စီးပွားဖြစ်ငှက်ပျောစိုက်ခင်းများ အထွက်နှုန်းပန်းတိုင်ပြည့်မီစေရန်အတွက် စနစ်တကျ မြေဩဇာကျွေးမွေးခြင်း

15/12/2020 14:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာနိုင်ငံတွင် ဖီးကြမ်းငှက်ပျော၊ တောင်ပေါ်သီးမွှေး၊ ရွှေနီငှက်ပျော၊ ခွံစိမ်း၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်၊ နံ့သာဖူး စသည့် ငှက်ပျောအမျိုးအစားများစွာကို စိုက်ပျိုးထွက်ရှိနေပြီး ငှက်ပျောသီးနှံသည် ပြည်တွင်းစားသုံးမှုမြင့်မားသည့် သီးနှံအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ စီးပွားဖြစ်ငှက်ပျောစိုက်ခင်းများ အထွက်နှုန်းပန်းတိုင်ပြည့်မီစေရန်အတွက် စနစ်တကျ မြေဩဇာကျွေးမွေးမည်ဆိုပါက - ကနဦးအနေဖြင့် ငှက်ပျောသားတက်အကြောင်းနှင့် မြေပြုပြင်ခြင်းတို့မှ စတင်ပြောပြရမည်ဖြစ်သည်။

    ငှက်ပျောမျိုးပွားရာတွင် သားတက်ဖြင့် မျိုးပွားခြင်း၊ အပင်တစ်သျှူးမျိုးပွားခြင်း စသည့် နည်းလမ်းများဖြင့် မျိုးပွားကြပြီး သားတက်တွင် လှံစို့သားတက်နှင့် ရေစို့သားတက်ဟူ၍ ရှိသည်။ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ စိုက်ပျိုးရန် ရွေးချယ်ထားသော သားတက်၏ အမြစ်များနှင့် အသားပိုများအား ကတုံးတုံးပြီး သားတက်ခေါင်းကို ရွှံ့ရည်တွင် နှစ်စိမ်ပါ။ ထို့နောက် သားတက်တစ်ခုကို ဖျူရာဒန်ဆေးအစေ့ခဲ အနည်းဆုံးပမာဏ ၂၀ ဂရမ်၊ အများဆုံး ၄၀ ဂရမ်နှုန်း ပက်ဖြူးပေးခြင်းဖြင့် မြေတွင်းအောင်းပိုးနှင့် နီမတုတ်ကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

    ထို့နောက် မစိုက်ပျိုးမီ သားတက်ကို (၃) ရက် (၄) ရက်အထိ အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် အပင်ခြေမှ (၂) ပေချန်ပြီး အပင်ကို ပိုတက်ဆီယမ် ပါမင်းဂနိတ် ရောနှောထားသောရေတွင်စိမ်ပြီးမှ စိုက်ပျိုးသင့်သည်။ မိုးဦးမကျခင် မေလဆန်းတွင် စိုက်ပျိုးပါက မိုးရွာချိန် အမြစ်သစ်ထွက်ပြီးဖြစ်သဖြင့် သားတက်မပုပ်တော့ပါ။ 

    ငှက်ပျောစိုက်ပျိုးရန် မြေပြုပြင်သည့်အခါ မစိုက်မီ (၂) လ ကြိုတင်ပြီး စိုက်ကျင်းပြုလုပ်မည့်နေရာပေါ် မြေဆွေးထည့်ထားရပါမည်။ စိုက်ပျိုးချိန်ရောက်ပါက မြေကို ထယ်ရေးညက်ညက်ထွန်ယက်ပြီး စိုက်ကျင်းအတွင်း စပါးခွံမြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေး၊ မြေဆွေး ၁၂ - ၁၈ ပိဿာ၊ တမာကြိတ်ဖတ် ၁၅ ကျပ်သားနှင့် မြေအောင်းပိုး၊ နီမတုတ် နှိမ်နင်းနိုင်ရန်အတွက် carbofuran ၂၀ ဂရမ် (ဟင်းစားဇွန်း ၂ ဇွန်း) တို့ကို အပေါ်ယံမြေသားနှင့်ရော၍ ထည့်သင့်ကြောင်း သိရသည်။

