ရေလိုအပ်မှုနည်းသည့် သီးနှံများကို တောင်သူများအနေဖြင့် စိုက်ပျိုးသင့်

26/05/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလတွင် ရာသီဥတုပေါ်မူတည်၍ ရေလိုအပ်မှုနည်းသည့် သီးနှံများ ကို တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နည်းပညာအခက်ခဲရှိပါက စိုက်ပျိုးရေးဦးစီးဌာန သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ မေ ၂၅ ရက်တွင်ပြောသည်။

ဒေါက်တာရဲတင့်ထွန်းက

မိုးအရနည်းရင် တောင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်။ ရေလိုအပ်ချက်နည်းပြီး ဒေသနဲ့ကိုက်ညီပြီး ဈေးကွက်ရှိတဲ့သီးနှံတွေပြောင်းလဲစိုက်ပျိုးသင့်တယ်။ သီးနှံမပြောင်းလဲနိုင်ရင် ရေလိုအပ်ချက်နည်းပြီး ရေငတ်ဒဏ်ခံနိုင်တဲ့ မျိုးကွဲပြောင်းလဲစိုက်ပျိုးတာတွေ၊ ရေအလေအလွင့်များတဲ့ ရေပေးသွင်းမှုစနစ်အစား ရေချွေတာသုံးစွဲနိုင်တဲ့ ရေသွင်းနည်းစနစ်တွေ အသုံးပြုတာမျိုး၊ မြေဖုံးပစ္စည်းတွေ ထည့်သွင်းဆောင်ရွက်တာမျိုး၊ ရေရရှိဖို့ နည်းလမ်းအသစ်တွေရှာဖွေဖော်ထုတ် စီမံတာတွေ လုပ်သင့်တယ်

ဟုပြောသည်။

ရေရရှိမှုအပိုင်းတွင် ဆည်ရေသောက်ဧရိယာများမှ ရေရရှိနိုင်ကြောင်း၊ မိုးကောင်းသည့် နေရာတွေကတော့ ကြိုတင်စဉ်းစား ပြင်ဆင်ထားဖို့လိုအပ်ကြောင်း သိရသည်။ ဒေါက်တာရဲတင့်ထွန်းက

ဈေးကွက် ဝယ်လိုအားရှိမယ့် သက်တမ်းတိုမယ့်မျိုးတွေကို ပြောင်းလဲ စိုက်ပျိုးသင့်တယ်လို့ ယူဆတယ်။ နောက်တစ်ခုက စောစောစိုက်နိုင်ရင် ရေရရှိမှုအခက် အခဲ ဖြေရှင်းပေးနိုင်မယ့်အနေအထားမှာ ရှိတာပေါ့။ မိုးကြိုတင်ခံထားပြီး၊ ကျဲတဲ့အခါအခြောက်ကြဲမလား၊ အစိုကြဲမလား၊ ရေလိုအပ်ချက်နည်းနိုင်တဲ့ နည်းစနစ်တွေနဲ့ စိုက်ပျိုးရင် ထိခိုက်မှုနည်းနိုင်တယ်လို့ ယူဆတယ်။

ဟုပြောသည်။

မိုးကြိုကာလတွင် နွေစပါးလက်ကျန် (မရိတ်သိမ်းရသေးသည့် စပါးများရှိကြောင်း) မိုးကြိုသီးနှံအနေဖြင့် နှမ်း၊ ပဲတီစိမ်းများ စိုက်ပျိုးကြကြောင်း သိရသည်။ နည်းပညာနှင့် ပတ်သက်ပြီး နည်းပညာပေးစင်တာများမှ တောင်သူများကို ပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကာလ တွင် Facebbook နှင့် Viber တို့ မှ ပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် call center ဖုန်း -၀၁-၂၃၉၉၅၅၅ သို့ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကူအညီအကြံဉာဏ်များ တောင်းခံနိုင်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်