျိုးပါပဲ။ ဘယ်လိုလုပ်ရသလဲဆိုတာကို ဆောင်ပါးတစ်ခုမှာထပ်မံ ဖော်ပြပေးသွားပါမယ်။
ခုတော့ ဒီပေါင်းခံရည်ရဲ့ အသုံးဝင်ပုံတွေကိုလေ့လာကြည့်ရအောင်ပါ။ သုတေသနပညာရှင်တွေကိုယ်တိုင် ဒီရှာလကာရည်ထဲမှာ ပစ္စည်းအမျိုးအစားပေါင်း ၂၀၀ ကျော်ပါတယ်လို့ စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေ့ရှိချက်တွေကြောင့် သစ်သားပေါင်းခံရည် (သို့) စပါးခွံပေါင်းခံရည်ဟာ စိုက်ပျိုးရေးအတွက် ဘယ်လိုအကျိုးအာနိသင်တွေပါနေကြောင်း အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။
• ပေါင်းခံရည်ကို ရေနဲ့ရောပြီး ရွက်ဖျန်းအနေနဲ့သုံးမယ်ဆိုရင် သီးနှံပင်တွေရဲ့ ရှင်သန်နိုင်မှု(ပျိုးပင်ပေါက်တွေရဲ့ ရှင်သန်နိုင်မှု)နဲ့ သီးနှံရဲ့အရည်အသွေးကို ကောင်းစေပါတယ်။
• အင်းဆက်တွေ အပင်ရောဂါတွေကို နှိမ်နင်းတဲ့အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။
• ပေါင်းခံရည်ကို ပြင်းအားများများနဲ့ မြေကြီးထဲကိုထည့်မယ်ဆိုရင်တော့ မြေအောင်းရောဂါတွေနဲ့ မြေအောင်းပိုးတွေကို တားဆီးနိုင်ပါတယ်။ တစ်နှစ်လျှင် ၂ ကြိမ်သာဖျန်းပေးရမည်။
• ပေါင်းခံရည်ကို ခပ်ပျော့ပျော့လေးဖျော်ပြီး လောင်းမယ်ဆိုရင် မြေကြီးထဲက မြေမှုန်လေးတွေ ပြိုကွဲတဲ့ဖြစ်စဉ်အတွက် ကောင်းမွန်စေပြီး အကျိုးပြုအဏုဇီဝတွေ စားသုံးဖို့အတွက် လွယ်ကူစေပါတယ်။
• အပင်ရဲ့အမြစ်တွေကိုလည်း ကောင်းမွန်စေပါတယ်။
• သဘာဝမြေသြဇာတွေနဲ့ တွဲသုံးတဲ့အခါ အနံဆိုးတာတွေကို သက်သာစေပြီး မြန်မြန်ဆွေးလွယ်ပါတယ်။
• တိရိစ္ဆာန်စာတွေနဲ့ရောကျွေးရင် အသားအရည်အသွေးကို ကောင်းစေပါတယ်။
• အထူးခြားဆုံးကတော့ သစ်သားပေါင်းခံရည်မှာ စွဲကပ်စေတဲ့ ဂုဏ်သတ္တိပါဝင်နေပါတယ်တဲ့။ သဘာဝပိုးသတ်ဆေးများဖြင့် တွဲဖက်အသုံးပြုလို့ရပါတယ်။ (**အယ်ကာလီပိုးသတ်ဆေးများနှင့်ရောအသုံးမပြုသင့်ပါ။**)
ဒါကတော့ အသုံးပြုရမယ့်နှုန်းထားတွေပါ။
• အပင်ငယ်ချိန်(၁၀)ရက်တစ်ကြိမ် ရေ အဆ ၅၀၀
• မြေပြင်ချိန် သီးနှံမစိုက်ပျိုးခင်တစ်ပတ်အလို ရေအဆ ၅၀
• ဖူးပွင့်ချိန်မှ ရင့်မှည့်ချိန်အထိ တစ်ပတ် (၁ ) ကြိမ် ရေ အဆ ၅၀၀
• ပျဖြူ၊ ယင်ဖြူများ ကျရောက်ပါက - ရေ ၄ ဂါလံ + ပေါင်းခံရည်နို့ဆီဗူးတစ်ဝက် + ဆားကြမ်း ထမင်းစားဇွန်း(၂ ) ဇွန်းရောပြီး ပြင်းပြင်းဖြန်းပေးပါ။
• ပျစိမ်း၊ ပျမဲအတွက် - ရေ ၄ ဂါလံ + ပေါင်းခံရည် နို့ဆီဗူးတစ်ဝက် + ဆားကြမ်းထမင်းစားဇွန်း(၄ ) ဇွန်းရောပြီး ပြင်းပြင်းဖြန်းပေးပါ။ အသီးများချိုစေလိုလျှင် ပေါင်းခံရည် (၁ ) ဂါလံတွင် ကြက်ဥခွံအမှုန့် ထမင်းစားဇွန်း (၄ )ဇွန်းထည့်ပြီး တစ်ညစိမ်ကာ ရေအဆ (၃၀၀) ဖြင့်ဖြန်းပေးပါ။