    မြေဩဇာနှုန်းထားများကို အတိအကျပြောပြရမည်ဆိုပါက 

စိုက်ကျင်းတစ်ကျင်းလျှင် -

နွားချေးဆွေး (၁၂) ပိဿာ

ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (ဝ.၅) ကီလိုဂရမ်

တီစူပါ (၇၅) ဂရမ်တို့ကို အပေါ်ယံမြေနှင့်ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ 

ငှက်ပျောပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင် 

ယူရီးယား (၄၃၅) ဂရမ် (၂၆) ကျပ်သား 

တီစူပါ (၂၁၀) ဂရမ် (၁၂) ကျပ်သား

ပိုတက် (၃၂၀) ဂရမ် (၁၉) ကျပ်သားနှုန်း ထည့်သွင်းပေးပါ။ 

ပထမနှစ်အခင်းတွင် ငှက်ပျောတစ်ပင်လျှင်

ယူရီးယား (၁၁၀) ဂရမ် (၆) ကျပ်သားနှုန်း ထည့်သွင်းပေးပါ။ 

ဒုတိယနှစ်တွင် တစ်ပင်လျှင်

ယူရီးယား (၁၁၀) ဂရမ် (၆) ကျပ်သားနှုန်း ထည့်သွင်းပေးပါ။ 

    ယူရီးယားကို (၃၀) ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက်ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅) နှင့် (၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပါ။ ဓာတ်မြေဩဇာထည့်သွင်းခြင်းကို ငှက်ပျောဖူးမထွက်မီ စိုက်ပြီး ၅ လမှ ၆ လအကြာတွင် အပြီးဆောင်ရွက်သင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များထံမှ သိရသည်။

ပန်းတိုင်ထွက်နှုန်းရရှိမှုကို မထိခိုက်စေရန် အခြားသတိပြုရမည့်အချက်များမှာ

    ပေါင်းမြက်ရှင်းလင်းရာတွင် အမြစ်ထိခိုက်မှုမရှိစေရန် ဂရုစိုက်ဆောင်ရွက်ပေးခြင်း၊ မိုးရာသီတွင် ရေစိမ့်ဆင်းမှုကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးခြင်း၊ နွေရာသီနှင့် ဆောင်းရာသီတွင် အပင်များကိုရေပေးသွင်းခြင်း၊ သီးခိုင်ထွက်လာလျှင် အပင်ကို ဝါးဖြင့် ကျားကန်ထောက်ပေးခြင်း၊ နေလောင်ခြင်း ဖုန်တင်ခြင်းမရှိစေရန်နှင့် အသီးအရောင်လှပစေရန် အပြာရောင် ပလတ်စတစ်အိတ်ဖြင့် စွပ်ပေးခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသည့် အရွက်များအပင်အစိတ်အပိုင်းများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ အသီးကြီးထွားရန် ငှက်ပျောဖူး (အဖိုဖူး) အားဖြတ်ပေးခြင်း၊ ဆီးနှင်းကျခြင်း လေပူများပြင်းထန်စွာ တိုက်ခတ်ချိန်တွင် ငှက်ပျောပင်များအား အနာတရမဖြစ်စေရန် လေကာပင်များစိုက်ပျိုးခြင်း စသည့်လုပ်ငန်းစဉ်တို့ကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စီးပွားဖြစ်ငှက်ပျောစိုက်ခင်းများ အထွက်နှုန်းပန်းတိုင်ပြည့်မီစေရန်အတွက် စနစ်တကျ မြေဩဇာကျွေးမွေးခြင်းဆောင်းပါးကို KMSS အဖွဲ့က ကူညီပံ့ပိုးထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်