ဒေသမျိုးစိုက်ပျိုးသည့် ထောပတ်တောင်သူများ ဈေးကွက်ခိုင်မာမှုရှိသည့် Hass မျိုးကို ပြောင်းလဲစိုက်ပျိုးလာကြ
ဒေသမျိုးကိုသာ အဓိကထားစိုက်ပျိုးခဲ့ကြသည့် ထောပတ်စိုက်တောင်သူများအနေဖြင့် ဈေးကွက်ခိုင်မာကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ထောပတ် Hass မျိုးကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထောပတ်စိုက်ပျိုးသူများထံမှ သိရသည်။
ကျွန်တော်တို့က ထောပတ်ကို ဒေသမျိုးချည်း အပင် ၄၀၀ ကျော် စိုက်ပျိုးထားတာပါ။ ၂၀၁၃ ခုနှစ်က စစိုက်ခဲ့တာ။ ဒါပေမဲ့ အခုနောက်ပိုင်းဈေးကွက်မှာ ဒေသမျိုးနဲ့ Hass မျိုးက ဈေးနှုန်းတအားကွာလို့ မျိုးပြောင်းစိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒေသမျိုးက ဈေးမရလို့ပါ။ ပြီးခဲ့တဲ့နှစ်ကဆို ပွဲရုံမှာသွင်းတာ၊ ဒေသမျိုးအလုံးကြီး/ရှယ် တစ်ပိဿာကိုမှ ၂,၀၀၀ ဝန်းကျင်ပဲရခဲ့တယ်။ ပယ်သီး၊ အသီးညံ့ဆို တစ်ပိဿာကို ၅၀၀ ကနေ ၂၀၀ ကျပ်အတွင်းပဲရတယ်။
ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ နောင်ကားကျေးရွာမှ ထောပတ်စိုက်တောင်သူ ကိုခွန်သိန်းအုပ်က ပြောသည်။
ကိုင်းဆက်မျိုးပြောင်းပြီးနောက် အချိန် (၁) လခွဲဝန်းကျင်အကြာ၌ အပင်မျိုးအသစ် အောင်မြင်နိုင်ပြီး၊ အချိန် (၂) နှစ်ဝန်းကျင်အကြာ၌ အသီးသီးနိုင်ကြောင်း သိရသည်။
ကိုင်းကူးကိုင်းဆက်စနစ်နဲ့ ကိုင်းပြန်ဆက်ပြီး Hass မျိုးကို ကူးပြောင်းနေပါတယ်။ ကိုင်းဆက်ကျွမ်းကျင်တဲ့ မိတ်ဆွေတွေရဲ့အကူအညီနဲ့ပါ။ နည်းစနစ်ကို ကိုယ်တိုင်လည်း နည်းနည်းနားလည်ပါတယ်။ ကျွန်တော်တို့ ကိုင်းဆက်တာ နောက်တောင်ကျသွားပါတယ်။ တကယ်ဆို အပင်သက်တမ်း တစ်နှစ်ကျော်လောက်ဆို ကိုင်းဆက်မျိုးပြောင်းလို့ အဆင်ပြေပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဈေးကွက်အတွင်း ထောပတ်သီးဒေသမျိုး (အရည်အသွေးကောင်း/ရှယ်) တစ်ကီလိုလျှင် ကျပ်(၃,၀၀၀) မှ (၃,၅၀၀)အတွင်း၊ ထောပတ်သီး Hass မျိုး တစ်ကီလိုလျှင် ကျပ်(၇,၀၀၀)မှ (၁၀,၀၀၀)အတွင်း ဈေးနှုန်းရှိနေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုသစ္စာ
လွန်ခဲ့သော ၅ နှစ် ကထောပတ်ပင် ၁ ဧက ကို ဘယ်နှစ်ပင် စိုက်ရပါသလဲခင်ဗျ
အာကာဟိန်း
လွန်ခဲ့သော ၅ နှစ် ကထော့ပတျသီးကိုဘယျ ဒေသမဆိုစိုကျလိုရပါသလား
ဦးအောင်ကြိုင်
လွန်ခဲ့သော ၅ နှစ် ကကော်ဖီပက်စ်မင့် (ခွဲခြမ်းဖြူ) လိုသူများ ဆက်သွယ်ပါ
ဆက်စပ်ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
ဆက်စပ်မေးခွန်းများ
မြေချဉ်ငန် တိုင်းစက် နဲ့ NPK တိုင်းစက် ဘယ်တံဆိပ်လေးတွေကတိတိကျကျ တိုင်းပေးနိုင်လဲခဗျာ ... လမ်းညွှန်ပေးကြပါဦး။ကွမ်းခြံကုန်းမြို့နယ်မှာ ဘယ်နေရာဌာနကို သွားပြီးဓာတ်ခွဲရမှန်း မသိလို့ပါ။ လယ်တွေက ဒီနှစ်တောင် ရောဂါတွေကျနေတာ နောက်နှစ်ပိုဆိုးလာမှာကြောက်လို့ပါ...🙏🙏🙏
မြင့်မြတ် • ဖြေကြားချက် 1 ခု
စပါပင်များကိုရွှေခရုများကိုက်ဖြတ်တက်၍မည်သို့လုပ်ဆောင်ရမ ည်နည်း
U Win Zaw • ဖြေကြားချက် 4 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 2 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
ဆရာ ခရမ်းခေါင်းအတော်များများမှာ ခရမ်းသီးလေးတွေ ပုတ်ပီးအဖြူရောင် လေးတွေ ကပ်နေလို့ဆရာ ဘာဖြစ်တာလဲ
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....