ဝဥကို ဂျပန်နိုင်ငံမှ လာရောက်ဝယ်ယူနေ

09/12/2019 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ချင်းပြည်နယ်မှထွက်ရှိနေတဲ့ ဝဥကို ပြည်ပနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက လာရောက်ဝယ်ယူနေကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

အခုလက်ရှိမှာ ဂျပန်နိုင်ငံက လာရောက်ဝယ်ယူနေတာဖြစ်ပြီး ပိဿာချိန် ၁၅၀၀၀ လောက်တင်ပို့ထားပြီဖြစ်ကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနားက ပြောပါတယ်။

ဂျပန်နိုင်ငံက ဆင်းပြီးတော့လာပြီးဝယ်ယူနေတာ တစ်လလောက်တော့ရှိနေပါပြီ။ပိဿာချိန် ၁၅၀၀၀ လောက်လည်း တင်ပို့နေပြီ။ နောက်ထပ်လည်း ထပ်မံတင်ပို့နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ အခုလက်ရှိမှာ ဂျပန်အပြင် တရုတ်နိုင်ငံကလည်း လာရောက်ဝယ်ယူနေပါတယ်

ဝဥမှာ တရုတ်နိုင်ငံမှလည်း ဝယ်လိုအားလိုက်လာတာကြောင့် စျေးနှုန်းမှာ ဖွင့်စျေးထက် တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင် မြင့်တက်လာကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

ဝဥကို ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကို အဓိက တင်ပို့ရောင်းချနေတာဖြစ်ကြောင်းလည်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်