ဓာတုဆေးတွေမှာ စွဲကပ်ပျံနှံ့ဖို့အတွက် ပါဝင်တဲ့ပစ္စည်းတွေက ပြိုကွဲရခက်လို့ ကျွန်မတို့ရဲ့မြေတွေကို မာလာစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လွန်းပါတယ်။ အစားထိုးချင်တယ်ဆိုရင်တော့ ကဲ ...ခုပဲ သစ်သားပေါင်းခံရည်ကို သုံးလိုက်ပါ။
ကိုးကားချက်များ
ကလျာဏမိတ္တ ဖွံဖြိုးရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသော ဂေဟအကျိုးပြုစိုက်ပျိုးရေးနည်းပညာ တောင်သူလက်စွဲစာအုပ်
https://www.meiwa-ind.co.jp/en/products/product-13/
Wood Vinegar and Biochar in Agriculture
How to Improve Crop Quality While Reducing
Dependence on Agricultural Chemicals (From Sadakichi, Kishimoto and Hirowaka Tsuyoshi
Literature
Review-Stephen Joseph
Editing -Helen Gould)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
Yan Naing
လွန်ခဲ့သော ၂ နှစ် ကမီးဖိုခန်းရဲ့အပေါ်ပိုင်က မီးခိုလို့ မဲနေသော ပစ္စည်းတွေက ဘယ်လိုအသုံးပြုလို့ရသလဲဗျ
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကရှုကလစ်ပင်ရဲ့ပေါင်းခံရည်ကေားအသုံးပြုလို့ရလားဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာခင်ဗျခရမ်းချဉ်နဲ့မုန်ညင်းအားဆေးဘယ်ဆေးတွဲသုံးသင့်ပါလည်း ပုံပါဆေးဆိုင်ကညွန်းပေးလို့ပါဝိစာကွန်ဘီလည်းရှိနေပါတယ်ဘယ်လိုတွဲဖြန်းသင့်တယ်ဆိုတာညွန်းပေးပါအုံးဆရာခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
စပါးပင်များကိုရက်များစွာစုထားသောနွားသေးဖြန်းရင်းအာနိသင်ရှိမရှိဖြေပေးပါဆရာ။ဘယ်ဟာကအကောင်းဆုံးလဲဆရာ။
U Win Zaw • ဖြေကြားချက် 2 ခု
ခရမ်းချဥ် သီးတအားမဲတယ်ဗျ ကျောက်မှုန့်ကျွေးကြည့်တယ် ca ပလပ်နှစ်ကြိမ်ရှိပီဗျ ဒါမဲ့မနိုင်လို့ပါ ဘာဆေးထပ်ဖျန်းသင့်လဲ ဘာတွေဆက်လုပ်သင့်လဲ ဗျ
မောင်မျိုးဇင်ကို • ဖြေကြားချက် 6 ခု
ဘယ်ဖြစ်တာလဲဗျဘယ်လို့ကုသရ
မောပ်တိုးတတ် • ဖြေကြားချက် 4 ခု
ဧရာပဒေသာ၁၀၇ရက်သားအနှံထွက်စပြုပါပြီပုလဲသီးသန့်ကျွေးသင့်လားဆာလ်ဖာပုလဲပဲကျွေးသင့်လားခဗျ၁လသားမှာ၁၆ပတ်လည်နဲ့ပုလဲကျွေးထားပါတယ်၄၅ရက်သားမှာ၁၅ပတ်လည်သီးသန့်ကျွေးထားပါတယ်၇၅ရက်သားမှာပုလဲပိုတက်ကျွေးထားပါတယ်၉၃ရက်သားမှာပုလဲပိုတက်ထပ်ကျွေးထားပါတယ်အခုနောက်ဆုံးအပတ်မှာဘာကျွေးသင့်လဲခဗျာ၁ဧကဘယ်နှစ်ပြည်ကျွေးသင့် လဲခဗျ
kyaw zin • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၅)
03/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
စားကျက်မြေ ရှားလာသဖြင့် တနိုင်တပိုင် ဘဲမွေးမြူမှု နည်းလာ
03/11/2026
စိုက်ပျိုးသုတ နိုဝင်ဘာလ
02/11/2026
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
More from သိမ့်ဇာ
အားလုံး