ဥနှုန်းကျဆင်းခြင်းမှာ ဘဲမျိုးရွေးချယ်မှုအပေါ် များစွာမူတည်နေ
ဉနှုန်းကျဆင်းခြင်းမှာ ရွေးချယ်မွေးမြူထားသည့် ဘဲမျိုးအပေါ်၌ များစွာမူတည်နေကြောင်း စီးပွားဖြစ် ဘဲမွေးမြူသူများကပြောသည်။
မျိုးမကောင်းသည့် ဘဲမျိုးဖြစ်ခြင်း၊ ခြံအဆောက်အဦကောင်းကောင်း မရှိခြင်းတို့ကြောင့် ဉနှုန်းကျဆင်းနိုင်ပြီး ဘဲမျိုးမကောင်းပါက ဘဲဥအလေးချိန် ကျဆင်းခြင်း၊ အလုံးမလှခြင်းတို့ကြုံကာ ဈေးကွက်ထိခိုက်နိုင်သည်။
အစာစရိတ်ကတော့ ဘဲမျိုးတိုင်း သိပ်မကွာလှပါဘူး။ ဉနှုန်းကျမကျက ဘဲမျိုးနဲ့သက်ဆိုင်ပါတယ်။ ဒေသဘဲမျိုးတွေက မျိုးဗီဇပျက်နေတော့ ဉနှုန်းတွေလည်း အားနည်းလာပါတယ်။
ဟု မကွေးတိုင်း၊ စလင်းမြို့နယ်မှ စီးပွားဖြစ် ဘဲမွေးမြူသူ ကိုအောင်ကိုဦးက ပြောသည်။
ဘဲဥအလေးချိန် 1 kg ပိုတိုးပါက ဘဲဥပေါက်ဈေး ငွေတစ်ဆယ်ကျပ်ဝန်းကျင် ဈေးပိုရနိုင်ပြီး၊ လက်ရှိတွင် ကာကီဘဲမျိုးက ဘဲဥအလေးချိန် ပိုမိုထွက်ရှိကြောင်း သိရသည်။
ဒါ့ကြောင့် အခုနောက်ပိုင်းမှာ ယိုးဒယားကာကီဘဲမျိုးကို အများဆုံးမွေးနေကြတယ်။ မလေးကာကီဘဲမျိုးကိုလည်း စမွေးနေကြပါပြီ။ ဒေသဘဲမျိုး (ထိုင်ဝမ်ဘဲမျိုး) ကိုလည်း မွေးကြပါတယ်။ ယိုးဒယားကာကီ ဘဲမျိုးက ဘဲဥဆိုဒ် ၂၃ ကီလိုဂရမ် ရှိတဲ့ ဥမျိုးတွေအထိ ဥတတ်ပါတယ်။ ဒေသဘဲမျိုးတွေကတော့ ပုံမှန် ၁၉ ကီလိုဂရမ်၊ ၂၀ ကီလိုဂရမ်၊ ၂၁ ကီလိုဂရမ် အလွန်ဆုံးပါပဲ။ စားသုံးသူဖြစ်ဖြစ်၊ ဈေးဝယ်သူဖြစ်ဖြစ် ဘယ်သူမဆို ဘဲဥဆိုဒ်လှတာ၊ အလုံးကြီးတာ မက်ကြတာချည်းပါဘဲ။ ဘဲဥကြီးကြီးလေးလို့ အမြဲပြောဝယ်ကြတယ်လေ။
ဟု ကိုအောင်ကိုဦး က ဆက်လက်ပြောသည်။
ဈေးကွက်တွင်း ဘဲဥ(တစ်လုံး)လျှင် (၁၈) ကီလိုဂရမ် = ၉၈ ကျပ်၊ (၁၉)ကီလိုဂရမ်=၁၀၃ ကျပ် (၁၉.၅)ကီလိုဂရမ်=၁၀၈ ကျပ်၊ (၂၀)ကီိလိုဂရမ်=၁၁၃ ကျပ်၊ (၂၀.၅)ကီလိုဂရမ်=၁၁၈ ကျပ်၊ (၂၁)ကီလိုဂရမ်=၁၂၃ကျပ်၊ (၂၁.၅)ကီလိုဂရမ်=၁၂၈ ကျပ်၊ (၂၂)ကီလိုဂရမ်=၁၃၅ ကျပ်၊ (၂၂.၅)ကီလိုဂရမ်=၁၄၀ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဝက်ခြံကို အပူလွန်ကဲတဲ့ဒဏ်ကိုကာကွယ်အောင်ဘာတွေကြိုပြင်ဆင်သင့်လည်း
Ko Zar • ဖြေကြားချက် 0 ခု
မဂ်လာပါ ခင်ဗျာ သခွားအသီးလေးတွေဝါပီးကြွေကုန်တယ် ရာသီ ဉတုကြောင့်လာပိုးကြောင့်လာ အစာ များနေလိူ့လာဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
ရည်ပွေပေါက်ပြီးဘယ်နာရီခြားမှာ မွေးမာလဲ။ ဆွေးနွေးပေးပါ..ဆရာတို့
latdan aung • ဖြေကြားချက် 1 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ
Hnin Nu Wai • ဖြေကြားချက် 2 ခု
ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ
KYAW SHANE • ဖြေကြားချက် 7 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022